ကျောက်ကပ်ဝေဒနာရှင်တွေအတွက် ကျောက်ကပ်ကို စျေးသက်သက်သာသာနဲ့ ဆေးနိုင်မယ့် ရန်ကုန်မြို့က နေရာ (၁၀) ခုကို လိပ်စာ၊ ဖုန်းနံပါတ်နဲ့တကွ စုစည်း ဖော်ပြပေးလိုက်ပါတယ်။
၁။ ကုတင် (၅၀၀) ဆေးရုံ
ကျောက်ကပ်ဆေးတဲ့ စာအုပ်နဲ့ ကျောက်ကပ်ဆေးဌာနဆီ တစ်ခါထဲ သွားရောက် စာရင်းသွင်းလို့ ရပါတယ်။ တစ်ခါဆေး စက်ခ (၂၀,၀၀၀) ကျပ်ပါ။
လိပ်စာ - မင်းရဲကျော်စွာလမ်း၊ လမ်းမတော်
ဖုန်း - 01 230 1620
၂။ သင်္ကန်းကျွန်း စံပြဆေးရုံ
ပြင်ပလူနာဌာကို လူနာကိုယ်တိုင် လာပြပြီး အပေါ်ထပ်မှာ ကျောက်ကပ်ဆေးဖို့ စာရင်းပေးရမှာ ဖြစ်ပါတယ်။ တစ်ခါဆေး စက်ခ (၁၃,၀၀၀) ကျပ်ပါ။
လိပ်စာ - ဘုရားလမ်း၊ သင်္ဃန်းကျွန်း
ဖုန်း - 01 579 890
၃။ မြင့်မြတ်ဖြူစင်
ဖောင်သွားယူပြီး လျှောက်ရပါတယ်။ ထောက်ခံပေးမယ့် ဘုန်းကြီး (ဒါမှမဟုတ်) သက်ဆိုင်ရာ ဘာသာရေးဆရာ ရဲ့ လက်မှတ်တော့ ပါရပါတယ်။ ဒီမှာက အခမဲ့ပါ။
လိပ်စာ - မဟာဗန္ဓုလလမ်း ( ဗန္ဓုလတံတားအနီး )၊ ဗိုလ်တစ်ထောင်
ဖုန်း - 09 977 37 792
၄။ ဗေသေသဒ ကိုရီးယားဆေးခန်း
စက်အခြေအနေနဲ့ ဘီ၊ စီမေးပြီး လက်ခံပါတယ်။ တစ်ခါသုံး ကျောက်ကပ်တုအပါ တစ်ကြိမ် (၅၇,၀၀၀) ကျပ်ပါ။
လိပ်စာ - ဦးဖိုးလှိုင်လမ်း၊ တံတားဖြူ၊ လှိုင်သာယာ
ဖုန်း - 09 261 538 449 ( ဆရာမ မာမီခိုင် )
Advertisement
၅။ ကန်တော်လေးဆေးရုံ
ကျောက်ကပ်ဆေးခက (၅၀,၀၀၀) ကျပ်ဖြစ်ပြီး ကျောက်ကပ်တုက (၂၅,၀၀၀) ကျပ်ပါ။
လိပ်စာ - ဒေါ်သိန်းတင်လမ်း၊ မင်္ဂလာတောင်ညွန့်
ဖုန်း - 01 3840 42
၆။ မြတ်သီရိ
ဖွင့်တာ သိပ်မကြာသေးတဲ့ ကုသိုလ်ဖြစ်ဆေးခန်း ဖြစ်ပါတယ်။ အခမဲ့ ကျောက်ကပ်ဆေးပေးနေပါတယ်။ လျှောက်လွှာတင်ရပါတယ်။
လိပ်စာ - မဆလာစက်မှတ်တိုင် ( သိမ်ဖြူတင်းနစ်ကွင်းရှေ့ )၊ မင်္ဂလာတောင်ညွန့်
၇။ မူစလင်ကုသိုလ်ဖြစ်ဆေးရုံ
လျောက်လွှာသွားယူပြီး ဖောင်တင်တာ လက်ခံပေးနေပါတယ်။ ကုပေးနေတဲ့ အထူးကုဆရာဝန်ကြီးရဲ့ ထောက်ခံစာ ယူရပါမယ်။ စက်ဖိုးက (၂၅,၀၀၀) ကျပ်ပါ။
လိပ်စာ - ဘားလမ်း၊ ကျောက်တံတား
ဖုန်း - 01 255 967
၈။ မြောက်ဥက္ကလာဆေးရုံ
တစ်ခါဆေးစက်ဖိုး (၁၅,၀၀၀) ကျပ်
လိပ်စာ - ဘားလမ်း၊ ကျောက်တံတား
ဖုန်း - 01 255 967
၉။ ငြိမ်းချမ်းသာ
တစ်ခါဆေးစက်ဖိုး (၅၈,၀၀၀) ကျပ်
လိပ်စာ - (၁၃) ရပ်ကွက်၊ သစ္စာလမ်း၊ ရန်ကင်း
ဖုန်း - 09 408 594 477
၁၀။ မြပါရမီ
တစ်ခါဆေးစက်ဖိုး (၅၈,၀၀၀) ကျပ်
လိပ်စာ - အမှတ် (၁၄)၊ ပါရမီလမ်း၊ လှိုင်
ဖုန်း - 09 793 113 155, 09 793 113 156, 09 963 208 088, 09 408 594 477
ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အာဟာရဓာတ်တွေကို ထိန်းသိမ်းခြင်း နှင့် ခန္ဓာကိုယ်မှ ထွက်ရှိလာတဲ့ အညစ်အကြေးတွေကို ကျောက်ကပ်က တဆင့် စွန့်ထုတ်ပစ်ရပါတယ်။
ကျောက်ကပ်အစားထိုးခြင်း ဆိုတာကတော့ မကောင်းတဲ့ ကျောက်ကပ်ကို တစ်ခြားသူရဲ့ ကောင်းတဲ့ ကျောက်ကပ်နဲ့ အစားထိုး ခွဲစိတ်ခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။
ကျောက်ကပ် က သင့်ရဲ့ ကျန်းမာရေး ထိန်းသိမ်းရာမှာ အရေးပါတဲ့ ကိုယ်တွင်း အင်္ဂ ါအစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။
ကျောက်ကပ် မကောင်းတော့ဘူး ၊ အလုပ်မလုပ်တော့ဘူး ပျက်စီးနေပြီ စတဲ့ သတင်းဆိုး ကြားလိုက်ရတဲ့အချိန် စိတ်မကောင်းဖြစ်ကြမယ့် သူတွေများတတ်ကြပါတယ်။
မိတ်ဆွေများ သိခြင်းကျမယ့် မေးခွန်းတစ်ခုပဲ ဖြစ်ပါတယ်။ Vitamin D နဲ့ ကျောက်ကပ် ဆေးနေရသူများ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။