What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 23 July 2019 17:02

ေက်ာက္ကပ္လွဴမည့္ အလွဴရွင္မ်ား သိထားသင့္ေသာ အခ်က္မ်ား

ေက်ာက္ကပ္ မေကာင္းေတာ့ဘူး ၊ အလုပ္မလုပ္ေတာ့ဘူး ပ်က္စီးေနျပီ စတဲ့ သတင္းဆိုး ၾကားလိုက္ရတဲ့အခိ်န္ စိတ္မေကာင္းျဖစ္ၾကမယ့္ သူေတြမ်ားတတ္ၾကပါတယ္။

တကယ္လို႕ အဲလို ေက်ာက္ကပ္ပ်က္စီးေနတဲ့သူက ကိုယ့္မိဘေတြျဖစ္ေနမယ္ဆုိရင္ ပိုဆိုးတာေပါ့။ ဒါေပမယ့္ အဆိုးခ်ည္းပဲ ေတာ့မဟုတ္ပါဘူး။ မိဘေတြျဖစ္ေနေတာ့ သားသမီးျဖစ္တဲ့ကိုယ္ေတြက ေက်ာက္ကပ္လွဴႏုိင္ဖို႕ အခြင့္အေရးရွိေသးတာေပါ့။ ဒါကလည္း မိဘေက်းဇူးကို ဆပ္ျခင္းတစ္မ်ိဳးပဲေလ။

 

ဒီေတာ့ အျခား အလွဴရွင္ေတြကို မရွာခ်င္ဘူး။ လူရင္းျဖစ္တဲ့ ကိုယ္ကပဲ ေက်ာက္ကပ္လွဴမယ္လို႕ ဆံုးျဖတ္ထားျပီးျပီဆုိရင္ ျပင္ဆင္စရာရွိတာေတြ ဆင္ျခင္သင့္တာေတြက အေရးၾကီးလာပါျပီ။ လွဴမယ္ဆုိျပီး ေက်ာက္ကပ္ထုတ္ေပးလိုက္ရံုနဲ႔ မျပီးေသးဘူးေလ။ ခြဲစိတ္မႈတစ္ခု လုပ္ရမွာဆုိေတာ့ ခုေျပာမယ့္ အခ်က္ေလးေတြ သိထားဖို႕လိုလာျပီေပါ့ ။

 

ေက်ာက္ကပ္လွဴမယ္လို႕ စဥ္းစားထားရင္ ဒါေလးေတြ သိထားဖုိ႕လိုပါတယ္။

အလွဴရွင္ေတြအတြက္ အဓိကကေတာ့ ေက်ာက္ကပ္ေရာဂါတစ္ခါမွ မျဖစ္ဖူးတဲ့သူမ်ိဳး ျဖစ္ရပါမယ္။ ေနာက္ျပီး အခ်ိန္ၾကာလတာနဲ႔ ေက်ာက္ကပ္ကို ထိခိုက္ႏုိ္င္မယ့္ ေရာဂါေဝဒနာ ( ေသြးတုိး၊ ဆီးခ်ိဳ) ခံစားေနရတဲ့သူမ်ိဳး မျဖစ္ဖို႕လည္း အေရးၾကီးပါတယ္။ မိသားစုဝင္ေတြထဲက တစ္ေယာက္ေယာက္ကုိပဲ ျဖစ္ျဖစ္၊ ကိုယ့္သူငယ္ခ်င္းအရင္းၾကီးေတြကိုပဲ ျဖစ္ျဖစ္ ကိုယ္နဲ႔ မသိတဲ့သူတစ္ေယာက္ကို ျဖစ္ျဖစ္ ေက်ာက္ကပ္လွဴေပးလို႕ရပါတယ္။ ကိုယ့္အမည္ကိုထုတ္ေျပာျပီး လွဴႏုိင္သလို အမည္မသိအလွဴရွင္တစ္ေယာက္အေနနဲ႔လည္း ေက်ာက္ကပ္လွဴေပးလို႕ ရပါတယ္။

 

ေလျဖတ္ထားေသာ လူနာမ်ားအတြက္ အိမ္တြင္းေလ့က်င့္ခန္းမ်ား ဖတ္ရႈရန္ ႏွိပ္ပါ။

ေလျဖတ္ထားေသာ လူနာမ်ားအတြက္ အိမ္တြင္းေလ့က်င့္ခန္းမ်ား

 

