What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 24 September 2018 13:37

အေတြ႔ရမ်ားတတ္တဲ့ ပိုးေလးဖက္နာေရာဂါ

အဆစ္အျမစ္ေတြ နာလို႔ ေလးဘက္နာေရာဂါ မ်ားရွိသလားလို႔ လာေမးတဲ့ လူနာေတြကို ေဆးခန္းကို ခဏခဏ ေရာက္လာတတ္ပါတယ္။ ဒါေၾကာင့္ ဒီေန႔ေတာ့ ဒီ ပိုးေလးဖက္နာ အေၾကာင္းကို နည္းနည္းရွင္းျပေပးခ်င္ပါတယ္။

ပိုးေလးဖက္နာ ဘယ္က စျဖစ္သလဲ

ပိုးေလးဖက္နာ လို႔ ဆိုတဲ့ အတိုင္း ေရာဂါ ျဖစ္ရျခင္းဟာ Group A Streptococcal ဘက္တီးရီးယား ေတြ ကူးစက္ခံရတာက စတင္ပါတယ္။ ဒီေရာဂါပိုးဟာ တိုးတက္ေနျပီျဖစ္တဲ့ ဥေရာပတိုင္းျပည္ေတြ နဲ႔ USA လို ေျမာက္အေမရိက တုိင္းျပည္ေတြမွာ ကူးစက္ခံရတာဟာ မရွိသေလာက္ နည္းေနျပီျဖစ္ျပီး အာရွ ၊ အာဖရိက နဲ႔ ေတာင္အေမရိကတိုက္ တစ္ခ်ိဳ႔ ႏိုင္ငံေတြ မွာေတာ့ ဒီေရာဂါ ျဖစ္ပြားမႈဟာ ရွိေနဆဲပဲ ျဖစ္ပါတယ္။

အသက္ ၅ႏွစ္ ၁၀ႏွစ္ အရြယ္ ကေလးေတြ နဲ့ အပ်ိဳ လူပ်ိဳေပါက္ ဝင္ခါစ အရြယ္ေတြမွာ ဒီဘက္တီးရီးယားပိုး စဝင္တတ္ပါတယ္။ ဒီလို ဝင္တဲ့ အခ်ိန္မွာ လည္ေခ်ာင္းနာတတ္ပါတယ္။ ကိုယ္တြင္းကို ဘက္တီးရီးယားပိုး ဝင္ေရာက္လာတာ ျဖစ္တဲ့ အတြက္ ကိုယ္တြင္းက ခုခံအားစနစ္ဟာ ဘက္တီးရီးယားကို ျပန္လည္ တိုက္ထုတ္ဖို႔ အတြက္ antibody ေတြ ထုတ္ပါတယ္။ ဒီထြက္လာတဲ့ antibody ေတြဟာ ဘက္တီးရီးယား ကိုသာမကပဲ လူ႔ခႏၶာကိုယ္ထဲမွာ ရွိေနတဲ့ ႏွလံုး အဆစ္ နဲ႔ အေရျပားေတြကိုပါ တုိက္ခုိက္မိတဲ့အခါမွာ ထိတဲ့ အဂၤါေပၚလိုက္ျပီး ပိုးေလးဖက္နာ အစရွိတဲ့ ေရာဂါ လကၡဏာမ်ိဳးေတြ ေပၚလာတာပဲ ျဖစ္ပါတယ္။

 

ASO ဆိုတာဘာလဲ

ပိုးေလးဖက္နာရွိတယ္လို႔ ထင္ၾကတဲ့ အခါမွာ ဆရာဝန္ ညႊန္ၾကားလို႔ပဲ ျဖစ္ျဖစ္ ကိုယ့္သေဘာနဲ႔ ကိုယ္ပဲ ျဖစ္ျဖစ္ Antistreptolysin O (ASO) ေတြကို ေဖာက္လာၾကပါတယ္။ ဒါေၾကာင့္ ASO ဆိုတာဟာ ဘာလဲ ဆိုတာကို သိခ်င္ၾကမွာ ျဖစ္သလို သိလည္းသိသင့္တယ္လို႔ ထင္ပါတယ္။ ASO စစ္တယ္ဆိုတာဟာ ကိုယ္တြင္းကို ဘက္တီးရီးယားဝင္သြားတယ္ ဆိုတာ ဟုတ္မဟုတ္ကို သိခ်င္တဲ့ အတြက္ေၾကာင့္ စစ္တာျဖစ္ပါတယ္။ ASO ေတြမ်ားေနတယ္ ဆုိတာဟာ ဒီ ဘက္တီးရီးယားပိုး ကိုယ္တြင္းကို ဝင္သြားတယ္လို႔ပဲ ေယဘုယ် ေကာက္ခ်က္ဆြဲလို႔ ရပါတယ္။

