What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 09 December 2021 11:59

မလေးရှားမှာ "long Covid" လူနာ ၂၀,၀၀၀ ဦးနီးပါး ရှိ


ကိုဗစ် ပျောက်ကင်းပြီးတဲ့နောက်မှာ ရှည်ကြာကိုဗစ် "long Covid" လို့ ခေါ်ဝေါ်တဲ့ ကိုဗစ်လွန် ရောဂါလက္ခဏာစု post-Covid-19 syndrome ခံစားနေရသူများ

မလေးရှားမှာ ၂၀,၀၀၀ ဦးနီးပါး ရှိတယ်လို့ ကျန်းမာရေး ဒုဝန်ကြီး Noor Azmi Ghazali က ပြောကြားခဲ့ပါတယ်။

"ယခုနှစ် နိုဝင်ဘာလအထိ ကျန်းမားရေး ကုသမှုဌာနတွေမှာ နောက်ဆက်တွဲကုသမှု ခံယူဖို့ ရက်ချိန်းတွေ ပေးရတဲ့ ကိုဗစ်လူနာ စုစုပေါင်း ၁၉,၈၉၀ ဦး ရှိပါတယ်" လို့ Dr Noor Azmi က ပြောကြားခဲ့ပါတယ်။

ကိုဗစ်လွန် ရောဂါ လက္ခဏာတွေမှာ အဓိကအားဖြင့် ပြသတဲ့ ရောဂါ လက္ခဏာ ၅ ခု ရှိကြောင်း သူက ပြောကြားပါတယ်။
အားကုန်ပြီး ထိုင်းမှိုင်းခြင်း၊ အချို့ လှုပ်ရှားလုပ်ကိုင်မှုများမှာ အသက်ရှုဖို့ ခက်ခဲခြင်း၊ ချောင်းဆိုးခြင်း၊ အိပ်မပျော်ခြင်း၊ စိုးရိမ်ကြောင့်ကြ ဗာပါရ များနေခြင်း တို့ ဖြစ်ပါတယ်။

long Covid ဖြစ်ပါနေတဲ့သူဟာ ကိုဗစ်မှ ပြန်ကောင်းပြီး ၄ မှ ၁၂ ပတ်အထိ ကိုဗစ်လွန်ရောဂါလက္ခဏာတွေ ပြသနေပါတယ်။ အချို့လူနာများ ကိုဗစ် ပြန်ကောင်းပြီး ၁၂ ပတ်ကြာသည်အထိ ကိုဗစ်လွန်ရောဂ်လက္ခဏာများ ဆက်လက်ပြသပါတယ် လို့ သူက ပြောကြားပါတယ်။

Read times Last modified on Thursday, 09 December 2021 12:02
Rate this item
(0 votes)