What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 18 December 2019 17:25

ေက်ာက္ကပ္ကို မေဆးခ်င္ဘူးဆိုရင္ ဒီအစားအစာေတြကို သတိထားပါ

ေက်ာက္ကပ္ ေရာဂါေဝဒနာရွင္ တစ္ေယာက္တြင္ အစားအစာမ်ား လြန္ကဲစြာ စားသံုးမိပါက ခႏၶာကိုယ္တြင္ မလိုလားအပ္တဲ့ စြန္႔ပစ္ပစၥည္းမ်ား စုပံုလာၿပီး က်န္းမာေရးျပႆနာမ်ားကို ျဖစ္ေပၚေစႏိုင္ပါတယ္။

အစားအစာထိန္းခ်ဳပ္ျခင္းက နာတာရွည္ ေက်ာက္ကပ္ေရာဂါ (CKD) လူနာမ်ားအတြက္ အေရးႀကီးပါတယ္။ အစားအစာထိန္းခ်ဳပ္ျခင္းျဖင့္ ေက်ာက္ကပ္ပ်က္စီးျခင္းကို ေႏွးေကြးေစပါတယ္။ ေက်ာက္ကပ္ေဆးရျခင္း နဲ႔ပတ္သက္ၿပီး ရက္ခ်ိန္းမ်ားကို ေရႊ႕ဆိုင္းႏိုင္ပါတယ္။ ေက်ာက္ကပ္မွ အညစ္အေၾကးမ်ားကို ရွင္းထုတ္ရန္အတြက္ ေက်ာက္ကပ္၏ တာဝန္မ်ားကို ေလ်ာ့ခ်ေစပါတယ္။ အစားအစာမ်ားထဲမွ မသန္႔ရွင္းေသာ အညစ္အေၾကးမ်ားကို ခႏၶာကိုယ္တြင္ စုပံုျခင္း ေလ်ာ့က်ေစမွာ ျဖစ္ပါတယ္။

 

ဒါအျပင္ ေက်ာက္ကပ္အားနည္းျခင္းေၾကာင့္ အာဟာရ ခ်ိဳ႕တဲ့ျခင္းမွ ကာကြယ္ေပးႏိုင္ပါတယ္။ ေက်ာက္ကပ္ေရာဂါအတြက္ က်န္းမာေရးဆိုင္ရာ အာဟာဓာတ္မ်ား တိုးပြားလာေစမွာ ျဖစ္ပါတယ္။ ေက်ာက္ကပ္ေရာဂါ ခံစားေနရသူ တစ္ေယာက္တြင္ ေက်ာက္ကပ္ ေကာင္းစြာ အလုပ္မလုပ္ႏိုင္ျခင္း ဒါမွမဟုတ္ ေသြးအေျဖ ပံုမွန္မဟုတ္ေသာ ေက်ာက္ကပ္လူနာမ်ားအား အစားအစာမ်ားႏွင့္ ပတ္သက္ၿပီး သတိထားဖို႔ လိုပါတယ္။

ေက်ာက္ကပ္ေရာဂါ က ပံုမွန္အားျဖင့္ ဆိုးက်ိဳးျဖစ္ေစႏိုင္ေသာ အစားအစာထဲ အေရးႀကီးတဲ့ အာဟာရဓာတ္မ်ားကေတာ့ ဆိုဒီယမ္ ဆားဓာတ္ ၊ ပိုတတ္ဆီယမ္ဓာတ္ ၊ ေဖာ့စ္ေဖာရပ္စ္ ၊ ပ႐ိုတင္း အသားဓာတ္ တို႔ကို လိုအပ္သည္ထက္ ပိုစားသံုးမိပါက ေက်ာက္ကပ္ကို ထိခိုက္ေစမွာ ျဖစ္ပါတယ္။

 

Sodium ( ဆိုဒီယမ္ ဆားဓာတ္ )