ဒါေပမဲ့ ေစာေစာက ေျပာခဲ့တဲ့ အတိုင္း ပိုးေလးဖက္နာဟာ ပိုးေၾကာင့္ တုိက္ရုိက္မဟုတ္ဘဲ antibody ေတြေၾကာင့္ ျဖစ္တာ ျဖစ္တဲ့ အတြက္ ASO တစ္မ်ိဳးတည္းတက္ျပီး က်န္တဲ့ လကၡဏာေတြ မရွိဘူးဆိုရင္ေတာ့ အဆစ္အျမစ္နာတာဟာ ပိုးေလးဖက္နာေၾကာင့္ ျဖစ္တယ္ ဟုတ္မဟုတ္ဆိုတာကို အတိအက် ေျပာႏိုင္ဖို႔ ခက္ပါလိမ့္မယ္။ ဒါေၾကာင့္ ASO တစ္မ်ိဳးတည္းတက္ျပီး ပိုးေလးဖက္နာမွာ ေတြ႔တတ္တဲ့ က်န္တဲ့ လကၡဏာေတြ မရွိဘူးဆိုရင္ အဆစ္ကိုက္ခဲတာဟာ တျခားေရာဂါေတြေၾကာင့္လည္း ျဖစ္ႏိုင္ေသးတဲ့ အတြက္ တျခားေရာဂါေတြကိုပါ လုိက္ရွာရေလ့ ရွိပါတယ္။

 

ပိုးေလးဖက္နာလို႔ ဘယ္အခါမွာ သတ္မွတ္သလဲ

ပိုးေလးဖက္နာကို ျဖစ္ေစတဲ့ antibody ဟာ အဆစ္ေတြကိုသာမက ႏွလံုးနဲ႔ အေရျပားေတြကိုပါ တိုက္ခိုက္ပါတယ္။ ဒါေၾကာင့္ ASO တက္တာ အျပင္ တျခားလကၡဏာေတြ ျဖစ္တဲ့ ႏွလံုးေရာင္လို႔ ရင္ဘတ္ေအာင့္တာ၊ အေရျပားမွာ အကြက္ျဖစ္တာ အစရွိတာေတြပါ ရွိတယ္ဆိုရင္ ပိုးေလးဖက္နာ ျဖစ္ဖို႔ ပိုေသခ်ာလာပါတယ္။ ဖ်ားတာဟာလည္း ကိုယ္တြင္းမွာ ေရာင္ရမ္းမႈေတြ လက္ရွိျဖစ္ေနတာကို ျပသႏိုင္တဲ့အတြက္ ဖ်ားေနတယ္ဆိုရင္ ပိုးေလးဖက္နာ ျဖစ္ႏိုင္ေခ် ပိုမ်ားပါတယ္။ ECG ဆြဲၾကည့္တဲ့ အခါ နွလံုးခုန္မမွန္တာေတြ ေတြ႔ရတာ ၊ ေသြးစစ္ၾကည့္တဲ့ အခါ ေသြးျဖဴဥေတြ မ်ားေနတာ ESR CRP ေတြမ်ားေနတာဟာ ပိုးေလးဖက္နာ ပိုျဖစ္ႏိုင္တယ္ ဆိုတာကို ျပေပးပါတယ္။

 

ေသခ်ာျပီ ဆိုရင္ ဘယ္လို ကုသမလဲ

Penicillin ေသာက္ေဆး သို႔ ထိုးေဆးေပးတတ္ပါတယ္။ ဒီေနရာမွာလည္း Antibody ေၾကာင့္ ျဖစ္တာကို ဘာေၾကာင့္ ပိုးသတ္ေဆး ေပးတာလဲ လုိ႔ ေမးစရာရွိႏိုင္ပါတယ္။ ကိုယ္တြင္းမွာ ပိုးေတြရွိေနေသးတဲ့အခါမွာ ဒီ ဘက္တီးရီးယားေတြကို တိုက္ထုတ္ဖို႔ အတြက္ Antibody ဆက္မ်ားေနပါလိမ့္မယ္။ ဒါေၾကာင့္ Antibody ေတြကို ေလ်ာ့ခ်ေပးဖို႔ အတြက္ ကိုယ္တြင္းမွာ ရွိေနတဲ့ ဘက္တီးရီးယားပိုးကို ရွင္းရပါမယ္။ ပိုးသတ္ေဆးကို ဒီရည္ရြယ္ခ်က္နဲ႔ ေပးပါတယ္။

source:Dr. ေမႊး (ondr.co)

