What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 28 September 2018 16:33

နှလုံးရောဂါ ဖြစ်နိုင်ခြေ များစေတဲ့ အစားအစာ ၇ မျိုး

နှလုံးကျန်းမာရေး ပြဿနာ တခုခုဖြစ်တဲ့အခါ ဆရာဝန်တွေ မေးလေ့ ရှိတာက ဘယ်လို အစားအစာမျိုးတွေကို အများဆုံး စားလေ့ရှိလဲဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။

နှလုံးကျန်းမာရေးဟာ စားသောက်တဲ့ အစားအစာနဲ့ ဆက်နွယ်နေတာကြောင့် နှလုံးရောဂါ ဖြစ်နိုင်ခြေများစေတဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) အသီးဖျော်ရည်

Image result for အသီးဖျော်ရည်
အသီးဖျော်ရည်တွေဟာ နှလုံးရောဂါ ဖြစ်နိုင်ခြေများစေတယ် ဆိုတာကြောင့် အံသြမသွားပါနဲ့ဦး။ အသီးစစ်စစ်တွေကို ဖျော်ရည်အဖြစ် ပြုလုပ်သောက်သုံးတာဟာ ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေပေမယ့် အသီးဖျော်ရည်လို့ တံဆိပ်ကပ်ထားတဲ့ အသီးဖျော်ရည် ပုလင်းတွေကတော့ နှလုံးရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။
(၂) ဆိုဒါ

Related image
ဆိုဒါအချိုရည်တွေမှာ သကြားဓာတ်မြင့်မားစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်း ကိုလက်စထရောတွေကို မြင့်တက်စေပြီး အဝလွန်ခြင်း အပါအဝင် နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

(၃) ပီဇာ

Image result for ပီဇာ
ဒါကတော့ ပီဇာချစ်သူတွေ သတိထားရမယ့် အချက်တခုပဲ ဖြစ်ပါတယ်။ ပီဇာမှာ ပြည့်ဝဆီ ပါဝင်မှုနှုန်း များပြားတာကြောင့် နှလုံးကျန်းမာရေးအတွက် ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေလည်း များလှပါတယ်။

(၄) တရုတ်ဟင်းလျာများ

Image result for တရုတ်ဟင်းလျာများ
တရုတ်ဟင်းလျာအများစုဟာ ဆီရွှဲရွဲနဲ့ အချိုဓာတ်ကဲတဲ့ အစားအစာတွေ ဖြစ်တာကြောင့် ကိုလက်စထရော level ကို မြင့်တက်စေပြီး နှလုံးအဆီဖုံးခြင်း အပါအဝင် နှလုံးကျန်းမာရေးနဲ့ပတ်သက်တဲ့ ရောဂါတွေကို ဖြစ်နိုင်ခြေ များစေပါတယ်။

(၅) အသင့်စားအစားအစာများ

အသင့်စား အစားအစာတွေကတော့ ကျန်းမာရေးကို ဘယ်လိုမှ အထောက်အကူ မပြုနိုင်ဘူး ဆိုတာဟာ သံသယဖြစ်ဖို့ မလိုပါဘူး။ အသင့်စား အစားအစာတွေမှာ ဆိုဒီယမ်နဲ့ အဆီဓာတ်တွေ များစွာ ပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို ဆိုးရွားစေပါတယ်။

(၆) မာဂျရင်း (Margarine)

Image result for မာဂျရင်း (Margarine)
မာဂျရင်းဟာ အဆီပါဝင်မှုများတဲ့ အစားအစာတခု jဖစ်တာကြောင့် နှလုံးရောဂါဖြစ်ပွားနေသူတွေ အတွက်တော့ အထူးတလည် ရှောင်ကြဉ်သင့်တဲ့ အစားအစာတခုဖြစ်ပြီး နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကိုလည်း မြင့်တက်စေနိုင်တဲ့ အစားအစာတမျိုး ဖြစ်ပါတယ်။

(၇) Sasuage

Related image
အသားဆားနယ်ခြောက်တွေနဲ့ ကြက်အူချောင်း၊ ဝက်အူချောင်းတို့လို sasuage တွေမှာ ဆိုဒီယမ်ဓာတ် အလွန်အကျွံ ပါဝင်ပြီး တာရှည်ခံအောင် ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်ထားတာကြောင့် နှလုံးရောဂါ ဖြစ်နိုင်ခြေများ စေပါတယ်။
Source:burma.irrawaddy.com

Read: (၆) ကြိမ်မြောက် မြန်မာ့ ဆေးဝါးဆိုင်ရာ ကုန်စည်ပြပွဲကြီး

(၆) ကြိမ်မြောက် မြန်မာ့ ဆေးဝါးဆိုင်ရာ ကုန်စည်ပြပွဲကြီး

 

Read times Last modified on Friday, 28 September 2018 17:30
Rate this item
(0 votes)