Image result for Sodium

ဆိုဒီယမ္ဆားဓာတ္ က ခႏၶာကိ္ုယ္၏ ေသြးေပါင္ခ်ိန္ကိုထိန္းရန္ ဆိုဒီယမ္ဆားဓာတ္ အနည္းငယ္လိုပါတယ္။ ေက်ာက္ကပ္လူနာမ်ားတြင္ ပိုလွ်ံေနမယ္ဆိုရင္ ဆိုဒီယမ္ဓာတ္က ေက်ာက္ကပ္မွ မစြန္႔ထုတ္ႏိုင္ေတာ့ဘဲ ခႏၶာကိုယ္တြင္ အရည္မ်ားျပားလာၿပီး ေဖာေရာင္ျခင္းကို ျဖစ္ေပၚေစႏိုင္ပါတယ္။ ထိုကေနတဆင့္ ေသြးတိုး၊ အဆုတ္ေရဝင္ျခင္း တို႔ကို ျဖစ္ေပၚေစႏိုင္ၿပီး ႏွလုံးကိုပါ ထိခိုက္လာႏိုင္ပါတယ္။

 

အကန္႔အသတ္ျဖင့္ စားသံုးသင့္တဲ့ ဆိုဒီယမ္ဓာတ္ မ်ားစြာပါဝင္ေသာ အစားအစာမ်ားကေတာ့ ဆားသိပ္ထားေသာငါး ၊ ဝက္ေပါင္ေျခာက္ ၊ ၾကက္/ဝက္အူေခ်ာင္း ၊ ဆားရည္စိမ္ထားေသာ အစားအေသာက္မ်ား ၊ ဆားပါေသာ မုန္႔မ်ား နဲ႔ ဒိန္ခဲ တို႔ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ မငန္ေသာလည္း ဆိုဒီယမ္ပါေသာ အစားအေသာက္မ်ားကိုလည္း ေရွာင္သင့္ပါတယ္။ ဥပမာ - ဆိုဒီယမ္ဘိုင္ကာဗြန္နိတ္ပါေသာ ေပါင္မုန္႔မ်ား ျဖစ္ပါတယ္။

 

Potassium ( ပိုတတ္ဆီယမ္ဓာတ္ )

Image result for Potassium

ပိုတက္ဆီယမ္ဓာတ္က ႂကြက္သားမ်ား ႏွင့္ အာ႐ုံေၾကာမ်ား ေကာင္းစြာ အလုပ္လုပ္ႏိုင္ဖို႔အတြက္ သတၱဳဓာတ္တမ်ိဳး ျဖစ္ပါတယ္။ ေက်ာက္ကပ္ စြမ္းေဆာင္ရည္ေလ်ာ့လာပါက ပိုတက္ဆီယမ္ဓာတ္ကို ဆီးမွ တဆင့္ စြန္႔ထုတ္ႏိုင္စြမ္း နည္းကာ ခႏၶာကိုယ္ထဲတြင္ ပိုတက္ဆီယမ္ဓာတ္မ်ား စုပုံလာေစပါတယ္။ ပိုတက္စီယမ္အလြန္မ်ားပါက ႂကြက္သားမ်ား အားနည္းလာျခင္း သို႔မဟုတ္ ႂကြက္တက္ျခင္း ႏွင့္ ႏွလုံးခုန္မမွန္ျခင္းတို႔ကို ခံစားလာႏိုင္ပါတယ္။

 

ေက်ာက္ကပ္ေရာဂါ အေစာပိုင္းအဆင့္ (eGFR > 90 mL/min/1.73m2) ၊ ေက်ာက္ကပ္ေရာဂါ အလယ္အလတ္အဆင့္ (eGFR 30-59 mL /min /1.73m2) ၊ ေက်ာက္ကပ္မွ အညစ္အေၾကး စြန္႔ႏိုင္ေသာအဆင့္ ႏွင့္ ေသြးတြင္း ပိုတက္စီယမ္ ပမာဏ အလယ္အလတ္အဆင့္ ဒါမွမဟုတ္ ၃.၅ - ၅.ဝ မီလီဂရမ္ / ဒက္စီလီတာ ရိွတဲ့ လူနာမ်ားက သစ္သီးႏွင့္ ဟင္းသီးဟင္း႐ြက္ေတြကို စားသံုးႏိုင္ပါတယ္။

 