Read:သင့္မ်က္စိကုိ စစ္ေဆးသင့္ၿပီလားဆုိတာသိႏုိင္မယ့္ လကၡဏာ (၈) ခ်က္

သင့္မ်က္စိကုိ စစ္ေဆးသင့္ၿပီလားဆုိတာသိႏုိင္မယ့္ လကၡဏာ (၈) ခ်က္

{Uniocde}

=======

အတွေ့ရများတတ်တဲ့ ပိုးလေးဖက်နာရောဂါ


အဆစ်အမြစ်တွေ နာလို့ လေးဘက်နာရောဂါ များရှိသလားလို့ လာမေးတဲ့ လူနာတွေကို ဆေးခန်းကို ခဏခဏ ရောက်လာတတ်ပါတယ်။ ဒါကြောင့် ဒီနေ့တော့ ဒီ ပိုးလေးဖက်နာ အကြောင်းကို နည်းနည်းရှင်းပြပေးချင်ပါတယ်။

ပိုးလေးဖက်နာ ဘယ်က စဖြစ်သလဲ

ပိုးလေးဖက်နာ လို့ ဆိုတဲ့ အတိုင်း ရောဂါ ဖြစ်ရခြင်းဟာ Group A Streptococcal ဘက်တီးရီးယား တွေ ကူးစက်ခံရတာက စတင်ပါတယ်။ ဒီရောဂါပိုးဟာ တိုးတက်နေပြီဖြစ်တဲ့ ဥရောပတိုင်းပြည်တွေ နဲ့ USA လို မြောက်အမေရိက တိုင်းပြည်တွေမှာ ကူးစက်ခံရတာဟာ မရှိသလောက် နည်းနေပြီဖြစ်ပြီး အာရှ ၊ အာဖရိက နဲ့ တောင်အမေရိကတိုက် တစ်ချို့ နိုင်ငံတွေ မှာတော့ ဒီရောဂါ ဖြစ်ပွားမှုဟာ ရှိနေဆဲပဲ ဖြစ်ပါတယ်။

အသက် ၅နှစ် ၁၀နှစ် အရွယ် ကလေးတွေ နဲ့ အပျို လူပျိုပေါက် ဝင်ခါစ အရွယ်တွေမှာ ဒီဘက်တီးရီးယားပိုး စဝင်တတ်ပါတယ်။ ဒီလို ဝင်တဲ့ အချိန်မှာ လည်ချောင်းနာတတ်ပါတယ်။ ကိုယ်တွင်းကို ဘက်တီးရီးယားပိုး ဝင်ရောက်လာတာ ဖြစ်တဲ့ အတွက် ကိုယ်တွင်းက ခုခံအားစနစ်ဟာ ဘက်တီးရီးယားကို ပြန်လည် တိုက်ထုတ်ဖို့ အတွက် antibody တွေ ထုတ်ပါတယ်။ ဒီထွက်လာတဲ့ antibody တွေဟာ ဘက်တီးရီးယား ကိုသာမကပဲ လူ့ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ နှလုံး အဆစ် နဲ့ အရေပြားတွေကိုပါ တိုက်ခိုက်မိတဲ့အခါမှာ ထိတဲ့ အင်္ဂါပေါ်လိုက်ပြီး ပိုးလေးဖက်နာ အစရှိတဲ့ ရောဂါ လက္ခဏာမျိုးတွေ ပေါ်လာတာပဲ ဖြစ်ပါတယ်။

 

ASO ဆိုတာဘာလဲ

ပိုးလေးဖက်နာရှိတယ်လို့ ထင်ကြတဲ့ အခါမှာ ဆရာဝန် ညွှန်ကြားလို့ပဲ ဖြစ်ဖြစ် ကိုယ့်သဘောနဲ့ ကိုယ်ပဲ ဖြစ်ဖြစ် Antistreptolysin O (ASO) တွေကို ဖောက်လာကြပါတယ်။ ဒါကြောင့် ASO ဆိုတာဟာ ဘာလဲ ဆိုတာကို သိချင်ကြမှာ ဖြစ်သလို သိလည်းသိသင့်တယ်လို့ ထင်ပါတယ်။ ASO စစ်တယ်ဆိုတာဟာ ကိုယ်တွင်းကို ဘက်တီးရီးယားဝင်သွားတယ် ဆိုတာ ဟုတ်မဟုတ်ကို သိချင်တဲ့ အတွက်ကြောင့် စစ်တာဖြစ်ပါတယ်။ ASO တွေများနေတယ် ဆိုတာဟာ ဒီ ဘက်တီးရီးယားပိုး ကိုယ်တွင်းကို ဝင်သွားတယ်လို့ပဲ ယေဘုယျ ကောက်ချက်ဆွဲလို့ ရပါတယ်။

