What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 08 May 2019 11:21

အပိုလိုဆေးရုံမှ အသည်း၊ကျောက်ကပ်၊ နှလုံးရောဂါ များနှင့် ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ ဆွေးနွေးပွဲ

အသည်း၊ကျောက်ကပ်၊ နှလုံးရောဂါ တွေက ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။

မိမိရဲ့ ခန္ဓာကိုယ်မှာ တစ်စုံတစ်ခု ပြောင်းလဲလာတာ ၊ ဒါမှမဟုတ် ဝေဒနာ တစ်ခုခုကို ခံစားနေရပြီဆိုရင် ဘာမှမဖြစ်လောက်ပါဘူးဆိုတဲ့ အတွေးကြောင့် မထင်မှတ်တဲ့ ရောဂါတွေကို ခံစားသွားရတဲ့သူတွေလည်း ရှိပါတယ်။

 

ဒါကြောင့် အသည်း၊ကျောက်ကပ်၊ နှလုံးရောဂါနဲ့ ပတ်သက်ပြီး တစ်ချို့သော လက္ခဏာတွေက ပေါ့ဆလို့ ရနိုင်ပေမယ့် မပေါ့ဆသင့်တဲ့ လက္ခဏာတွေလည်း ရှိတယ်ဆိုတာကို သိရှိအောင် ဝါရင့် အတွေ့အကြုံဆရာကြီးများက တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အသည်း၊ကျောက်ကပ်၊ နှလုံးရောဂါ လူနာရှင်များအတွက် သတင်းကောင်းဆိုလဲ မမှားနိုင်ပါဘူး။ ApolloHospital { အပိုလိုဆေးရုံ (နယူးဒေလီ) } ၏ အသည်း၊ ကျောက်ကပ်၊ နှလုံးခွဲစိတ် အထူးကု ဆရာဝန်ကြီးများက ပါဝင်တွေ့ဆုံ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

 

နာတာရှည် အသည်းရောဂါ ခံစားနေရသူများ၊ အသည်းတွင် အကျိတ်တွေ့ရှိသူများ၊ အသည်းကင်ဆာ ဝေဒနာရှင်များအတွက် အသည်းအထူးကု ခွဲစိတ် ဆရာဝန်ကြီး Dr. Neerav Goyal { MBBS,DNB(Surgery),DNB(G.I.Surgery) Senior Consultant in Gastrointestinal, Hepatobiliary Pancreatic Surgery and Liver Transplantation Surgery } မှ လည်းကောင်း ၊

 

နာတာရှည် ကျောက်ကပ်ရောဂါ ခံစားနေရသူများ၊ လက်ရှိ ကျောက်ကပ်ဆေးနေရသူများ၊ ကျောက်ကပ်ရောဂါ ဝေဒနာရှင်များအတွက် ကျေက်ကပ်အထူးကု ခွဲစိတ် ဆရာဝန်ကြီး Dr (Prof). Sandeep Guleria M.B., B.S.; M.S. ( Gen. Surgery),F.R.C.S. (Glasgow)
F.R.C.S. (England) } မှ လည်းကောင်း ၊

 

နှလုံး အဆို့ရှင် ထည့်ရန် စီစဉ်နေသူများ၊ Pacemaker စက်ထည့်ရန် လိုအပ်နေသူများ၊ နှလုံးအစားထိုးရန် လိုအပ်နေသူများ နှင့် နှလုံးရောဂါ ဝေဒနာရှင်များအတွက် နှလုံးနှင့်သွေးကြောရောဂါ အထူးကူ ခွဲစိတ် ဆရာဝန်ကြီး DR. MUKESH GOEL { Senior Consultant : Cardio Thoracic & Vascular Surgery ၊ Qualification:MBBS, MS, MCh, MAMC } မှ လည်းကောင်း အစရှိသည့် ဝါရင့် အထူးကု ဆရာဝန်ကြီးများမှ တိုင်ပင်ဆွေးနွေးသွားမှာဖြစ်ပါတယ်။

 

နေ့ရက် ။ ။ ၁၀.၅.၂၀၁၉ (သေကြာနေ့) ၊ နံနက် ၁၁း၀၀ နာရီ မှ နေ့လည် ၄း၀၀ အထိ ။

နေရာ။ ။ Grand United Hotel, Ahlone Branch ၊ အမှတ် ၃၅၊ ဗဟိုလမ်း၊ ( ဗဟို အမျိုးသမီး ဆေးရုံရှေ့)၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။

ဆက်သွယ်ရန် ။ ။ ApolloHospital မြန်မာပြည် ကိုယ်စားလှယ်ရုံး (09 730 43351, 09 95 730 4351)

 

ရန်ကုန်တိုင်းအတွင်းရှိ  >>> ပုဂ္ဂလိက ဆေးရုံးများ  <<<ကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Read times Last modified on Wednesday, 08 May 2019 11:44
Rate this item
(1 Vote)