ဒါေပမယ့္ ေသြးတြင္းပိုတက္စီယမ္ပမာဏ ၅.ဝ မီလီဂရမ္/ဒက္စီလီတာနီးပါး သို႔မဟုတ္ ထိုထက္မ်ားေသာ ေက်ာက္ကပ္လူနာမ်ားသည္ သစ္သီး ႏွင့္ ဟင္းသီးဟင္း႐ြက္မ်ားကို ထိန္းစားဖို႔ လိုအပ္ပါတယ္။ ထိုအုပ္စုတြင္ ပါဝင္ေသာ လူနာမ်ားအေနနဲ႔ ပိုတက္စီယမ္ဓာတ္နည္းတဲ့ သစ္သီး ႏွင့္ ဟင္းသီးဟင္း႐ြက္ေတြကို တစ္ေန႔ ၁-၂ ႀကိမ္အထိ စားသံုးႏိုင္ပါတယ္။

 

ပိုတက္စီယမ္ဓာတ္နည္းတဲ့ သစ္သီး ႏွင့္ ဟင္းသီးဟင္း႐ြက္မ်ားကေတာ့ ေဂၚဖီထုတ္ ၊ ပန္းေဂၚဖီ ၊ သခြားသီး ၊ ဆလပ္႐ြက္ ၊ ပဲပင္ေပါက္ ၊ စပ်စ္သီး နဲ႔ နာနတ္သီး တို႔ ျဖစ္ပါတယ္။ ပိုတက္ဆီယမ္ဓာတ္တဲ့ အစားအစာမ်ားကေတာ့ အေျခာက္ခံထားတဲ့အသီးမ်ား၊ ဒူးရင္းသီး ၊ မန္းက်ည္းသီး ၊ သခြားသီး ၊ ရဲယိုသီးေဖ်ာ္ရည္ ၊ ခရမ္းခ်ဥ္သီး ၊ အစိမ္းေရာင္ရွိေသာအ႐ြက္မ်ား ၊ မုန္လာဥျဖဴ ၊ ငွက္ေပ်ာသီး ၊ လိမၼာသီး ၊ သေဘၤာသီး နဲ႔ ပိႏၷဲသီးတို႔ ျဖစ္ပါတယ္။

 

Phosphorus ( ေဖာ့စ္ေဖာရပ္စ္ )

Image result for phosphorus

ေက်ာက္ကပ္ စြမ္းရည္ က်ဆင္းလာတဲ့အခါ ခႏၶာကိုယ္က ကယ္လ္စီယမ္ကို မစုပ္ယူႏိုင္ေတာ့ပဲ ေဖာ့စ္ေဖာရပ္စ္ဓာတ္ကိုလဲ ေကာင္းစြာ မစြန္႔ထုတ္ႏိုင္ေတာ့ပါဘူး။ ဒါေၾကာင့္ ခႏၶာကိုယ္က ကယ္လ္စီယမ္ဓာတ္ေတြကို အနည္းငယ္သာ ရရွိေတာ့မွာ ျဖစ္ၿပီး ေသြးမ်ားတြင္ ေဖာ့စ္ေဖာရပ္စ္မ်ား က်န္ေနခဲ့မွာ ျဖစ္ပါတယ္။ ကန္႔သတ္ၿပီး စားသံုးသင့္တဲ့ အစားအစာမ်ားကေတာ့ ဒိန္ခဲ ၊ ႏို႔ နဲ႔ ႏို႔ထြက္ပစၥည္း ၊ ႏို႔ဆီ ၊ ငါးဥ ၊ ဥအႏွစ္ ၊ ပုဇြန္ ၊ ဂဏန္း ၊ ဆိုဒီယမ္ ဘိုင္ကာဗြန္နိတ္ ပါေသာအစားအစာမ်ား ၊ အခြံမာသီး ၊ အေျခာက္ခံထားတဲ့ ပဲမ်ားနဲ႔ အနက္ေရာင္ရွိတဲ့ ဆိုဒါပါေသာ ေဖ်ာ္ရည္မ်ားပဲ ျဖစ္ပါတယ္။

 

Protein ( ပရိုတင္း အသားဓာတ္ )

