What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 17 September 2018 13:03

အမြင်အာရုံကောင်းစေဖို့ မျက်လုံးလေ့ကျင့်ခန်း လုပ်ကြမယ်

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းနေစေဖို့အတွက် လေ့ကျင့်ခန်းတွေပြုလုပ်လေ့ရှိကြပါတယ်။

ဒါပေမယ့် သင့်ရဲ့မျက်လုံးကိုလည်း လေ့ကျင့်ခန်းပြုလုပ်လို့ရတယ်ဆိုတာ သိပါသလား။ သင့်မျက်လုံးရဲ့ ကြွက်သားတွေကို တင်းမာစေမှု၊ အာရုံစိုက်မှုပိုမိုကောင်းမွန်စေမှု၊ မျက်လုံးရွေ့လျားမှုပိုမိုကောင်းမွန်စေမှု၊ ဦးနှောက်ရှိ အမြင်အာရုံပင်မဌာနကို လှုံ့ဆော်ပေးနိုင်မှု၊ စတဲ့ကောင်းကျိုးတွေကို မျက်လုံးလေ့ကျင့်ခန်းပြုလုပ်ခြင်းမှ ရရှိနိုင်ပါတယ်။ ဒါ့ကြောင့် မျက်လုံးလေ့ကျင့်ခန်းကို ဘယ်လိုပြုလုပ်ရမလဲဆိုတဲ့ အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

အပိုင်း (၁) မျက်လုံးလေ့ကျင့်ခန်းပြုလုပ်ရန် ပြင်ဆင်မှု

မျက်လုံးလေ့ကျင့်ခန်းမပြုလုပ်ခင်မှာ မျက်စိဆရာဝန်နဲ့အရင်ဆုံးတွေ့ဆုံစစ်ဆေးပြီး သင်ပြုလုပ်မယ့်မျက်လုံးလေ့ကျင့်ခန်းတွေဟာ လက်ရှိသင့်မျက်စိကျန်းမာရေးနဲ့ကိုက်ညီရဲ့လားဆိုတာ ဆွေးနွေးတိုင်ပင်ပါ။

ခုံတစ်ခုံမှာထိုင်ပါ၊ သင့်ရဲ့လက်ဖဝါး ၂ ခုကိုပူနွေးလာတဲ့အထိပွတ်ပေးပါ။ မျက်လုံးမှိတ်ပြီး လက်ဖဝါး ၂ ဖက်နဲ့သင့်မျက်လုံးကို ဖြေးညှင်းစွာပွတ်ပေးပါ။ ဒီလိုပွတ်တဲ့အချိန်မှာ အသက်ရှူမှုကောင်းမွန်စေဖို့အတွက် နှာခေါင်းကိုမအုပ်မိဖို့လိုပါတယ်။ သင့်ရဲ့လက်ချောင်းများကြားမှ အလင်းရောင်မဝင်လာစေဖို့ အထူးဂရုစိုက်ပါ။ အလင်းရောင်ဝင်လာတဲ့အခါ သင့်ရဲ့စိတ်အာရုံထွေပြားသွားနိုင်တာကြောင့်ပါ။ လေကိုပုံမှန်ဖြေးညှင်းစွာရှူပြီး တည်ငြိမ်နေတဲ့ ကန်ရေပြင်၊ ကမ်းခြေ သို့မဟုတ် တောတောင်ရှုခင်းတစ်ခုခုကို မြင်ယောင်နေလိုက်ပါ။ ဒီလိုပြုလုပ်ခြင်းဟာ သင့်မျက်လုံးနဲ့ ဦးနှောက်တို့ရဲ့ လှုံ့ဆော်မှုတွေကို လျော့နည်းစေပြီး စိတ်လက်ပေါ့ပါးစေပါတယ်။

အရင်ဆုံးသင့်လက်ကို စင်ကြယ်စွာဆေးကြောပါ။ အဝတ်စ တစ်ခုကို ရေနွေး (သို့) ရေအေးစွတ်ပြီး သင့်မျက်လုံးပေါ်မှာ အုပ်ပါ။ ပြီးနောက် ဖြေးညှင်းစွာ မျက်လုံးကိုနှိပ်နယ်ပေးပါ။ ဒီနည်းအတိုင်းပဲ မျက်နှာပြင်တစ်ခုလုံးနှင့် မျက်ခွံ တို့ကို နှိပ်နယ်ပေးပါ။ ဒီလိုပြုလုပ်ပေးခြင်းဟာ သင့်မျက်နှာနဲ့ မျက်လုံးတစ်ဝိုက်ကို သွေးလည်ပတ်မှုကောင်းမွန်စေပါတယ်။

