What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 06 November 2018 16:08

အောက်သွေးတိုးစေတဲ့ အစားအစာများ

၁. ဆိုဒီယမ်ဓာတ်မြင့်မားစွာ ပါဝင်သော အစားအစာများ

ဆိုဒီယမ်မြင့်မားစွာ ပါဝင်သော အစားအစာများ (အငန်ဓာတ်လွန်ကဲစွာ ပါဝင်နေသောအစားအစာ) များကို စားသုံးခြင်းဟာ သွေးပေါင်ချိန်ကို မြင့်တက်စေပြီး လေဖြတ်ခြင်း၊ နှလုံးရောဂါဖြစ်ပွားခြင်း၊ ကျောက်ကပ် ဆိုင်ရာ ရောဂါများ ဖြစ်ပွားခြင်းတို့နှင့် ဆက်စပ်နေပါတယ်။ ဒါ့ကြောင့် တနေ့လျှင် ဆိုဒီယမ် 1500mg ထက်ပိုမစားသင့်ပါဘူး။

၂. ဆိုဒါအချိုရည် အမျိုးမျိုး

လန်ဒန်မှသိပ္ပံပညာရှင်များ၏ လေ့လာချက်များအရ အချိုရည်များ သောက်သုံးခြင်းဟာ အပေါ်သွေး (SBP) နှင့် အောက်သွေးလို့ခေါ်တဲ့ (DBP) နှင့် မျိုးလုံးကို မြင့်တက်စေတယ်ဆိုတာတွေ့ရပါတယ်။ ဒါ့အပြင် ဖရက်တို့စ်၊ သကြားဓာတ်နှင့် ဂလူးကိုစ် သကြားဓာတ်ပါဝင်သော အစားအစာများကြောင့်လည်း သွေးတိုးရောဂါဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရေဆာနေချိန်တွင် အချိုရည်သောက်သုံးခြင်းကိုတတ်နိုင်သမျှရှောင်ရှားပါ။

၃. ပြည့်ဝဆီ

သူကတော့ ကျန်းမာရေးအတွက်လုံးဝ မကောင်းပါဘူး။ လေ့လာမှုများအရ ပြည့်ဝဆီပါဝင်သော အသားစားသူတွေဟာ ငါးစားသုံးသူတွေထက် သွေးပေါင်ချိန်မြင့်မားနေတာကိုတွေ့ရပါတယ်။ ဒါကြောင့် ငယ်ရွယ်စဉ်ကလေးဘ၀နှင့် ဆယ်ကျော်သက်အရွယ်မှာ သွေးတိုးရောဂါမဖြစ်အောင် မွေးကင်းစကလေးအရွယ်မှစ၍ အသက် 15 နှစ်ထိ ပြည့်ဝ ဆီစားသုံးခြင်းကို ရှောင်ကျဉ်သင့်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။

၎. အသင့်စားအစားအစာများ

အသင့်စား အစားအစာတွေမှာ ဆိုဒီယမ်၊ သကြားနှင့် ပြည့်ဝဆီတွေ ပါဝင်တာကြောင့် အောက်သွေးလို့ခေါ်တဲ့ (Diastolic Blood pressre) ကိုတက်စေပါတယ်။ ဟင်းသီးဟင်းရွက်များဖြင့်ပြုလုပ်ထားတဲ့ အသင့်စားအစားအစာတွေမှာတောင် သွေးပေါင်ချိန်တက်စေသောပစ္စည်းတွေ ပါဝင်နေပါတယ်။ ဒါကြောင့် အသင့်စားအစားအစာများ စားသုံးခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်ပါ။

Source:drmyanmar

Read:လျစ်လျူမရှုသင့်သော ရောဂါ လက္ခဏာ ၆ မျိုး

လျစ်လျူမရှုသင့်သော ရောဂါ လက္ခဏာ ၆ မျိုး

Read times Last modified on Tuesday, 06 November 2018 16:16
Rate this item
(1 Vote)