ကိုယ္လွဴလိုက္တဲ့ ေက်ာက္ကပ္တစ္လံုးနဲ႔ အျခားသူတစ္ေယာက္ရဲ႕ အသက္ရွင္ခြင့္ရတာေလာက္ မြန္ျမတ္တဲ့ အလွဴမရွိပါဘူး။ ေက်ာက္ကပ္တစ္လံုးလွဴလိုက္ျပီးရင္ က်န္ခဲ့တဲ့ ေက်ာက္ကပ္တစ္လံုးက ၂ လံုးစာကို အလုပ္လုပ္ေပးႏုိင္တာျဖစ္လို႕ ကိုယ္ခႏၶာရဲ႕ စြန္႕ထုတ္ျခင္းလုပ္ငန္းစဥ္ေတြ အရမ္းၾကီးထိခိုက္သြားတာမ်ိဳး မရွိပါဘူး။ ခြဲစိတ္မႈရဲ႕ ေနာက္ဆက္တြဲျပႆနာေတြရွိတတ္ေပမယ့္ ျခံဳေျပာရရင္ ေက်ာက္ကပ္တစ္လံုးထုတ္လွဴေပးျခင္းဟာ က်န္းမာေရးကို လံုးဝမထိခိုက္ႏုိင္တဲ့ စိတ္ခ်ရတဲ့အလွဴတစ္ခုပါ။

 

ေနာက္အေရးၾကီးတာတစ္ခ်က္ကေတာ့ အလွဴရွင္နဲ႔ လက္ခံရမယ့္သူ ရဲ႕ ေသြးအမ်ိဳးအစားနဲ႔ တစ္ရွဴး အမ်ိဳးအစားေတြ တူညီဖို႕လိုပါေသးတယ္။ မဟုတ္ရင္ တစ္ရွဴးမတူ၊ ေသြးမတူတာေတြကို ခုခံအားကတုိက္ထုတ္တာေၾကာင့္ အစားထိုးခြဲစိတ္မႈ ေအာင္ျမင္မႈနည္းတတ္ပါတယ္။ ဒါေပမယ့္ ေက်ာက္ကပ္ကလံုးဝ အလုပ္မလုပ္ႏိုင္ေတာ့ဘူး။ ေက်ာက္ကပ္အစားထုိးဖို႕ကလည္း အခ်ိန္နဲ႔ အမွ်အေရးၾကီးေနျပီဆုိရင္ေတာ့ အလွဴရင္နဲ႔ လက္ခံသူႏွစ္ဘက္သေဘာတူရင္ ကိုက္ညီမႈ မရွိလည္း အစားထိုးတဲ့ခြဲစိတ္မႈေတြ လုပ္ေပးေလ့ရွိၾကပါတယ္။ မရွိတာထက္စာရင္ အတုိက္အခံခံျပီးတစ္ခုရွိေနေတာ့လည္း မဆိုးဘူးေပါ့့။

 

ေက်ာက္ကပ္လွဴျပီးရင္ အစားေရွာင္စားဖို႕ မလိုပါဘူး။ ပံုမွန္စားေနက် အာဟာရ ျဖစ္တာေတြ အကုန္စားေပးလို႕ရပါတယ္။

ေက်ာက္ကပ္လွဴတဲ့ ခြဲစိတ္မႈ လုပ္ျပီး တစ္ခ်ိဳ႕ဆုိ ၃ ရက္ေလာက္နဲ႕အိမ္ျပန္လို႔ရေပမယ့္ ေဆးရံုေတြက သတ္မွတ္ထားတဲ့ အလွဴရွင္တစ္ေယာက္ ေဆးရံုမွာေနသင့္တာကေတာ့ ၂ ပတ္ကေန ၈ပတ္ ေလာက္အထိျဖစ္ပါတယ္။ ခြဲစိတ္မႈလုပ္ထားတယ္ဆိုေတာ့ အေလးအပင္ေတြ ၆လေလာက္ မမဖို႕ေတာ့ အေရးၾကီးတာေပါ့။

 

