What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 28 September 2018 11:18

အဆီပိုတွေလောင်ကျွမ်းစေနိုင်တဲ့ သောက်သင့်သောဖျော်ရည်များ

ကျွန်တော်တို့နေ့စဉ် ဝယ်ယူသောက်သုံးမိနေတဲ့ ဖျော်ရည်တွေထက်

အိမ်တွင်းမှာပဲကိုယ်တိုင်ပြုလုပ်နိုင်တဲ့ဖျော်ရည်တွေဟာ ကျန်းမာရေးနဲ့ညီညွတ်ပြီး ပိန်သွယ်ဖို့ အားအင်ဖြစ်စေဖို့ကူညီပေးနိုင်ပါတယ်။ အဓိကအရေးကြီးတာကတော့ ပိန်သွယ်ပြီး ကျန်းမာချင်တဲ့သူတွေဟာ သကြားလျော့ပြီး ဆိုဒါ ဖျော်ရည်တွေအစား ကျန်းမာရေးနဲ့ညီတဲ့အသီးအရွက်တွေကို ပိုမိုစားသုံးသင့်တာဖြစ်ပါတယ်။

သခွားသီးဖျော်ရည်

သခွားသီးဖျော်ရည်ကို ညအိပ်ရာမဝင်ခင် တစ်လကြာစွဲသောက်သုံးနိုင်ပါတယ်။ ဝိတ်ကျဖို့ရလဒ်သိသာစေချင်ရင်တော့ တစ်လသောက်ပြီးနောက် တစ်ပတ်နားပြီးထပ်သောက်နိုင်ပါတယ်။ 

ပြုလုပ်နည်း

သခွားသီး ၁လုံး ၊ သံပယိုသီး ၁လုံး ၊ ဂျင်းတစ်ဇွန်းစာ ၊ လျှားစောင်းလက်ပတ် တစ်ဇွန်းစာ ၊ ရေတစ်ခွက် တို့ကိုရောစပ်ပြီး အသီးဖျော်စက်ထဲထည့်ကာ ပြုလုပ်နိုင်ပါတယ်။

ပျား၊ သံပုရာဖျော်ရည်

သံပယိုသီး (သို့)လိမ္မော်ရည်တို့ကို ညစ်ထည့်ပါ။ ထို့နောက်ပျားရည်ထည့်ပေါင်းထည့်ပြီး အတူရောမွေပါ။ ပင်စိမ်းအရွက်ထပ်ထည့်ခြင်း၊ ဂျင်းစိတ်အနည်းငယ်ထည့်သောက်ခြင်းဟာလဲ ပိုကောင်းမွန်တဲ့အကျိုးရလဒ်ကိုရရှိစေနိုင်ပါတယ်။

အင်အားဖြည့်သံပယိုရည်

သံပယိုသီးလေးလုံးစာကိုအရည်ညစ်ပြီး ရေ နှင့် ပင်စိမ်းရွက်အနည်းငယ်ထည့်ပေါင်းသောက်သုံးနိုင်ပါတယ်။ သံပယိုသီးဟာ ဗီတာမင်စီပါဝင်ပြီး အန်တီအောက်စိဒန့်တွေဟာ ဆဲလ်တွေပျက်စီးခြင်းမှကာကွယ်ပေးပါတယ်။ ဗီတာမင်စီဟာ သွေးဖိအားကိုလျော့ကျစေပြီး အထူးသဖြင့် ဝဖြိုးသူတွေရဲ့ သွေးဖိအားမြင့်မားမှုကို လျော့ကျစေတာဖြစ်ပါတယ်။ ဒါ့အပြင် သံပယိုသီးမှာ တွေ့ရသော ဗီတာမင်စီဟာအသားအရေပေါ်မှ အရေးအကြောင်းတွေကိုလဲ လျော့ချပေးပါတယ်။

နာနတ်သီးဖျော်ရည်

နာနတ်သီးဟာ ကိုယ်တွင်းအဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်တာကြောင့် ဝိတ်ချရာမှာအသုံးပြုကြပါတယ်။ နာနတ်သီးအရည်နှင့်သံပယိုရည်တို့ကိုရောစပ်ပြီး ပင်စိမ်းရွက်ထည့်သောက်သုံးနိုင်ပါတယ်။ ဒါ့အပြင် နာနတ်သီး ဟာ ရောဂါခုခံစွမ်း၊ အစာခြေဖျက်နိုင်စွမ်းနဲ့ ခွဲစိတ်ထားသော ဒဏ်ရာများကို အကျက်မြန်စေဖို့ ကူညီပေးနိုင်ပါတယ်။

Source:mingalarbarmorning

Read: မျက်မှန်နှင့် မျက်ကပ်မှန်တို့ရဲ့ ကောင်းကျိုးဆိုးကျိုးများ

မျက်မှန်နှင့် မျက်ကပ်မှန်တို့ရဲ့ ကောင်းကျိုးဆိုးကျိုးများ

Read times
Rate this item
(0 votes)