What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 04 June 2018 16:53

အစားစာပြီးချိန် မပြုလုပ်သင့်တဲ့ အမူအကျင့်များ

နေ့စဉ်အလုပ်ကိစ္စ ၊ လူမှုကိစ္စတွေနဲ့ ရှုပ်ယှက်ဆတ်နေတဲ့ အခုခေတ်ချိန်အခါမှာ အစာစားချိန် ကိုတော်င အချိန်လုနေရပါတယ်။
အစာစားပြီးတိုင်းပြုလုပ်လေ့ရှိတဲ့ တချို့သော အမူအကျင့်တွေဟာ ရေရှည်မှာ မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာတွေကို

ဖြစ်ပေါ်စေနိုင်တာကြောင့် အစာစားပြီးချိန် လုံးဝ မပြုလုပ်သင့်တဲ့ အပြုအမူတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အစာစားပြီးချင်း လက်ဖက်ခြောက် ခပ်ထားတဲ့ ရေနွေးကြမ်း သောက်တာဟာ အစာကြေစေတယ်လို့ လူအများစုက ထင်မှတ်ထားကြပါတယ်။

Related image
တကယ်တော့ ဒါဟာ လွဲမှားနေတဲ့ အယူအဆ တစ်ခုပဲ ဖြစ်ပြီး ဆေးပညာရှင်တွေကတော့ အစာမစားခင် တစ်နာရီ အလိုနဲ့ စားပြီး တနာရီအတွင်း ရေနွေးကြမ်း မသောက်သင့်ဘူးလို့ ဆိုပါတယ်။
အစာစားပြီးချင်း ရေနွေးသောက်သုံးခြင်းဟာ စားသုံးလိုက်တဲ့ အစာအစားတွေထဲက သံဓာတ် စုပ်ယူမှုကို အနှောက်ယှက် ဖြစ်စေတာကြောင့် မသောက်သုံးသင်ပါဘူး။
(၂) အစာစားပြီးချိန် သစ်သီးစားသုံးဖြင်းဟာ ကယ်လိုရီတွေကို ပိုမိုမြင့်တက်လာစေတာကြောင့် ကိုယ်အလေးချိန် တိုးလာစေနိုင်ပါတယ်။

Related image
အစာစားပြီးမှ သစ်သီး စားတဲ့ အလေ့အကျင့်ထက် အစာမစားခင် သစ်သီးစားတဲ့ အကျင့်ကို ပြုလုပ်ထားသင့်ပါတယ်။
(၃)အစာစားပြီးချိန် ရေခဲရေ သောက်ခြင်းဟာ ချွဲသလိပ်တွေကို ဖြစ်ပေါ်စေနိုင်ပြီး စားသုံးလိုက်တဲ့ အစားအစာ တွေဆီက အဆီတွေကို စုလာစေတာကြောင့် ခန္ဓာကိုယ်မှာ အဆီတွေ စုပုံလာစေနိုင်ပါတယ်။

Related image
(၄)အစာစားပြီးချိန် ရေချိုးခြင်းဟာ ခန္ဓာကိုယ် တွင်းက သွေးလှည့်ပတ် စီးဆင်မှု ကို ကမောက်ကမ ဖြစ်စေပြီး အစာအိမ်ရဲ့ အစာခြေဖျက်မှု စနစ်ကို နှောင့်နှေးစေတာကြောင့် အစာမကြေတာနဲ့ ရေရှည်မှာ အစာအိမ် အားနည်းတာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

Related image
(၅) အစာစားပြီးချင်း လမ်းလျှောက်ခြင်းဟာ အစာမကြေခြင်းကို ဖြစ်စေနိုင်သလို ဗိုက်အောင့် ၊ ဗိုက်နာ ခြင်းကို ဖြစ်ပေါ်စေနိုင်တာကြောင့် အစာစားပြီး မိနစ် ၃ဝ ခန့် အကြာမှ လမ်လျောက်ခြင်းကို ပြုလုပ်သင့်ပါတယ်။

Related image

 

source:"irrawaddy"

 

Read: ခန္တာကိုယ်ပေါ်က အသားပိုတွေ ဖယ်ရှားနည်း

ခန္တာကိုယ်ပေါ်က အသားပိုတွေ ဖယ်ရှားနည်း

Read times Last modified on Monday, 04 June 2018 17:30
Rate this item
(0 votes)