ေနာက္ျပီး ေက်ာက္ကပ္လွဴထားတဲ့ သူတစ္ေယာက္ရဲ႕ သက္တမ္းဟာ အျခားသူေတြထက္တုိသြားမွာလည္း မဟုတ္သလို ေက်ာက္ကပ္တစ္လံုးက်န္ခဲ့တာေၾကာင့္ က်န္ခဲ့တဲ့ ေက်ာက္ကပ္ၾကီးပင္ပန္းျပီး ခဏေလး ပ်က္စီးသြားမွာလည္း မဟုတ္ပါဘူး။ ေက်ာက္ကပ္လွဴျပီးရင္ ကေလးမရႏုိင္ေတာ့ဘူး၊ ကေလးမေမြးႏုိင္ေတာ့ဘူးဆုိတာ လံုးဝ မွားပါတယ္။ ေက်ာက္ကပ္လွဴတဲ့ခြဲစိတ္မႈဟာ မ်ိဳးပြားျခင္းလုပ္ငန္းစဥ္ေတြကို ထိခိုက္ျခင္းမရွိတာေၾကာင့္ လွဴျပီးေနာက္ပိုင္း ေယာက္်ား မိန္းမမေရြး ကေလးရႏုိင္ပါတယ္။

 

အလွဴရွင္ေတြ အေနနဲ႔ ေနာက္ပိုင္း ကံမေကာင္းခဲ့လို႕ တစ္လံုးတည္းက်န္ခဲ့တဲ့ ေက်ာက္ကပ္ေလး ပ်က္စီးသြားတယ္ အစားထိုးဖုိ႕လိုအပ္ခဲ့တယ္ဆုိရင္ေတာ့ UNOS ရဲ႕ ေပၚလစီအရ အျခားသူေတြထက္ အလွဴရွင္ေတြကို ဦးစားေပး အစားထိုးခြဲစိတ္မႈေတြ ျပဳလုပ္ေပးမွာ ျဖစ္ပါတယ္။ ကိုယ္လိုအပ္တဲ့အခ်ိန္ မေစာင့္ရဘဲ ေက်ာက္ကပ္ကအဆင္သင့္ရွိေနမွာ ဆုိေတာ့ ကိုယ့္ေစတနာ ျပန္အက်ိဳးေပးတယ္ပဲ ေျပာရမလား။

 

ဒါေတြကေတာ့ ေက်ာက္ကပ္လွဴ ေတာ့မယ္ဆို စဥ္းစားထားတဲ့သူတုိင္း သိထားသင့္တဲ့ အခ်က္ေလးေတြပါ။ ႏွစ္ခုရွိေနတဲ့အရာကေန တစ္ခု ဖဲ့ေပးလိုက္ရလို႔ က်န္းမာေရးထိခုိက္တတ္တာမ်ိဳးေတြ မရွိတဲ့အျပင္ ကိုယ့္လွဴေပးလိုက္တဲ့ တစ္ခုတည္းေသာ ေက်ာက္ကပ္ေလးနဲ႔ အျခားသူတစ္ေယာက္ ဆက္ျပီး အသက္ရွင္ေနထုိင္ခြင့္ရမယ္ဆိုတဲ့ အလွဴေလာက္ ဝမ္းသာပီတျဖစ္ဖုိ႕ေကာင္းတာ မရွိဘူးေနာ္ ။

 

Hello Health Group

{Unicode}

=====

ကျောက်ကပ်လှူမည့် အလှူရှင်များ သိထားသင့်သော အချက်များ

ကျောက်ကပ် မကောင်းတော့ဘူး ၊ အလုပ်မလုပ်တော့ဘူး ပျက်စီးနေပြီ စတဲ့ သတင်းဆိုး ကြားလိုက်ရတဲ့အချိန် စိတ်မကောင်းဖြစ်ကြမယ့် သူတွေများတတ်ကြပါတယ်။ တကယ်လို့ အဲလို ကျောက်ကပ်ပျက်စီးနေတဲ့သူက ကိုယ့်မိဘတွေဖြစ်နေမယ်ဆိုရင် ပိုဆိုးတာပေါ့။ ဒါပေမယ့် အဆိုးချည်းပဲ တော့မဟုတ်ပါဘူး။ မိဘတွေဖြစ်နေတော့ သားသမီးဖြစ်တဲ့ကိုယ်တွေက ကျောက်ကပ်လှူနိုင်ဖို့ အခွင့်အရေးရှိသေးတာပေါ့။ ဒါကလည်း မိဘကျေးဇူးကို ဆပ်ခြင်းတစ်မျိုးပဲလေ။