Image result for what is Protein

ပရိုတင္း (အသားဓာတ္) ဟာဆိုရင္ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ အာဟာရဓာတ္ တစ္မ်ိဳးျဖစ္ပါတယ္။ ေက်ာက္ကပ္ လူနာမ်ားလည္း စားသံုးသင့္ပါတယ္။ ဒါေပမယ့္ အကန္႔အသတ္ျဖင့္ စားသံုးႏိုင္မွာ ျဖစ္ပါတယ္။ က်ေနာ္တို႔ ခႏၶာကိုယ္မွာ ရရွိလာတဲ့ ပရိုတင္းဓာတ္ေတြကို စုပ္ယူလိုက္တဲ့အခါ ပရိုတင္းဓာတ္မွ ထြက္ရွိလာတဲ့ မလိုလာအပ္တဲ့ ဓာတ္ေတြကို ေက်ာက္ကပ္ကို ပိုၿပီး အလုပ္လုပ္ရ ပါတယ္။

 

ကန္႔သတ္ၿပီး စားသံုးသင့္တဲ့ အစားအစာမ်ားကေတာ့ အသား ၊ အဆီ နဲ႔ ကိုလက္စထေရာ ပါေသာ ပ႐ိုတင္းမ်ား ၊ ဥအႏွစ္ ၊ ကလီစာ ၊ အသည္းအျမစ္မ်ား ၊ ဝက္ေခါက္ ၊ (ၾကက္ ၊ ဘဲ) အေရခြံ ၊ အဆီမ်ား ေသာဝက္ နဲ႔ အမဲသားမ်ား၊ ဝက္ကင္ ၊ ဝက္ဗိုက္ေခါက္သား ၊ ဝက္ေခါက္ကင္ ၊ ဘဲကင္ ၊ ငါးဥ နဲ႔ ပုဇြန္ဆီ တို႔ ျဖစ္ပါတယ္။  ထို႔အျပင္ အမိုင္ႏိုအက္ဆစ္ မပါဝင္ေသာ အစားအစာမ်ားကိုလည္း ေရွာင္သင့္ပါတယ္။ မေကာင္းတဲ့ အရာေတြကို စြန္႔ထုတ္ႏိုင္ဖို႔ ေက်ာက္ကပ္က ပိုအလုပ္လုပ္ရတာ ျဖစ္ပါတယ္။ ဝက္သား ၊ အမဲသား ၊ ၾကက္သား ၊ ဘဲ ၊ အေရခြံ ၊ အ႐ိုးႏု ၊ အခြံမာသီး၊ အေျခာက္ခံထားေသာပဲ စတဲ့ အစားအေသာက္မ်ားဘဲ ျဖစ္ပါတယ္။

 

အစားအေသာက္မ်ား ႏွင့္ ပတ္သက္ၿပီး အႀကံျပဳထားတာကေတာ့ အစားအစားမ်ားကို အစုံပါေအာင္ စားသံုးသင့္ပါတယ္။ ထမင္း ၊ အသား ၊ အသီးအ႐ြက္မ်ား အစုံပါေအာင္ စားရပါမယ္။ နာတာရွည္ ေက်ာက္ကပ္ လူနာမ်ား သဘာဝမဟုတ္ေသာ အခ်ဥ္ရည္မ်ား၊ ဆား ၊ ပဲငံျပာရည္ ၊ ငါးငံျပာရည္ ေတြကို ေရွာင္ၾကဥ္ရပါမယ္။ ဟင္းမ်ားတြင္ အနံအရသာရွိေစဖို႔အတြက္ ဟင္းခတ္ အေမႊအႀကိဳင္မ်ားကို အသံုးျပဳႏိုင္ပါတယ္။

 

Written By Aung Win (Health Products Directory)

{Unicode}

ကျောက်ကပ်ကို မဆေးချင်ဘူးဆိုရင် ဒီအစားအစာတွေကို သတိထားပါ

 

ကျောက်ကပ် ရောဂါဝေဒနာရှင် တစ်ယောက်တွင် အစားအစာများ လွန်ကဲစွာ စားသုံးမိပါက ခန္ဓာကိုယ်တွင် မလိုလားအပ်တဲ့ စွန့်ပစ်ပစ္စည်းများ စုပုံလာပြီး ကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အစားအစာထိန်းချုပ်ခြင်းက နာတာရှည် ကျောက်ကပ်ရောဂါ (CKD) လူနာများအတွက် အရေးကြီးပါတယ်။ အစားအစာထိန်းချုပ်ခြင်းဖြင့် ကျောက်ကပ်ပျက်စီးခြင်းကို နှေးကွေးစေပါတယ်။ ကျောက်ကပ်ဆေးရခြင်း နဲ့ပတ်သက်ပြီး ရက်ချိန်းများကို ရွှေ့ဆိုင်းနိုင်ပါတယ်။ ကျောက်ကပ်မှ အညစ်အကြေးများကို ရှင်းထုတ်ရန်အတွက် ကျောက်ကပ်၏ တာဝန်များကို လျော့ချစေပါတယ်။ အစားအစာများထဲမှ မသန့်ရှင်းသော အညစ်အကြေးများကို ခန္ဓာကိုယ်တွင် စုပုံခြင်း လျော့ကျစေမှာ ဖြစ်ပါတယ်။

