What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 25 March 2019 11:33

အချိန်မတိုင်မီ သွေးဆုံးသောအမျိုးသမီးများ သွေးတိုးနိုင်ခြေ အန္တရာယ်မြင့်မား

စောစောစီးစီးသွေးဆုံးသောအသက်အရွယ်ကြီးရင့်သည့်အ မျိုးသမီးများ သွေးတိုးရောဂါဖြစ်နိုင်သည့် အန္တရာယ်မြင့်မားကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြထားပါတယ်။

ယင်းလေ့လာမှုအား သုတေသီများက တရုတ်နိုင်ငံရှိအမျိုးသမီး ၇,၉၀၀ ခန့်၏အချက်အလက်များကိုလေ့လာခဲ့ပြီး စောစောစီး စီးသွေးဆုံးခြင်းနှင့် အသက်ကြီးချိန်နောက်ပိုင်း သွေးတိုးရောဂါဖြစ် ပွားနိုင်ခြေမြင့်မားခြင်းကြား ဆက်စပ်နေကြောင်း သုတေသီများက လေ့လာတွေ့ရှိပြီး လူမှုရေး၊ စီးပွားရေး၊ နောက်ခံအခြေအနေများ နှင့် နေထိုင်စားသောက်မှုပုံစံများကို ထည့်တွက်ပြီးနောက် ယင်းသို့ ဆက်စပ်မှုရှိကြောင်း သိရပါတယ်။

 

ယင်းလေ့လာမှုကို အေသင်မြို့ရှိဂျော်ဂျီယာတက္ကသိုလ်ပြည် သူ့ကျန်းမာရေးဌာနမှ သုတေသီများကပြုလုပ်ခြင်းဖြစ်သည်။ ခန္ဓာ ကိုယ်စနစ်တစ်ခုဖြစ်ပေါ်မှုစောခြင်း (သို့မဟုတ်)နောက်ကျခြင်းက အခြားသောခန္ဓာကိုယ်စနစ်များအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း သုတေသီများက ပြောကြားခဲ့ပါတယ်။

Read More : အလှအပအတွက် မုန်လာဥဖြူကို အသုံးချနည်း ၆ မျိုး

 

အမေရိကန်တွင် မိန်းကလေးများ ဓမ္မတာစတင်လာသည့်ပျမ်းမျှ အသက်အရွယ်သည် (၁၂)နှစ်ဖြစ်ပြီး အမျိုးသမီးများ စောစောပိုင်းအသက်အရွယ်တွင် ဓမ္မတာစလာချိန်၌ ၎င်းတို့၏နှလုံးသွေး ကြောစနစ်သည် အပြည့်အ၀မဖွံ့ဖြိုးသေးဘဲ ရှိနေနိုင်သဖြင့် ဘ၀ နှောင်းပိုင်းတွင် ဆိုးရွားသောရလဒ်များဖြစ်နိုင်သည့်အန္တရာယ်မြင့် မားကြောင်း သုတေသီများကပြောကြားပါတယ်။

 

ယင်းကဲ့သို့သောအမျိုးသမီးများသည် စောစီးစွာသွေးဆုံးနိုင်ပြီး သွေးတိုးရောဂါဖြစ်နိုင်သည့်အန္တရာယ်မြင့်မားကြောင်း သုတေသီ များက ပြောပါတယ်။

 

သွေးဆုံးခါနီးအခြေအနေတွင် ခန္ဓာကိုယ်အလေးချိန်ကို ထိန်း သိမ်းရေးမှာ သွေးဆုံးသောအသက်အရွယ်ရှိ အမျိုးသမီးများသွေး ပေါင်ထိန်းသိမ်းရန်အရေးကြီးပြီး ဒါ့အပြင် ကျန်းမာရေးနှင့်အညီနေထိုင်ခြင်းနှင့် ကောင်းမွန် သော ကျန်းမာရေးစောင့်ရှောက်မှုခံယူရခြင်းတို့က သက်ရောက်မှု ရှိကြောင်း သုတေသီများကပြောပါတယ်။

 

Source: 7daydaily

Read times
Rate this item
(0 votes)