အများအားလူတွေက ကိုက်ခဲလာပြီးဆိုတာနဲ့ အကိုက်အခဲပျောက်ဆေးတွေကို သောက်သုံးလေ့ရှိကြပါတယ်။
တခါတရံ မှာ ကိုယ်လိုချင်တဲ့ အကိုက်ခဲပျောက်ဆေး မရတဲ့ တခြား အကိုက်အခဲ ပျောက်ဆေးကို သောက်သုံးလေ့ရှိကြပါတယ်။ ဒီလောက် အကိုက်ခဲ ပျောက်ဆေးတွေကို များလာတဲ့ အခါမှာ ဘယ်အကိုက်ခဲ ပျောက်ဆေးက ဘာလိုနေရာတွေမှာ အသုံးပြုရမလဲ ဆိုတာလေးကို တင်ပြပေးခြင်းပါတယ်။ အခုတင်ပြပေးမယ့် အကိုက်ခဲ ပျောက်ဆေးကတော့ ဒေါ်ဖီနယ်လ် ဆိုတဲ့ အကိုက်ခဲ ပျောက် (ဝါ) ရောင်ရမ်းကျဆေး ပဲ ဖြစ်ပါတယ်။
ဒီအကိုက်ခဲ ပျောက်ဆေးဟာဆိုရင် အသက် ၁၄ နှစ်အောက်လူငယ်များ အသုံးမပြုသင့်တဲ့ အကိုက်ခဲပျောက်ဆေး တစ်ခုလည်း ဖြစ်ပါတယ်။ ဒါပြင် ဒေါ်ဖီနယ်လ် အကိုက်ခဲပျောက်ဆေးကို အဖျားပျောက်ဆေးတွေနဲ့ တွဲသောက်လို့ မရပါဘူး။ ဒါပြင် တွဲသောက်မိမယ် ဆိုရင် ပြင်းထန်းတဲ့ ဓာတ်မတည့်ခြင်းတွေကို ခံစားရတက်ပါတယ်။

ပျားကိုက်ခံရခြင်း ဒါမှမဟုတ် တစ်စုံတစ်ခုကြောင့် အရေပြာတွင် နီကြင်ကြင် ဖြစ်နေတဲ့ အခါတွေမှာ ဒေါ်ဖီနယ်လ် ဆေးကိုလုံးဝ သောက်သုံးလို့ မရပါဘူး။
စိတ်ခြောက်ခြားခြင်း ၊ မျက်နှာတွင် ဖူးရောင်ကိုင်းခြင်း ၊ မျက်နှာ အမ်းခြင်း ၊ တစ်စုံတစခုကြောင့် အရေပြာတွင် နီမြန်းနေခြင်း ၊ ပန်းနာ (သလိပ်သံနှင့် ခက်ခက်ခဲခဲ အသက်ရူရခြင်း) ၊ မိတ်ထွက်ခြင်း ၊ အင်ပျဉ်များထွက်ခြင်း ၊ မီးလောင်ဖု ၊ ရည်ကြည်ဖုများ စတဲ့ လက္ခဏာ ဖြစ်နေတဲ့ အချိန်တွေမှာ ဒေါ်ဖီနယ်လ် ဆေးကို အသုံးပြုခြင်း ရှောင်ကျဉ်ရပါမယ်။
အကယ်၍ အသုံးပြုမိခဲ့မယ်ဆိုရင် ပြင်းထန်းတဲ့ ဓာတ်မတည့်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။
ဒေါ်ဖီနယ်လ် ဆေးကို ဓမ္မတာလာစဉ် ကိုက်ခဲနာကျင်တတ်သူများ၊ ကလေးမွေးဖွားပြီး နာကျင်ကိုက်ခဲ တတ်သူများ၊ သွားကိုက်သွားနာခြင်းများ ၊ ကြွက်သားများ နာကျင်ခြင်း ၊ ခေါင်းကိုက်ခြင်းများ ၊ ကင်ဆာကြောင့် နာကျင်ကိုက်ခဲခြင်းများ ၊ နောက်ကျောကိုက်ခဲခြင်း စတဲ့ ရောဂါလက္ခဏာတွေမှာ အသုံးပြုလို့ရပါတယ်။
အဆိုပါ ဒေါ်ဖီနယ်လ် ဆေးကို သောက်သုံးမယ်ဆိုရင် တစ်ခါသောက် ဆေး(၁)တောင့် တစ်နေ့ (၃) ကြိမ် (သို့မဟုတ်) ဆရာဝန်ညွှန်ကြား ချက်အတိုင်း သောက်ဖို့လဲ လိုပါတယ်။ ဆေးပါဝင်စ္စည်းနှင့် ဓာတ်မတည့်သူများ၊ အစာအိမ်ရောင်၍ အနာရှိသူများ၊ ကျောက်ကပ်နှင့် အသည်းမကောင်းသူများ၊ အစာစားပြီးမှ ဆေးသောက်ပေးဖို့လဲ လိုအပ်ပါတယ်။ အဆိုပါ ဒေါ်ဖီနယ်လ် ဆေးကို သောက်သုံးနေချိန်မှာ ဓာတ်မတည့်ခြင်း လက္ခဏာတွေကတော့ ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ ဝမ်းပျက်ခြင်း စတာတွေဖြစ်တက်ပါတယ်။
ဒေါ်ဖီနယ်လ်ဆေးကို သောက်သုံးတော့မယ်ဆိုရင်လဲ ဆရာဝန်များနှင့် တိုင်ပင်ပြီး သောက်သုံးပေးဖို့လဲ လိုအပ်ပါတယ်။
Writing By: Health Products Directory