What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 18 February 2020 08:52

ကျောက်ကပ်ဝေဒနာရှင်များ စားသုံးသင့်သောအစားအစာများ

ကျောက်ကပ်က ခန္ဓာကိုယ်အတွက် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ 

ကျောက်ကပ်က ခန္ဓာကိုယ်အတွင်းရှိသေးငယ်သော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဆီး ၊ သွေးပေါင်များကို ထိန်းညိုသော ဟော်မုန်းများကို ထုတ်လွတ်ပေးတာ ၊ ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများကို စွန့်ထုတ်ပေးတဲ့ လုပ်ငန်းကို လုပ်ဆောင်ရပါတယ်။

 

ကျောက်ကပ်ပျက်စီးခြင်းက တစ်နေ့တာ စားသုံးနေတဲ့ အစားအစာများနဲ့လည်း များစွာသက်ဆိုင်သောကြောင့် ကျောက်ကပ် ဝေဒနာရှင်များနေဖြင့် ဘယ်လိုအစားအစာများကို စားသင့်လဲ ဆိုတာရွေးချယ်ရ ခက်ခဲနိုင်လိမ့်မယ်။ ဒါကြောင့် ကျောက်ကပ်ဝေဒနာ ရှင်များအနေဖြင့် စားသုံးသောအစားအစာများကို ဖော်ပြပေးမှန်ပါ။

 

ပန်းဂေါ်ဖီ ၊ ဂေါ်ဖီထုပ်

ပန်းဂေါ်ဖိမှာ ဗီတာမင် စီ ၊ ဗီတာမင် ကေ နဲ့ ဗီတာမင် ဘီ တို့ပါဝင်တဲ့အပြင် ၊ အမျှင်ဓာတ်များပါဝင်ခြင်းကြောင့် ရောင်ရမ်းမှုကိုလျော့ချနိုင်တဲ့ indoles ဒြပ်ပေါင်းများပါရှိတဲ့ အတွက်ကျောက်ကပ်ဝေဒနာရှင် များစားသုံးရန်အလွန်ကောင်းမွန်သော ဟင်းတစ်မျိုးဖြစ်ပါတယ်။

 

Nursing Training (သူနာပြု သင်တန်းပေါင်း ၆၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Nursing Training

 

ကြက်သွန်ဖြူ

ကျောက်ကပ်ဝေသနာရှင်များ ကြက်သွန်ဖြူကို စားသုံးပေးခြင်းဖြင့် ကျောက်ကပ်ပျက်စီးခြင်းကို လျော့ချနိုင်ပါတယ်။ ကြက်သွန်ဖြူမှာ ဗီတာမင် စီ ၊ ဗီတာမင် ဘီ နဲ့ မဂ္ဂနီစီယမ်ဓာတ် ပါရှိသောကြောင့် ရောင်ရမ်းမှုကို လျော့ချနိုင်ပါတယ်။

 

မုန်လာဥ နီ ၊ ဝါ

မုန်လာဥ နီ ၊ ဝါများကို အာလူးအစားထိုးအနေဖြင့် စားသုံးပေးခြင်းက ကျောက်ကပ်ရောဂါကို သက်သာစေနိုင်တဲ့ အပြင် မုန်လာဥနီ ၊ ဝါ များတွင် ဗီတာမင် စီ ၊ဘီ ၊ မဂ္ဂနီစီယမ် နဲ ကယ်လ်စီယမ်ဓာတ်များသောကြောင့် ကျောက်ကပ်ဝေဒနာရှင်များအနေဖြင့် စားသုံးပေးသင့်ပါတယ်။

 

နာနတ်သီး၊ လိမ္မော်သီး ၊ ငှက်ပျောသီး

နာနတ်သီး၊ လိမ္မော်သီး ၊ ငှက်ပျောသီး များတွင် ပိုတက်ဆီယမ်ဓာတ်ပါဝင်မှုနည်းတာ ၊ နာနတ်သီးမှာ အမျှင်ဓာတ် ၊ ဗီတာမင် ဘီ ၊ မဂ္ဂနီစီယမ် ဓာတ်များပါဝင်တဲ့အပြင် ရောင်ရမ်းမှုကိုဖြစ်ပေါ်စေနိုင်တဲ့ bromelain - အင်ဇိုင်းတစ်မျိုး ပါဝင်သောကြောင့် ကျောက်ကပ်ရောဂါကို သက်သာစေနိုင်ပါတယ်။

 

စပျစ်သီး

စပျစ်သီးကလည်း ဗီတာမင် စီ ပါဝင်သောကြောင့်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတဲ့အပြင် နှလုံးကျန်းမာရေး ၊ ဆီးချိုသွေးချိုရောဂါ နဲ့ ကျောက်ကပ်ရောဂါကိုပါ သက်သာစေနိုင်ပါတယ်။

Written By Health Products Directory


(Zawgyi)

=====


 


 


 



 



 

ကြက်သွန်ဖြူ


 

မုန်လာဥ နီ ၊ ၀ါ


 



 

စပျစ်သီး



Read times Last modified on Tuesday, 18 February 2020 09:20
Rate this item
(1 Vote)