What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 30 November 2022 10:34

လေဆိပ် ဆိုက်ရောက်ခရီးသည်များအတွက် ကိုဗစ် ဆေးစစ်ခြင်း ဖြေလျော့

လေဆိပ် ဆိုက်ရောက်ခရီးသည်များအတွက် ကိုဗစ် ဆေးစစ်ခြင်း ဖြေလျော့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များ (Commercial Flights) ဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များအားဖြေလျော့ပေးခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။

 


၁။ ကမ္ဘာ့နိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု အခြေအနေ နှင့် မိမိတို့နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုအခြေအနေများအပေါ်မူတည်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ သတ်မှတ်ချက်များကို ထုတ်ပြန်ခြင်း နှင့် ဖြေလျှော့ပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။

၂။ ထိုသို့ဆောင်ရွက်ရာတွင် လက်ရှိပြည်တွင်းကူးစက်ဖြစ်ပွားမှု ကျဆင်းလျက်ရှိပြီး (၁၄)ရက် ဆက်တိုက် ပိုးတွေ့နှုန်း (၁) ရာခိုင်နှုန်းအောက်ရောက်ရှိနေခြင်း၊ နိုင်ငံတကာပုံမှန်လေကြောင်း ခရီးစဉ် များဖြင့် မြန်မာနိုင်ငံသို့ဝင်ရောက်လာသည့် ခရီးသွားများတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့နှုန်း (၁) ရာခိုင် နှုန်း အောက်တွင်သာရှိနေခြင်းနှင့် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလွှမ်းခြုံမှု မြင့်မားလာခြင်းတို့ကြောင့် နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များ (Commercial Flights) ဖြင့် မြန်မာနိုင်ငံသို့ဝင်ရောက်မည့် ခရီးသွားများအား ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ်ပြသနိုင်သူ (သို့မဟုတ်) ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ပြည့် မထိုးနှံထား သူများအနေဖြင့် မြန်မာနိုင်ငံသို့ ဆိုက်ရောက်သည့် အချိန်မတိုင်မီ အများဆုံး (၄၈) နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း RT-PCR နည်းဖြင့် စစ်ဆေးထုတ်ပေးထားသည့် ဓာတ်ခွဲအဖြေ အထောက်အထား ပြသနိုင်သူများ အား လေယာဉ်ဆိုက်ရောက်ချိန်တွင် ကိုဗစ်-၁၉ ရောဂါ RDT ဖြင့် ဓာတ်ခွဲစစ်ဆေးမှုခံယူရန် သတ်မှတ် ချက်အား (၁-၁၂-၂၀၂၂) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀:၀၁)နာရီမှ စတင်၍ ဖြေလျှော့ပေးသွားမည် ဖြစ်ပါသည်။ အဆိုပါ ပြောင်းလဲဆောင်ရွက်မည့် အစီအစဉ် အသေးစိတ် အား (၃၀-၁၁-၂၀၂၂)ရက်နေ့ တွင် ထုတ်ပြန်မည့် “နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာသတ်မှတ်ချက်များ (၁-၁၂-၂၀၂၂)”တွင် ထုတ်ပြန်သွား မည်ဖြစ်ပါသည်။ 

၃။ သို့ရာတွင် ကယ်ဆယ်ရေးလေယာဉ် ခရီးစဉ်များဖြင့် ဝင်ရောက်လာကြသည့်ခရီးသွားများနှင့်  နယ်စပ်ဝင်ထွက်ဂိတ်များမှတစ်ဆင့် ဝင်ရောက်လာကြသည့် ခရီးသွားများအတွက်မူ (၈-၁၀-၂၀၂၂) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာသတ်မှတ်ချက်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါသည်။

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)