What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 01 March 2019 11:45

၂၄ ပတ် နဲ့ မွေးခဲ့ရတဲ့ ကမ္ဘာ့အငယ်ဆုံး ယောကျာ်းလေ ဆေးရုံမှ ဆင်းခွင့်ရ

မွေးစက ၂၆၈ ဂရမ် ၊ ကိုးအောင်စခွဲလောက်သာ ရှိတဲ့ ယောကျာ်းလေး ကို ဂျပန်မှာ ဆေးရုံက ဆင်းခွင့်ပေးလိုက်ပါတယ်။

ဒါဟာ အိမ်ကို ကျန်းကျန်းမာမာ နဲ့ ပြန်ခွင့်ရတဲ့ ကမ္ဘာ့အငယ်ဆုံး ယောကျာ်းလေးလို့လည်း ဆိုကြပါတယ်။

 

ဒီကလေးကို သြဂုတ်လက အရေးပေါ် ဗိုက်ခွဲမွေးခဲ့ရတာ ဖြစ်ပါတယ်။ သူကို လက်ခုပ်ထဲ ထည့်ထားရင်တောင် ပျောက်သွားနိုင်တဲ့အထိ သေးပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ကလေးကို အထူးကြပ်မတ်ဆောင်မှာ ထားပြီး ကြည့်ပေးခဲ့ရပါတယ်။ သူမွေးရမယ့် ရက်ထက် နှစ်လစော မွေးခဲ့လို့ ဖြစ်ပါတယ်။

 

 

ဒီအတွင်း ခုနှစ်ပေါင်လောက်အထိ သူအလေးချိန်တက်လာပါတယ်။ အခုဆိုရင် သူ့ကို ပုံမှတ်အစာကျွေးလို့ရနေပါပြီး။ ၂၄ ပတ်နဲ့ မွေးခဲ့လို့ ဒီကလေးကို ဆေးရုံမှာ ငါးလ ထားခဲ့ရပါတယ်။ ကလေး အသက်ရှင်မယ် မရှင်ဘူး မသိရလို့ ဒီလောက်ကြီးလာတာကို ပျော်ပါတယ် လို့ ကလေးရဲ့ မိခင်က ဆိုပါတယ်။

 

Read More : ခုတင် ၂၀၀ အထက် ဆေးရုံအချို့ရှိ ဓာတ်လှေကားများ ပြင်ဆင်ရန် အမြန်ဆုံးဆောင်ရွက်မည်

 

အိုင်အိုဝါ တက္ကသိုလ် ပြုစုတဲ့ ကမ္ဘာ့အငယ်ဆုံး ကလေးဇယားမှာ သူဟာ ဆေးရုံက ဆင်းခွင့်ရတဲ့ အငယ်ဆုံးကလေး ဖြစ်တယ် လို့လည်း ဒီကလေးကို ကြည့်ပေးတဲ့ ဒေါက်တာ တကာရှိ အရီမစ်ဆုက ဘီဘီစီကို ပြောပါတယ်။ ဘယ်လောက်သေးသေး ကလေးတွေ ဆေးရုံကနေ ကျန်းကျန်းမာမာ နဲ့ ဆင်းနိုင်တယ်ဆိုတာ ဖြစ်နိုင်ခြေရှိကြောင်း သူက ပြချင်တာလို့လည်း ဆိုပါတယ်။ အရင်တစ်ခါ စံချိန်ချိုးခဲ့တဲ့ ကလေးက ဂျာမနီကပါ။ သူက ၂၇၄ ဂရမ်သာ လေးတာမို့ ပေါင်တက်သာသာပဲ ရှိပါတယ်။

 

မိန်းကလေးထဲမှာ အသက်ရှင်တဲ့ အငယ်ဆုံးကလေးကတော့ ၂၀၁၅ မှာ ဂျာမနီမှာပဲ မွေးတဲ့ ၂၅၂ ဂရမ် ရှိတဲ့ ကလေးပါ။ တကီလိုဂရမ် ၊ နှစ်ပေါင်းထက် ပိုနည်းတဲ့ မွေးခါစ ကလေးတွေရဲ့ အသက်ရှင် ရာခိုင်နှုန်းဟာ ဂျပန်မှာ ၉၀ ရာခိုင်နှုန်းရှိပါတယ်။ ၃၀၀ ဂရမ်းအောက် လျော့ရင်တော့ ၅၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်လို့ ကေယို တက္ကသိုလ်ဆေးရုံက ဆိုပါတယ်။

 

ဒီအငယ်ဆုံး ကလေးတွေထဲမှာလည်း ယောကျာ်းလေးတွေ အတွက် ရှင်နိုင်နှုန်းက မိန်းကလေးတွေထက် နည်းပါတယ်။ ဘာကြောင့်ဆိုတာ သေချာ မသိရပေမယ့် ယောကျာ်းလေး ရဲ့ အဆုတ် ဖွံ့ဖြိုးမှုက နောက်ကျလို့ဖြစ်နိုင်ကြောင်း ဆေးပညာရှင်တွေက ယူဆထားကြပါတယ်။

 

Source:burmesebbc

Health Products Directory

Read times
Rate this item
(1 Vote)