What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 13 November 2018 14:17

ကျန်းမာရေးဝန်ထမ်းများအတွက် Mobile Tablet အလုံးတစ်ထောင်ကျော်ပေးအပ်

ကျန်းမာရေးဝန်ထမ်းများအတွက် Mobile Tablet အလုံးတစ်ထောင်ကျော်ပေးအပ် thevoicemyanmar

မွန်ပြည်နယ် ၁၀မြို့နယ်အတွင်းရှိ

တိုက်နယ်ဆရာဝန်များ၊ မြို့နယ်ဆရာဝန်များနှင့် ကျေးလက် အခြေခံကျန်းမာရေး ဝန်ထမ်းများအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Mobile Tablet အလုံး တစ်ထောင်ကျော်ကို နိုဝင်ဘာလ ၁၂ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမတွင် ပြည်ထောင်စုဝန်ကြီးက လွှဲပြောင်းပေးအပ်ခဲ့သည်။

 

“အဓိက ကျန်းမာရေးစာရင်း ဇယားတွေကို Tablet ကနေ ပို့ပေးမယ်၊ အချက်အလက်တွေ ချက်ချင်းရောက်မယ်၊ အချိန်မှန် အတိအကျရောက်မယ်၊ သားဖွားဆရာမတစ်ယောက်က သူ့နေရာမှာ ဘယ်လိုရောဂါတွေဖြစ်နေလည်း ဆိုတာ ချက်ချင်းသိမယ်၊ အရေးကြီးတဲ့ဆေးတွေ ကာကွယ်ဆေးတွေ ပြတ်တော့မယ်ဆိုရင် ချက်ချင်းရောက်မယ်၊ ကြိုသိတော့ ချက်ချင်းစီစဉ်နိုင်တယ်”ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

 

Tablet များဖြင့် ကပ်ရောဂါအသွင်နှင့် ကပ်ရောဂါအသွင် ဖြစ်လာနိုင်သည့်ရောဂါများကို ကြိုတင်သတိပေးခြင်းနှင့် သတင်းအချက်အလက်များ ပေးပို့၍ ချက်ချင်း ကွင်းဆင်းနိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာရေးဌာနမှ ထုတ်ပြန်သည့်စာများနှင့် အမိန့်ကြေညာချက်များသည် ကျေးလက်ကျန်မာရေး ဝန်ထမ်းများထံသို့ ရောက်ရှိရန်ခက်ခဲကြောင်း၊ ဆေးရုံးများတွင် ဆေးဝါးများ ရက်လွန်တော့မည့်အခြေအနေကို ကြိုတင်အကြောင်းကြားနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနှင့် မွန်ပြည်နယ်ရှိ မြို့နယ်ဆရာဝန်များနှင့် တိုက်နယ်ဆေးရုံများမှ ဆရာဝန်များအတွက် Mobile Tablet အလုံး ၄၀ နှင့် ကျေးလက်အခြေခံ ကျန်းမာရေးဝန်ထမ်းများအတွက် အလုံး ၁၀၁၆ ပေးအပ်ခဲ့ခြင်းဖြစ်သည်။“ကျန်းမာရေးဝန်ဆောင်မှုတွေပေးတဲ့နေရာမှာ ဝေးလံခက်ခဲတဲ့နေရာအထိ ရောက်အောင် ဝန်ဆောင်မှုတွေပေးဖို့ လိုပါတယ်၊ ကွင်းဆင်းဆောင်ရွက်တဲ့အခါမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာက ဒေသခံတွေ ကျန်းမာရေးစောင့်ရှောက်မှုတွေ အလွယ်တကူ လက်လှမ်းမီဖို့၊ အချိန်မီဖို့၊ ဆောင်ရွက်ဖို့လိုတယ်၊ ဒီလိုလုပ်တဲ့နေရာမှာလည်း တစ်ချိန်ထဲတစ်ပြိုင်ထဲ ပြီးပြည့်စုံအောင် ပံ့ပိုးပေးနိုင်တဲ့အနေအထားမှာမရှိဘူး”ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောဆိုသည်။

 

အဆိုပါ Mobile Tablet များကို မြန်မာတစ်နိုင်ငံလုံးရှိ ကျန်းမာရေးဝန်ထမ်းများကို ဝေငှပေးမည်ဖြစ်ရာ လက်ရှိတွင် ကယားပြည်နယ်၊ မကွေးတိုင်းနှင့် မွန်ပြည်နယ်တို့ကို ပေးဝေးခဲ့ပြီးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။ မွန်ပြည်နယ်အတွင်း မွေးဖွားမှုနှင့်သေဆုံးခြင်းဆိုင်ရာ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ဒစ်ဂျစ်တယ်နည်းပညာဖြင့် စမ်းသပ်ပြုလုပ်နိုင်ရန် အခြေခံကျန်းမာရေးဝန်ထမ်းများကို ယူနီဆက်ဖ်မှ Mobile Tablet များ ထပ်မံပံ့ပိုးပေးရန်ရှိနေကြောင်း ပြည်နယ်ကျန်းမာရေးဌာနထံမှလည်း သိရသည်။

 

Source:thevoicemyanmar

မျက်ကွင်းညိုနေလို့ စိတ်ညစ်နေလား

မျက်ကွင်းညိုနေလို့ စိတ်ညစ်နေလား

Read times Last modified on Tuesday, 13 November 2018 16:37
Rate this item
(0 votes)