What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 18 February 2020 12:49

ကျောက်ကပ်ကျန်းမာရေးအတွက် စားသုံးသင့်သောအစားအစာများ

ကျောက်ကပ်က ခန္ဓာကိုယ်အတွင်း ဆီးလမ်းကြောင်းဆိုင်ရာ ကောင်းမွန်စေရန် အဓိကထားပြီး လုပ်ဆောာင်ပေးရပါတယ် ။

ဆီးလမ်ကြောင်းဆိုင်ရာ ကိစ္စတစ်ခုခု ဖြစ်ပေါ်လာရင် ကျောက်ကပ် ထိခိုက်မှုတစ်ခုခုရှိနိုင်တယ်ဆိုတာ သတိထားရမယ်။ ကျောက်ကပ်ထိခိုက်ရခြင်းကလည်း အစားအသောက်မှားတာကြောင့်လည်း ဖြစ်ပေါ်နိုင်တယ်။ ကျောက်ကပ်ဝေဒနာရှင်များအနေဖြင့် ဘယ်လိုအစားအသောက်များကို စားသုံးသင့်လည်းဆိုဒါ ရွေးချယ်ရန်ခက်ခဲနေလိမ့်မယ် ။ ဒါကြောင့် ကျောက်ကပ်ဝေဒနာရှင်များအနေဖြင့် အစားသုံးရန် အသင့်တော်ဆုံးအစားအစာများကို ဖော်ပြပေးမှာပါ။

 

ကြက်ဥ

ကြက်ဥအနှစ်များတွင် အာဟာရဓာတ်များ ၊ ပရိုတင်းဓာတ်များစွားပါဝင်တဲ့ အပြင် Dialysis ဝေဒနာရှင်များအနေဖြင့် စားသုံရန်အလွန်ကောင်းမွန်တဲ့ အစားအစာတစ်မျိုးလည်းဖြစ်ပါတယ်။

 

ဂေါ်ဖီထုပ်

ဂေါ်ဖီထုပ်ကို လူတိုင်းနီးပါး အစိမ်းသုတ်စားတာ ၊ ကြော်စားတာ ၊ ပြုတ်စား များပြုလုပ်စားသုံးနေတဲ့အပြင် ဈေးနှုန်းကလည်း သင့်တော်တဲ့အခြေအနေမှာ ရှိတဲ့အတွက် လူတိုင်းဝယ်စားသုံးကြပါတယ်။ ဂေါ်ဖီထုပ်က စားသုံးဖို့ကောင်းယုံသာမက ဗီတာမင် ကေ ၊ စီ ၊ အမျှင်ဓာတ် ၊ ဗီတာမင် B 6 ၊ဖောလစ်အက်ဆစ် များပါဝင်သောကြောင့် ကျောက်ကပ်အတွင်းရှိ အဆိပ်အတောက်များကို ထိထိရောက်ရောက်ဖယ် ရှားပေးနိုင်တဲ့အတွက် ကျောက်ကပ်ဝေဒနာရှင်များ စားသုံးခြင်းဖြင့် ကျောက်ကပ်ဖြစ်ပေါ်ခြင်းကို လျော့ချနိုင်ပါတယ်။

 

Dental (သွားနှင့် ခံတွင်း ဆေးခန်းသုံးပစ္စည်း ရောင်းချသော် ဆိုင်ပေါင်း ၄၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Dental

 

ကညွတ်

ကျောက်ကပ်ဝေဒနာရှင်များ ကညွတ်ကိုစားခြင်းဖြင့် ကျောက်ကပ်အတွင်းရှိ အညစ်အကြေးများကို ဆီးကနေတစ်ဆင့်ဖယ်ရှားနိုင်ပါတယ်။ ဒါအပြင် ကညွန်မှာက ဗီတာမင် စီ ၊ ပရိုတင်းဓာတ် ၊ အမျှင်ဓတ် ၊ သတ္တုဓာတ်များစွာပါရှိသောကြောင့် ကျောက်ကပ်ဝေဒနာရှင်များအနေဖြင့် စားသုံးသင့်တဲ့ အစားအစာတစ်ခုလည်းဖြစ်ပါတယ်။

 

ငရုတ်ပွ အနီ

ငရုတ်ပွအနီများတွင် ပိုတက်ဆီယမ် ၊ဗီတာမင် စီ ၊ဘီ6 ၊ အေ ၊ ဖောလစ်အက်ဆစ် ၊အမျှင်ဓာတ်များ ပါရှိသောကြောင့် ကျောက်ကပ်ကို ကျန်းမာစေနိုင်ပါတယ်။ ဒါအပြင် ခံတွင်းပျက်ပြီး စားမကောင်းသူများအနေဖြင့် ငရုတ်ပွအနီစားသုံးနိုင်ပါတယ်။

 

ကက်ကတစ်ငါး

ကက်ကတစ်ငါးမှာ Omega 3 ပါရှိသောကြောင့် ကျောက်ကပ်ရောဂါဖြစ်ပေါ်ခြင်းကိုလျော့ချနိုင်ပါတယ်။ ဒါအပြင် စိတ်ပူလွန်ကဲစိတ် ၊ စိတ်ကျခြင်းရောဂါဖြစ်ပွားခြင်း ကိုလည်းလျော့ချနိုင်ပါတယ်။

Written By Health Products Directory


(Zawgyi)

=====


 


 

ကြက်ဥ


 

ဂေါ်ဖီထုပ်


 



 

ကညွတ်


 

ငရုတ်ပွ အနီ


 

ကက်ကတစ်ငါး



Read times
Rate this item
(0 votes)