 

ဒါအပြင် ကျောက်ကပ်အားနည်းခြင်းကြောင့် အာဟာရ ချို့တဲ့ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ကျောက်ကပ်ရောဂါအတွက် ကျန်းမာရေးဆိုင်ရာ အာဟာဓာတ်များ တိုးပွားလာစေမှာ ဖြစ်ပါတယ်။ ကျောက်ကပ်ရောဂါ ခံစားနေရသူ တစ်ယောက်တွင် ကျောက်ကပ် ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်း ဒါမှမဟုတ် သွေးအဖြေ ပုံမှန်မဟုတ်သော ကျောက်ကပ်လူနာများအား အစားအစာများနှင့် ပတ်သက်ပြီး သတိထားဖို့ လိုပါတယ်။

 

ကျောက်ကပ်ရောဂါ က ပုံမှန်အားဖြင့် ဆိုးကျိုးဖြစ်စေနိုင်သော အစားအစာထဲ အရေးကြီးတဲ့ အာဟာရဓာတ်များကတော့ ဆိုဒီယမ် ဆားဓာတ် ၊ ပိုတတ်ဆီယမ်ဓာတ် ၊ ဖော့စ်ဖောရပ်စ် ၊ ပရိုတင်း အသားဓာတ် တို့ကို လိုအပ်သည်ထက် ပိုစားသုံးမိပါက ကျောက်ကပ်ကို ထိခိုက်စေမှာ ဖြစ်ပါတယ်။

Sodium ( ဆိုဒီယမ် ဆားဓာတ် )

Image result for Sodium

ဆိုဒီယမ်ဆားဓာတ် က ခန္ဓာကိုယ်၏ သွေးပေါင်ချိန်ကိုထိန်းရန် ဆိုဒီယမ်ဆားဓာတ် အနည်းငယ်လိုပါတယ်။ ကျောက်ကပ်လူနာများတွင် ပိုလျှံနေမယ်ဆိုရင် ဆိုဒီယမ်ဓာတ်က ကျောက်ကပ်မှ မစွန့်ထုတ်နိုင်တော့ဘဲ ခန္ဓာကိုယ်တွင် အရည်များပြားလာပြီး ဖောရောင်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ထိုကနေတဆင့် သွေးတိုး၊ အဆုတ်ရေဝင်ခြင်း တို့ကို ဖြစ်ပေါ်စေနိုင်ပြီး နှလုံးကိုပါ ထိခိုက်လာနိုင်ပါတယ်။

 

အကန့်အသတ်ဖြင့် စားသုံးသင့်တဲ့ ဆိုဒီယမ်ဓာတ် များစွာပါဝင်သော အစားအစာများကတော့ ဆားသိပ်ထားသောငါး ၊ ဝက်ပေါင်ခြောက် ၊ ကြက်/ဝက်အူချောင်း ၊ ဆားရည်စိမ်ထားသော အစားအသောက်များ ၊ ဆားပါသော မုန့်များ နဲ့ ဒိန်ခဲ တို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မငန်သောလည်း ဆိုဒီယမ်ပါသော အစားအသောက်များကိုလည်း ရှောင်သင့်ပါတယ်။ ဥပမာ - ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်ပါသော ပေါင်မုန့်များ ဖြစ်ပါတယ်။

 

Potassium ( ပိုတတ်ဆီယမ်ဓာတ် )

