ခေါင်းကိုက်ရခြင်း အကြောင်းအရင်းများစွာရှိသလို ကုသနိုင်သော နည်းလမ်းများလည်း အများအပြားရှိပါတယ်။ သို့သော် မကြာခဏခေါင်းကိုက်တတ်သူအဖို့တော့ ဆေးဝါးကုသမှုခံယူရုံဖြင့် ပျောက်ကင်းမသွားနိုင်ပါဘူး။ မိမိနေထိုင်စားသောက်မှုပုံစံများကိုလည်း ပြောင်းလဲသင့်ပါတယ်။
၁. ရေဓာတ်လျော့နည်းနေသလား။
လူတစ်ယောက်မှာ ရေဓာတ်ခမ်းခြောက်မှုကြောင့် ခေါင်းကိုက်တတ်ပါတယ်။ ထို့ကြောင့် တစ်နေ့လျှင် ရေ (၉) ဖန်ခွက် သောက်သုံးပေးဖို့ လိုအပ်ပါတယ်။ ရေဓာတ်က ပင်ပန်းနွမ်းနယ်မှုကို ဖြေလျော့ပေးစေနိုင်တဲ့အပြင် ခေါင်းကိုက်ခြင်းကိုလည်း သက်သာစေနိုင်တဲ့ ဆေးကောင်းတစ်လက်ပဲဖြစ်ပါတယ်။
၂. အာဟာရ မျှတမှုရှိပါစေ။
ခေါင်းကိုက်တာဟာ အာဟာရချို့တဲ့ခြင်းရဲ့ လက္ခဏာပါ။ ထို့ကြောင့် သင်နေ့စဉ်စားသုံးနေတဲ့ အစားအစာများက အာဟာရ မျှတမှုရှိနေဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ဝိတ်လျှော့နေသူအဖို့ မကြာခဏခေါင်းကိုက်တတ်လျှင် အစားအသောက်ရှောင်တာကို ရပ်လိုက်သင့်ပါတယ်။
၃. အစပ်စားပါ။
ငရုတ်သီးက ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်ပါတယ်။ ငရုတ်သီးမှာ ပါဝင်တဲ့ Capsaicin က ဦးနှောက်စွမ်းဆောင်မှု စနစ်ကို မှန်ကန်စေနိုင်တာကြောင့် စိတ်ဖိစီးမှုများကို ဖယ်ရှားပေးနိုင်တာကြောင့် ခေါင်းကိုက်ခြင်းကို မဖြစ်ပေါ်စေတော့ပါဘူး။
Source: shweinnlay