ဒီတော့ အခြား အလှူရှင်တွေကို မရှာချင်ဘူး။ လူရင်းဖြစ်တဲ့ ကိုယ်ကပဲ ကျောက်ကပ်လှူမယ်လို့ ဆုံးဖြတ်ထားပြီးပြီဆိုရင် ပြင်ဆင်စရာရှိတာတွေ ဆင်ခြင်သင့်တာတွေက အရေးကြီးလာပါပြီ။ လှူမယ်ဆိုပြီး ကျောက်ကပ်ထုတ်ပေးလိုက်ရုံနဲ့ မပြီးသေးဘူးလေ။ ခွဲစိတ်မှုတစ်ခု လုပ်ရမှာဆိုတော့ ခုပြောမယ့် အချက်လေးတွေ သိထားဖို့လိုလာပြီပေါ့ ။

 

ကျောက်ကပ်လှူမယ်လို့ စဉ်းစားထားရင် ဒါလေးတွေ သိထားဖို့လိုပါတယ်။

အလှူရှင်တွေအတွက် အဓိကကတော့ ကျောက်ကပ်ရောဂါတစ်ခါမှ မဖြစ်ဖူးတဲ့သူမျိုး ဖြစ်ရပါမယ်။ နောက်ပြီး အချိန်ကြာလတာနဲ့ ကျောက်ကပ်ကို ထိခိုက်နိုင်မယ့် ရောဂါဝေဒနာ ( သွေးတိုး၊ ဆီးချို) ခံစားနေရတဲ့သူမျိုး မဖြစ်ဖို့လည်း အရေးကြီးပါတယ်။ မိသားစုဝင်တွေထဲက တစ်ယောက်ယောက်ကိုပဲ ဖြစ်ဖြစ်၊ ကိုယ့်သူငယ်ချင်းအရင်းကြီးတွေကိုပဲ ဖြစ်ဖြစ် ကိုယ်နဲ့ မသိတဲ့သူတစ်ယောက်ကို ဖြစ်ဖြစ် ကျောက်ကပ်လှူပေးလို့ရပါတယ်။ ကိုယ့်အမည်ကိုထုတ်ပြောပြီး လှူနိုင်သလို အမည်မသိအလှူရှင်တစ်ယောက်အနေနဲ့လည်း ကျောက်ကပ်လှူပေးလို့ ရပါတယ်။

 

ကိုယ်လှူလိုက်တဲ့ ကျောက်ကပ်တစ်လုံးနဲ့ အခြားသူတစ်ယောက်ရဲ့ အသက်ရှင်ခွင့်ရတာလောက် မွန်မြတ်တဲ့ အလှူမရှိပါဘူး။ ကျောက်ကပ်တစ်လုံးလှူလိုက်ပြီးရင် ကျန်ခဲ့တဲ့ ကျောက်ကပ်တစ်လုံးက ၂ လုံးစာကို အလုပ်လုပ်ပေးနိုင်တာဖြစ်လို့ ကိုယ်ခန္ဓာရဲ့ စွန့်ထုတ်ခြင်းလုပ်ငန်းစဉ်တွေ အရမ်းကြီးထိခိုက်သွားတာမျိုး မရှိပါဘူး။ ခွဲစိတ်မှုရဲ့ နောက်ဆက်တွဲပြဿနာတွေရှိတတ်ပေမယ့် ခြုံပြောရရင် ကျောက်ကပ်တစ်လုံးထုတ်လှူပေးခြင်းဟာ ကျန်းမာရေးကို လုံးဝမထိခိုက်နိုင်တဲ့ စိတ်ချရတဲ့အလှူတစ်ခုပါ။

 

နောက်အရေးကြီးတာတစ်ချက်ကတော့ အလှူရှင်နဲ့ လက်ခံရမယ့်သူ ရဲ့ သွေးအမျိုးအစားနဲ့ တစ်ရှူး အမျိုးအစားတွေ တူညီဖို့လိုပါသေးတယ်။ မဟုတ်ရင် တစ်ရှူးမတူ၊ သွေးမတူတာတွေကို ခုခံအားကတိုက်ထုတ်တာကြောင့် အစားထိုးခွဲစိတ်မှု အောင်မြင်မှုနည်းတတ်ပါတယ်။ ဒါပေမယ့် ကျောက်ကပ်ကလုံးဝ အလုပ်မလုပ်နိုင်တော့ဘူး။ ကျောက်ကပ်အစားထိုးဖို့ကလည်း အချိန်နဲ့ အမျှအရေးကြီးနေပြီဆိုရင်တော့ အလှူရင်နဲ့ လက်ခံသူနှစ်ဘက်သဘောတူရင် ကိုက်ညီမှု မရှိလည်း အစားထိုးတဲ့ခွဲစိတ်မှုတွေ လုပ်ပေးလေ့ရှိကြပါတယ်။ မရှိတာထက်စာရင် အတိုက်အခံခံပြီးတစ်ခုရှိနေတော့လည်း မဆိုးဘူးပေါ့။