ဒါပေမဲ့ စောစောက ပြောခဲ့တဲ့ အတိုင်း ပိုးလေးဖက်နာဟာ ပိုးကြောင့် တိုက်ရိုက်မဟုတ်ဘဲ antibody တွေကြောင့် ဖြစ်တာ ဖြစ်တဲ့ အတွက် ASO တစ်မျိုးတည်းတက်ပြီး ကျန်တဲ့ လက္ခဏာတွေ မရှိဘူးဆိုရင်တော့ အဆစ်အမြစ်နာတာဟာ ပိုးလေးဖက်နာကြောင့် ဖြစ်တယ် ဟုတ်မဟုတ်ဆိုတာကို အတိအကျ ပြောနိုင်ဖို့ ခက်ပါလိမ့်မယ်။ ဒါကြောင့် ASO တစ်မျိုးတည်းတက်ပြီး ပိုးလေးဖက်နာမှာ တွေ့တတ်တဲ့ ကျန်တဲ့ လက္ခဏာတွေ မရှိဘူးဆိုရင် အဆစ်ကိုက်ခဲတာဟာ တခြားရောဂါတွေကြောင့်လည်း ဖြစ်နိုင်သေးတဲ့ အတွက် တခြားရောဂါတွေကိုပါ လိုက်ရှာရလေ့ ရှိပါတယ်။

 

ပိုးလေးဖက်နာလို့ ဘယ်အခါမှာ သတ်မှတ်သလဲ

ပိုးလေးဖက်နာကို ဖြစ်စေတဲ့ antibody ဟာ အဆစ်တွေကိုသာမက နှလုံးနဲ့ အရေပြားတွေကိုပါ တိုက်ခိုက်ပါတယ်။ ဒါကြောင့် ASO တက်တာ အပြင် တခြားလက္ခဏာတွေ ဖြစ်တဲ့ နှလုံးရောင်လို့ ရင်ဘတ်အောင့်တာ၊ အရေပြားမှာ အကွက်ဖြစ်တာ အစရှိတာတွေပါ ရှိတယ်ဆိုရင် ပိုးလေးဖက်နာ ဖြစ်ဖို့ ပိုသေချာလာပါတယ်။ ဖျားတာဟာလည်း ကိုယ်တွင်းမှာ ရောင်ရမ်းမှုတွေ လက်ရှိဖြစ်နေတာကို ပြသနိုင်တဲ့အတွက် ဖျားနေတယ်ဆိုရင် ပိုးလေးဖက်နာ ဖြစ်နိုင်ချေ ပိုများပါတယ်။ ECG ဆွဲကြည့်တဲ့ အခါ နှလုံးခုန်မမှန်တာတွေ တွေ့ရတာ ၊ သွေးစစ်ကြည့်တဲ့ အခါ သွေးဖြူဥတွေ များနေတာ ESR CRP တွေများနေတာဟာ ပိုးလေးဖက်နာ ပိုဖြစ်နိုင်တယ် ဆိုတာကို ပြပေးပါတယ်။

 

သေချာပြီ ဆိုရင် ဘယ်လို ကုသမလဲ

Penicillin သောက်ဆေး သို့ ထိုးဆေးပေးတတ်ပါတယ်။ ဒီနေရာမှာလည်း Antibody ကြောင့် ဖြစ်တာကို ဘာကြောင့် ပိုးသတ်ဆေး ပေးတာလဲ လို့ မေးစရာရှိနိုင်ပါတယ်။ ကိုယ်တွင်းမှာ ပိုးတွေရှိနေသေးတဲ့အခါမှာ ဒီ ဘက်တီးရီးယားတွေကို တိုက်ထုတ်ဖို့ အတွက် Antibody ဆက်များနေပါလိမ့်မယ်။ ဒါကြောင့် Antibody တွေကို လျော့ချပေးဖို့ အတွက် ကိုယ်တွင်းမှာ ရှိနေတဲ့ ဘက်တီးရီးယားပိုးကို ရှင်းရပါမယ်။ ပိုးသတ်ဆေးကို ဒီရည်ရွယ်ချက်နဲ့ ပေးပါတယ်။

Read times Last modified on Friday, 27 December 2019 18:21
Rate this item
(3 votes)