အပိုင်း (၂) မျက်လုံးလေ့ကျင့်ခန်းပြုလုပ်ခြင်း

ခုံတစ်လုံးမှာထိုင်ပါ (သို့) နံရံအလွတ်တစ်ခုရှေ့မှာမတ်တတ်ရပ်ပါ။ သင့်လက်မကို သင့်မျက်နှာနဲ့ ၁၀ လက်မအကွာလောက်မှာထောင်ထားပြီး အာရုံစိုက်ကြည့်ပါ။ ပြီးနောက် သင့်ရှေ့ ၁၀ပေ (သို့) ၂၀ပေ အကွာက အရာဝတ္ထုတစ်ခုကို သင့်ခေါင်းကိုငြိမ်ငြိမ်ထားပြီးထပ်မံကြည့်ပါ။ ၁၀-၁၅ စက္ကန့်ခန့်အကြာမှာ သင့်လက်မကို ပြန်လည် အာရုံစိုက်ကြည့်ပါ။ ဒီပုံစံအတိုင်းပဲ ၅ ခါလေ့ကျင့်ပါ။ အခုလိုလေ့ကျင့်ခြင်းဟာ သင့်မျက်စိကြွက်သားတွေကို တင်းမာစေပြီး လက်ရှိအမြင်အာရုံကို ကောင်းမွန်အောင် ထိန်းသိမ်းပေးနိုင်ပါတယ်။

ခုံတစ်လုံးမှာထိုင်ပြီး သင့်လက်ကို မျက်နှာရှေ့ လက်မထောင်လျက်အနေအထားနဲ့ ဆန့်ထုတ်လိုက်ပါ။ သင့်ရဲ့လက်မကို မျက်လုံးနဲ့အာရုံစိုက်ကြည့်ပြီး လက်မကို သင့်မျက်နှာအနားသို့ ၃ လက်မခန့်အကွာထိတိုးလာလိုက်ပါ။ တစ်ဖန် သင့်လက်မကို လက်ဆန့်ထုတ်လိုက်တဲ့အနေအထားအတိုင်းပြန်လည် တိုးသွားလိုက်ပါ။ ဒီလေ့ကျင့်ခန်းကို ပြုလုပ်ပေးခြင်းကြောင့် သင်အဝေးတစ်နေရာက အရာဝတ္ထုတွေကို အာရုံစူးစိုက်ကြည့်တဲ့အခါ မျက်လုံးရဲ့အမြင်အာရုံကောင်းလာစေပါတယ်။

သင်မတ်တတ်ရပ်နေတဲ့နေရာနဲ့ ၁၀ လက်မအကွာလောက်က ကြမ်းပြင်ကို ကြည့်ပြီး မျက်လုံးနဲ့ အင်္ဂလိပ်အက္ခရာ ၈ ပုံသဏ္ဍာန်ရေးဆွဲကြည့်ပါ။ သင့်မျက်လုံးရဲ့ရွေ့လျားမှုစွမ်းအား တိုးပွားလာစေနိုင်ပါတယ်။

သင့်ရဲ့ခေါင်းကိုမရွေ့လျားဘဲနဲ့ မျက်လုံးကိုရှေ့တည့်တည့်ကြည့်ပါ၊ တစ်ဖန် အောက်စိုက်ကြည့်ပါ၊ တစ်ဖန် အပေါ်လှန်ကြည့်ပါ၊ ဒီလိုမျိုးမတူညီတဲ့နေရာတွေကို ရွေ့လျားကြည့်ခြင်းဖြင့်လည်း သင့်မျက်လုံးကို လေ့ကျင့်ခန်းလုပ်လို့ရပါတယ်။

လေ့ကျင့်ခန်းတွေအားလုံးလုပ်ပြီးသွားတိုင်း အဆုံးသတ်အနေနဲ့ အထက်မှာဖော်ပြခဲ့တဲ့ လက်ဖ၀ါး ၂ ခုကိုပွတ်ပြီး မျက်လုံးကိုနှိပ်နယ်ပေးတဲ့လေ့ကျင့်ခန်းလေး ပြုလုပ်ပေးရပါမယ်။ ဒါမှ သင့်မျက်လုံးကို ယခင်ပြုလုပ်ထားတဲ့လေ့ကျင့်ခန်းတွေရဲ့ ညောင်းညာမှုဒဏ်တွေကနေ သက်သာစေမှာပဲဖြစ်ပါတယ်။

Writting by:Nyi Min Khant(Health Products Directory)

Read:အသည်းကင်ဆာ ဖြစ်ပွားနိုင်ချေကို မြင့်မားစေသော အရာတွေက ဘာတွေလဲ

အသည်းကင်ဆာ ဖြစ်ပွားနိုင်ချေကို မြင့်မားစေသော အရာတွေက ဘာတွေလဲ

Read times Last modified on Monday, 17 September 2018 13:09
Rate this item
(1 Vote)