 

ကျောက်ကပ်လှူပြီးရင် အစားရှောင်စားဖို့ မလိုပါဘူး။ ပုံမှန်စားနေကျ အာဟာရ ဖြစ်တာတွေ အကုန်စားပေးလို့ရပါတယ်။

ကျောက်ကပ်လှူတဲ့ ခွဲစိတ်မှု လုပ်ပြီး တစ်ချို့ဆို ၃ ရက်လောက်နဲ့အိမ်ပြန်လို့ရပေမယ့် ဆေးရုံတွေက သတ်မှတ်ထားတဲ့ အလှူရှင်တစ်ယောက် ဆေးရုံမှာနေသင့်တာကတော့ ၂ ပတ်ကနေ ၈ပတ် လောက်အထိဖြစ်ပါတယ်။ ခွဲစိတ်မှုလုပ်ထားတယ်ဆိုတော့ အလေးအပင်တွေ ၆လလောက် မမဖို့တော့ အရေးကြီးတာပေါ့။

 

နောက်ပြီး ကျောက်ကပ်လှူထားတဲ့ သူတစ်ယောက်ရဲ့ သက်တမ်းဟာ အခြားသူတွေထက်တိုသွားမှာလည်း မဟုတ်သလို ကျောက်ကပ်တစ်လုံးကျန်ခဲ့တာကြောင့် ကျန်ခဲ့တဲ့ ကျောက်ကပ်ကြီးပင်ပန်းပြီး ခဏလေး ပျက်စီးသွားမှာလည်း မဟုတ်ပါဘူး။ ကျောက်ကပ်လှူပြီးရင် ကလေးမရနိုင်တော့ဘူး၊ ကလေးမမွေးနိုင်တော့ဘူးဆိုတာ လုံးဝ မှားပါတယ်။ ကျောက်ကပ်လှူတဲ့ခွဲစိတ်မှုဟာ မျိုးပွားခြင်းလုပ်ငန်းစဉ်တွေကို ထိခိုက်ခြင်းမရှိတာကြောင့် လှူပြီးနောက်ပိုင်း ယောက်ျား မိန်းမမရွေး ကလေးရနိုင်ပါတယ်။

 

အလှူရှင်တွေ အနေနဲ့ နောက်ပိုင်း ကံမကောင်းခဲ့လို့ တစ်လုံးတည်းကျန်ခဲ့တဲ့ ကျောက်ကပ်လေး ပျက်စီးသွားတယ် အစားထိုးဖို့လိုအပ်ခဲ့တယ်ဆိုရင်တော့ UNOS ရဲ့ ပေါ်လစီအရ အခြားသူတွေထက် အလှူရှင်တွေကို ဦးစားပေး အစားထိုးခွဲစိတ်မှုတွေ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ကိုယ်လိုအပ်တဲ့အချိန် မစောင့်ရဘဲ ကျောက်ကပ်ကအဆင်သင့်ရှိနေမှာ ဆိုတော့ ကိုယ့်စေတနာ ပြန်အကျိုးပေးတယ်ပဲ ပြောရမလား။

 

ဒါတွေကတော့ ကျောက်ကပ်လှူ တော့မယ်ဆို စဉ်းစားထားတဲ့သူတိုင်း သိထားသင့်တဲ့ အချက်လေးတွေပါ။ နှစ်ခုရှိနေတဲ့အရာကနေ တစ်ခု ဖဲ့ပေးလိုက်ရလို့ ကျန်းမာရေးထိခိုက်တတ်တာမျိုးတွေ မရှိတဲ့အပြင် ကိုယ့်လှူပေးလိုက်တဲ့ တစ်ခုတည်းသော ကျောက်ကပ်လေးနဲ့ အခြားသူတစ်ယောက် ဆက်ပြီး အသက်ရှင်နေထိုင်ခွင့်ရမယ်ဆိုတဲ့ အလှူလောက် ဝမ်းသာပီတဖြစ်ဖို့ကောင်းတာ မရှိဘူးနော် ။

Hello Health Group

Read times Last modified on Thursday, 02 January 2020 09:38
Rate this item
(1 Vote)