What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 21 May 2019 18:17

လေးဖက်နာ နှလုံးရောဂါ (Rheumatic heart disease)

လေးဖက်နာနှလုံးရောဂါ (Rheumatic heart disease) သည် မွေးဖွားပြီး နောက်ပိုင်းတွင် ဖြစ်ပေါ် လာသော နှလုံးရောဂါ တစ်မျိုးပင်ဖြစ်ပါတယ်။ 

မွေးကင်းစကလေးအရွယ် ကူးလွယ်သော အုပ်စု A (streptococcal) ဘတ်တီးရီးယားပိုးကြောင့် လေးဖက်နာအဖျား ဝေဒနာဝင်ရောက်ကာ၊ အသက်ရှုလမ်းကြောင်းပိုင်းဆိုင်ရာကို သက်ရောက်စေပြီး၊ လည်ချောင်းနာ ခြင်း နှင့်အတူ အာသီးတစ်ဖက်တစ်ချပ်စီ၌ ရောင်ရမ်းစေပါတယ်။ သို့ဖြစ်ပါ၍ ဤသို့သော အခြေအနေမျိုး၌ ကုသမှုမခံယူခြင်း (သို့မဟုတ်) မိမိ၏ ခန္ဓာကိုယ်သည် ဝင်ရောက်သော ပိုးကို ပုံမမှန်သော တုန့်ပြန်ချက် ရှိသောအခါ ကိုယ်ခန္ဓာ၌ (antibodies) များ ထုတ်လွှတ်ပြီး၊ မိမိကိုယ်ကို ပြန်၍ အန္တရာယ်ရှိစေခြင်းများ ဖြစ်စေပါတယ်။

 

ထိုသို့သော အချက်များသည် ကိုယ်ခန္ဓာ၏ အင်္ဂါအစိတ်အပိုင်းများစွာဖြစ်သည့် အရေပြား၊ ဗဟိုအာရုံကြောမအဖွဲ့အစည်း၊ အဆစ်အမြစ်များ၊ နှလုံးတစ်သျှူး ၊ နှလုံးအဆို့ရှင်များနှင့် နှလုံးကြွက်သားများ အစရှိသော နေရာများကို ရောင်ရမ်းစေပြီး၊ ထိခိုက်စေနိုင်ပါတယ်။ လေးဖက်နာအဖျားဝေဒနာရှိသော လူနာများကို အောင်မြင်စွာ ကုသမှုခံယူပြီး၊ နလန်ထူလာ နိုင်ခြင်းရှိသော်လည်း၊ နှလုံးအဆို့ရှင်၌ အမာရွတ်ကျန်ရှိနေခြင်းကြောင့် သွေးလည်ပတ်မှု ပိုင်ဆိုင်ရာများကို ဆိုးဝါးစွာ ထိခိုက်စေပြီး၊ နာတာရှည်နှလုံးရောဂါကို ရရှိစေနိုင်ပါတယ်။ ထို့အပြင် ၊ လေးဖက်နာအဖျား ဝေဒနာရှိသော လူနာ၏ ၃၀% မှာ နှလုံးပြဿနာများ စတင်ရှိ လာပြီး၊ ကလေးအသက် ၅ နှစ် မှ ၁၅ နှစ် အတွင်း ကလေးငယ်များ၌ လေးဖက်နာ နှလုံးရောဂါ ဖြစ်နိုင်ခြေ အမြင့်ဆုံးပင် ဖြစ်ပါတယ်။

 

လေးဖက်နာအဖျား၏ လက္ခဏာများ

လေးဖက်နာအဖျားဝေဒနာ၏ ကနဦးအစတွင် အဆစ် အမြစ်နာကျင်ခြင်းကို ဦးစွာ ခံစားရမည်။ ထိုလူနာသည် ကိုယ်ခန္ဓာတစ်ခုလုံး၏ အဆစ်အမြစ်များ ဆိုးဝါးစွာ နာကျင်မှုကို ခံစားရမည်။ တစ်ဆက်တည်းသော အရေပြားအကွက်များသည် လူနာ၏ ကိုယ်ခန္ဓာ ၊ လက်မောင်း နှင့် ခြေထောက်များတွင် ပေါ်ပေါက်လာပြီး၊ လက်ဖျံများ ၊ ဒူးခေါင်းများ ခြေဖမိုးများ ၊ ခြေမျက်စိများနှင့် လက်ကောက်ဝတ်များတွင် အဖုငယ်လေးများ ထွက်လာ လိမ့်မည်။ သို့သော်လည်း ထိုအဖုများ ရက်သတ္တပတ်အနည်းငယ်တွင်သာ ပျောက်သွား လိမ့်မည် ဖြစ်ပါတယ်။