Image result for Potassium

ပိုတက်ဆီယမ်ဓာတ်က ကြွက်သားများ နှင့် အာရုံကြောများ ကောင်းစွာ အလုပ်လုပ်နိုင်ဖို့အတွက် သတ္တုဓာတ်တမျိုး ဖြစ်ပါတယ်။ ကျောက်ကပ် စွမ်းဆောင်ရည်လျော့လာပါက ပိုတက်ဆီယမ်ဓာတ်ကို ဆီးမှ တဆင့် စွန့်ထုတ်နိုင်စွမ်း နည်းကာ ခန္ဓာကိုယ်ထဲတွင် ပိုတက်ဆီယမ်ဓာတ်များ စုပုံလာစေပါတယ်။ ပိုတက်စီယမ်အလွန်များပါက ကြွက်သားများ အားနည်းလာခြင်း သို့မဟုတ် ကြွက်တက်ခြင်း နှင့် နှလုံးခုန်မမှန်ခြင်းတို့ကို ခံစားလာနိုင်ပါတယ်။

 

ကျောက်ကပ်ရောဂါ အစောပိုင်းအဆင့် (eGFR > 90 mL/min/1.73m2) ၊ ကျောက်ကပ်ရောဂါ အလယ်အလတ်အဆင့် (eGFR 30-59 mL /min /1.73m2) ၊ ကျောက်ကပ်မှ အညစ်အကြေး စွန့်နိုင်သောအဆင့် နှင့် သွေးတွင်း ပိုတက်စီယမ် ပမာဏ အလယ်အလတ်အဆင့် ဒါမှမဟုတ် ၃.၅ - ၅.ဝ မီလီဂရမ် / ဒက်စီလီတာ ရှိတဲ့ လူနာများက သစ်သီးနှင့် ဟင်းသီးဟင်းရွက်တွေကို စားသုံးနိုင်ပါတယ်။

 

ဒါပေမယ့် သွေးတွင်းပိုတက်စီယမ်ပမာဏ ၅.ဝ မီလီဂရမ်/ဒက်စီလီတာနီးပါး သို့မဟုတ် ထိုထက်များသော ကျောက်ကပ်လူနာများသည် သစ်သီး နှင့် ဟင်းသီးဟင်းရွက်များကို ထိန်းစားဖို့ လိုအပ်ပါတယ်။ ထိုအုပ်စုတွင် ပါဝင်သော လူနာများအနေနဲ့ ပိုတက်စီယမ်ဓာတ်နည်းတဲ့ သစ်သီး နှင့် ဟင်းသီးဟင်းရွက်တွေကို တစ်နေ့ ၁-၂ ကြိမ်အထိ စားသုံးနိုင်ပါတယ်။

 

ပိုတက်စီယမ်ဓာတ်နည်းတဲ့ သစ်သီး နှင့် ဟင်းသီးဟင်းရွက်များကတော့ ဂေါ်ဖီထုတ် ၊ ပန်းဂေါ်ဖီ ၊ သခွားသီး ၊ ဆလပ်ရွက် ၊ ပဲပင်ပေါက် ၊ စပျစ်သီး နဲ့ နာနတ်သီး တို့ ဖြစ်ပါတယ်။ ပိုတက်ဆီယမ်ဓာတ်တဲ့ အစားအစာများကတော့ အခြောက်ခံထားတဲ့အသီးများ၊ ဒူးရင်းသီး ၊ မန်းကျည်းသီး ၊ သခွားသီး ၊ ရဲယိုသီးဖျော်ရည် ၊ ခရမ်းချဉ်သီး ၊ အစိမ်းရောင်ရှိသောအရွက်များ ၊ မုန်လာဥဖြူ ၊ ငှက်ပျောသီး ၊ လိမ္မာသီး ၊ သင်္ဘောသီး နဲ့ ပိန္နဲသီးတို့ ဖြစ်ပါတယ်။

 

Phosphorus ( ဖော့စ်ဖောရပ်စ် )

Image result for phosphorus

ကျောက်ကပ် စွမ်းရည် ကျဆင်းလာတဲ့အခါ ခန္ဓာကိုယ်က ကယ်လ်စီယမ်ကို မစုပ်ယူနိုင်တော့ပဲ ဖော့စ်ဖောရပ်စ်ဓာတ်ကိုလဲ ကောင်းစွာ မစွန့်ထုတ်နိုင်တော့ပါဘူး။ ဒါကြောင့် ခန္ဓာကိုယ်က ကယ်လ်စီယမ်ဓာတ်တွေကို အနည်းငယ်သာ ရရှိတော့မှာ ဖြစ်ပြီး သွေးများတွင် ဖော့စ်ဖောရပ်စ်များ ကျန်နေခဲ့မှာ ဖြစ်ပါတယ်။

