What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 29 March 2018 14:12

အသစ်ရှာဖွေတွေ့ရှိခဲ့သည့် လူ့ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းအသစ်တစ်မျိုး

အသစ်ရှာဖွေတွေ့ရှိခဲ့သည့် လူ့ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းအသစ်တစ်မျိုး google.com

အမေရိကန် သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က လူ့ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းအသစ်တစ်ခုကို ရှာဖွေတွေ့ရှိ ကြောင်း နှင့် ထိုကိုယ်တွင်းအင်္ဂါမှာ လူခန္ဓာကိုယ်တစ်ခုလုံးတွင် အကြီးဆုံးဖြစ်ခဲ့သည်ဟု သိရပါတယ်။

ထိုကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း အသစ်သည် လူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ တစ်သျှူးများအကြားတွင် အရည်များနှင့် ပြည့်နေသော နေရာများကို ဆက်သွယ်ပေးသည့် ကွန်ရက်တစ်ခုဖြစ်ပြီး Interstitium ဟု သိပံ္ပပညာရှင်များက အမည်ပေးထားပါတယ်။

ယခုတွေ့ရှိမှုသည် ကင်ဆာကဲ့သို့ ရောဂါများကို ထိရောက်စွာကုသနိုင်မည့်နည်းလမ်းများ ရှာဖွေရာတွင် အဓိကကျသော တွေ့ရှိမှု ဖြစ်ပါတယ်။

Image result for interstitium

ထိုရှာဖွေမှုကို နယူးယောက်တက္ကသိုလ်၏ ဆေးပညာကျောင်းမှ သိပ္ပံပညာရှင်များက ပြုလုပ်ခြင်းဖြစ်ပြီး ၎င်းကို အရေပြားအောက်နှင့် အခြားကိုယ်တွင်း အင်္ဂါများအကြား၌ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သွေးလွှတ်ကြောများ ၊ ကြွက်သားများ၊ အစာခြေလမ်းကြောင်းနှင့် ဆီးလမ်းကြောင်း တို့ကို ဝိုင်းပတ်ထားပါတယ်။

အရွယ်ပမာဏအားဖြင့် လူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ အရည်ပမာဏ၏ ၂၀ ရာခိုင်နှုန်းရှိသည့်အတွက် လူ့ခန္ဓာကိုယ်၏ အကြီးဆုံး ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းဖြစ်ပြီး အရည် ၁၀ လီတာခန့်ရှိကြောင်း သိရပါတယ်။

ထို့ကိုယ်တွင်းအင်္ဂါသည် လူ့ခန္ဓာကိုယ်အတွက် အဓိကလုပ်ငန်းများအနက်မှ ခန္ဓာကိုယ်လှုပ်ရှားမှု အစိတ်အပိုင်းများကို ကာကွယ်ရန်နှင့် အမှတ်မထင် မတော်တဆ ဖြစ်ပေါ်မှုများ ကို ခံနိုင်ရည်ရှိစေရန်လို့ သိပ္ပံပညာရှင်များက ယုံကြည်ထားပါတယ်။

ထိုအရည်တွင် သွေးပြန်ရည်စနစ်သို့စီးဝင်သည့်ပရိုတိန်းတွင် အမြောက်အမြားပါဝင်နေပါတယ်။ သွေးပြန်ရည်စနစ်ဆိုသည်မှာ ရောဂါကို တိုက်ထုတ်သည့် သွေးဖြူဥများပါဝင်သော အရည်ကို သယ်ဆောင်ပေးသည့် သွေးကြောကွန်ရက်ကြီးတစ်ခုဖြစ်ပါတယ်။

ထိုအင်္ဂါအစိတ်အပိုင်းကို ရှာဖွေတွေ့ရှိခြင်းသည် ကင်ဆာဆဲလ်များက လူ့ခန္ဓာကိုယ်တစ်ခုလုံးသို့ မည်သို့ပျံ့နှံ့ သွားသည်ကို သိရှိနိုင်မည်ဖြစ်ပြီး ကင်ဆာဆဲလ်များကို ဘယ်လိုတိုက်ထုတ်ရမလဲဆိုတာကို ရှာဖွေနိုင်မည်ဖြစ်ပါတယ်။

Source: USA TODAY

Read times Last modified on Thursday, 29 March 2018 16:48
Rate this item
(0 votes)