What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 01 November 2018 10:20

ဆေးဝါးအတုတွေရဲ့ပါဝင်ပစ္စည်းတွေ တရုတ်ကဝင်တာလို့ ထိုင်ဝမ်ပြော

ထိုင်ဝမ်အတွင်း လတ်တလော မကောင်းသတင်းထွက်ပေါ်နေတဲ့ ဆေးဝါးအတုကိစ္စမှာ ဆေးအတွင်း ကုန်ကြမ်းပစ္စည်းတွေဟာ တရုတ်ပြည်မကြီးကနေ ဝင်တာတွေဖြစ်တယ်လို့ ထိုင်ဝမ်ကျန်းမာရေးနဲ့လူမှုဖူလုံရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဆးအတုအဖြစ် လက်ရှိဖမ်းဆီးရမိထားတဲ့ အဆီကျဆေးတွေမှာ သုံးထားတဲ့ ပါဝင်ပစ္စည်းတွေ တင်သွင်းတဲ့ ကုမ္ပဏီအမည်ကို ပြောပြဖို့ လွှတ်တော်ရဲ့ လူမှုဖူလုံရေးနဲ့ပတ်ဝန်းကျင်ကျန်းမာရေးကော်မတီ အစည်းအဝေးမှာ ကျန်းမာရေးဝန်ကြီး ချန်ရှင်းချွန်း ကို မေးမြန်းခဲ့ကြပါတယ်။

ကုမ္ပဏီရဲ့အမည်ကိုပြောဖို့ ချန်က တွန့်ဆုတ်နေခဲ့ပြီး ပါဝင်ပစ္စည်းတွေကိုရရှိခဲ့တဲ့ အရင်းအမြစ်က တရုတ်ပြည်မကြီး ဖြစ်နေတာကြောင့် အမည်တပ်ပြောလို့မရနိုင်ဘူးလို့ ဆက်ပြောပါတယ်။ သည်အရင်းအမြစ်က ထိုင်ဝမ်မှာရှိတဲ့တခြားကုမ္ပဏီတွေကိုရော ဆေးဝါးအတုထုတ်လုပ်ဖို့ ကုန်ကြမ်းတွေ ဖြန့်ချိခဲ့ သေးလားဆိုတာကိုလည်း ဒီမိုကရက်တစ်ပရိုဂရက်ဆစ်ပါတီ လွှတ်တော်အမတ် လျူချန်ကောင်း က မေးပါတယ်။ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတစ်စိတ်တစ်ပိုင်းအဖြစ်နဲ့ တရုတ်ကို သွားရောက်ကြဖို့ စဉ်းစားနေတယ်လို့ပဲ ဝန်ကြီးက ဖြေခဲ့ပါတယ်။

ဆေးဝါးအတုတွေရဲ့ကုန်ကြမ်းပစ္စည်းတွေက တရုတ်ကလာတာဆိုတဲ့ကိစ္စကို အစိုးရရှေ့နေတွေက အတည်လည်း မပြု၊ ငြင်းလည်းမငြင်းခဲ့ဘဲ ၎င်းတို့အနေနဲ့ တခြားဆေးဝါအတုထုတ်လုပ်သူတွေကို စုံစမ်းဖော်ထုတ်ပြီး သည်ဆေး တွေ ဈေးကွက်ထဲရောက်ရှိနေပြီလားဆိုတာ တည်နေရာစုံစမ်းဖို့ လုပ်ဆောင်နေတယ်လို့ပဲ ပြောခဲ့ပါတယ်။ ခုချိန်ထိတော့ အစားအစာနှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA) က Crestor ဆေးရဲ့ ကုန်ထုတ်လုပ်မှုနံပါတ် MK479နဲ့ MV503 ဆေးဝါးအတုနှစ်မျိုးကို ဖော်ထုတ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။

Crestor ဆေးအတုတွေ ဈေးကွက်ထဲဘယ်လောက်ဝင်ရောက်နေပြီလဲ FDA က အတိအကျမသိနိုင်သေးတာ ကြောင့် သည်ဆေးရဲ့ထုတ်လုပ်သူဖြစ်တဲ့ ဆေးကုမ္ပဏီကြီး AstraZeneca က အင်္ဂါနေ့မှာ FDA နဲ့ပူးပေါင်းကာ Crestor ဆေးဝါးအားလုံးကို ပြန်လည်သိမ်းယူဖို့ကြေညာခဲ့ပါတယ်။

MV503 Crestor ဆေးအတုတွေ ထုတ်လုပ်ရောင်းချခဲ့တဲ့ ထိုင်ဝမ်လူမျိုးနှစ်ဦးကို တနင်္လာနေ့မှာ ဖမ်းချုပ်ပြီး MK479 ဆေးအတုကိစ္စမှာ ပါဝင်ပတ်သက်မှုရှိမရှိ စစ်ဆေးမေးမြန်းနေတယ်လို့ သိရပါတယ်။

Crestor ဆေးသုံးစွဲနေရသူ လူနာတွေဟာ ကိုယ့်မှာရှိတဲ့ဆေးက အတုဖြစ်ဖြစ်၊ အစစ်ဖြစ်ဖြစ် AstraZeneca Taiwan နဲ့ လုပ်ငန်းပူးပေါင်းထားတဲ့ နီးစပ်ရာဆေးဆိုင်တွေ၊ ဆေးရုံတွေမှာ Crestor ဆေးအသစ်တွေနဲ့ လဲလှယ်နိုင်ပါတယ်လို့ ကုမ္ပဏီက အွန်လိုင်းမှာကြေညာခဲ့ပါတယ်။

ဆေးအသစ်တွေမှာ ဆေးဝါးအတုတိုက်ဖျက်ရေးအမှတ်တံဆိပ်တွေပါသလို ၎င်းတို့ကို AstraZeneca Taiwan ရဲ့ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းပါတနာက ဆေးဆိုင်တွေ၊ဆေးရုံတွေဆီကို ဖြန့်ချိတာဖြစ်ပါတယ်။

Source:kumudranews

ဝမ်းဗိုက်ဗလာကျင်းနဲ့ မစားသောက်သင့်တဲ့အရာများ

ဝမ်းဗိုက်ဗလာကျင်းနဲ့ မစားသောက်သင့်တဲ့အရာများ

Read times Last modified on Thursday, 01 November 2018 10:28
Rate this item
(1 Vote)