ကန့်သတ်ပြီး စားသုံးသင့်တဲ့ အစားအစာများကတော့ ဒိန်ခဲ ၊ နို့ နဲ့ နို့ထွက်ပစ္စည်း ၊ နို့ဆီ ၊ ငါးဥ ၊ ဥအနှစ် ၊ ပုဇွန် ၊ ဂဏန်း ၊ ဆိုဒီယမ် ဘိုင်ကာဗွန်နိတ် ပါသောအစားအစာများ ၊ အခွံမာသီး ၊ အခြောက်ခံထားတဲ့ ပဲများနဲ့ အနက်ရောင်ရှိတဲ့ ဆိုဒါပါသော ဖျော်ရည်များပဲ ဖြစ်ပါတယ်။

 

Protein ( ပရိုတင်း အသားဓာတ် )

Image result for what is Protein

ပရိုတင်း (အသားဓာတ်) ဟာဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ် တစ်မျိုးဖြစ်ပါတယ်။ ကျောက်ကပ် လူနာများလည်း စားသုံးသင့်ပါတယ်။ ဒါပေမယ့် အကန့်အသတ်ဖြင့် စားသုံးနိုင်မှာ ဖြစ်ပါတယ်။ ကျနော်တို့ ခန္ဓာကိုယ်မှာ ရရှိလာတဲ့ ပရိုတင်းဓာတ်တွေကို စုပ်ယူလိုက်တဲ့အခါ ပရိုတင်းဓာတ်မှ ထွက်ရှိလာတဲ့ မလိုလာအပ်တဲ့ ဓာတ်တွေကို ကျောက်ကပ်ကို ပိုပြီး အလုပ်လုပ်ရ ပါတယ်။

 

ကန့်သတ်ပြီး စားသုံးသင့်တဲ့ အစားအစာများကတော့ အသား ၊ အဆီ နဲ့ ကိုလက်စထရော ပါသော ပရိုတင်းများ ၊ ဥအနှစ် ၊ ကလီစာ ၊ အသည်းအမြစ်များ ၊ ဝက်ခေါက် ၊ (ကြက် ၊ ဘဲ) အရေခွံ ၊ အဆီများ သောဝက် နဲ့ အမဲသားများ၊ ဝက်ကင် ၊ ဝက်ဗိုက်ခေါက်သား ၊ ဝက်ခေါက်ကင် ၊ ဘဲကင် ၊ ငါးဥ နဲ့ ပုဇွန်ဆီ တို့ ဖြစ်ပါတယ်။ ထို့အပြင် အမိုင်နိုအက်ဆစ် မပါဝင်သော အစားအစာများကိုလည်း ရှောင်သင့်ပါတယ်။ မကောင်းတဲ့ အရာတွေကို စွန့်ထုတ်နိုင်ဖို့ ကျောက်ကပ်က ပိုအလုပ်လုပ်ရတာ ဖြစ်ပါတယ်။ ဝက်သား ၊ အမဲသား ၊ ကြက်သား ၊ ဘဲ ၊ အရေခွံ ၊ အရိုးနု ၊ အခွံမာသီး၊ အခြောက်ခံထားသောပဲ စတဲ့ အစားအသောက်များဘဲ ဖြစ်ပါတယ်။

 

အစားအသောက်များ နှင့် ပတ်သက်ပြီး အကြံပြုထားတာကတော့ အစားအစားများကို အစုံပါအောင် စားသုံးသင့်ပါတယ်။ ထမင်း ၊ အသား ၊ အသီးအရွက်များ အစုံပါအောင် စားရပါမယ်။ နာတာရှည် ကျောက်ကပ် လူနာများ သဘာဝမဟုတ်သော အချဉ်ရည်များ၊ ဆား ၊ ပဲငံပြာရည် ၊ ငါးငံပြာရည် တွေကို ရှောင်ကြဉ်ရပါမယ်။ ဟင်းများတွင် အနံအရသာရှိစေဖို့အတွက် ဟင်းခတ် အမွှေအကြိုင်များကို အသုံးပြုနိုင်ပါတယ်။

Read times
Rate this item
(2 votes)