 

အချို့သော ကလေးငယ်များတွင်မူ ၊ ဖြစ်လေ့ဖြစ်ထရှိသော အဖုအနီဝိုင်းကြီးမှာ ပမာဏ အားဖြင့် ၁ စင်တီမီတာမှ ၃စင်တီမီတာအထိ ရှိပြီး အလယ်တွင်ဖြူနေတတ်သည်။ သို့သော်လည်း ထိုအဖုမျိုးမှာ နာခြင်း ၊ ယားယံခြင်း မရှိစေဘဲ ၊ ပြန်လည်ပျောက်သွားလေ့ ရှိရပါတယ်။

 

ထိုလူနာများသည် ခန္ဓာကိုယ်ဟန်ချက်ပျက်ခြင်း (သို့မဟုတ်) ကြွက်သားများ အားနည်းခြင်း စသဖြင့် တွေ့ကြုံရတတ်ပြီး အချို့သောလူနာများသည် အစားစားချင်စိတ်ပျက်ခြင်း (သို့မဟုတ်) အဖျားရှိခြင်းများ ဖြစ်တတ်ပါသည်။ အချို့သောလူနာများတွင် နှလုံးပြဿနာများကြောင့် လွယ်ကူစွာ ပင်ပန်းနွမ်းနယ်ခြင်းများ ဖြစ်ပေါ်စေပါတယ်။ ဥပမာ (Myocarditis) နှလုံးကြွက်သားရောင်ရမ်းခြင်း၊ (Endocarditis) နှလုံးအတွင်း အလွှာပိုးဝင်ခြင်း နှင့် (heart value regurgitation) ခေါ် နှလုံးအဆို့ရှင် ခြင်းများပင် ဖြစ်ပါတယ်။

 

လေးဖက်နာနှလုံးရောဂါ၏ လက္ခဏာများ

သို့ဖြစ်ပါ၍ နှလုံးတစ်သျှူးတွင် ဘတ်တီးရီးယားပိုးဝင်ရောက်ခဲ့သော် နှလုံးအဆို့ရှင်၏ ရောင်ရမ်းသည့် ပမာဏပေါ်မူတည်ပြီး၊ အဆို့ရှင်ယိုခြင်း နှင့် အဆို့ရှင် ကျဉ်းခြင်းများတို့ဖြစ်ပေါ်စေပါတယ်။ မွေးကင်းစကလေးငယ်များတွင် နားနေချိန်သော်လည်းကောင်း၊ လေ့ကျင့်ခန်းလုပ်စဉ် သော်လည်းကောင်း၊ (သို့မဟုတ်) စာလုပ်နေစဉ်သော်လည်းကောင်း၊ အထူးမောပန်း နေတတ်ပါတယ်။

 

ဆိုးဝါးသောအခြေအနေများတွင်မူ ၊ လူနာသည် ကောင်းမွန်စွာ လှဲနေ၍ မရနိုင်ပေ။ ခေါင်းအုံး အကူဖြင့် မတ်ထားရခြင်းများ ပို၍ လိုအပ်ပါတယ်။ အချို့သောကလေးများသည် သူတို့သက်တူ လူငယ်လူရွယ်များကဲ့သို့၊ ကိုယ်ခန္ဓာ ဖွံ့ဖြိုးတိုးတက်မှု နှေးပြီး မောပန်းနွမ်းနယ်ခြင်း ၊ မကြာခဏ ဖျားနာခြင်းတို့ ဖြစ်တတ်ပါတယ်။

 


ကြိုတင်ကာကွယ်ခြင်း

ဖျားခြင်း(သို့မဟုတ်) လည်ချောင်းနာနေသော လူနာနှင့် ထိတွေ့ပြီး ပိုးကူးခြင်းမှ ကာကွယ်ရန် ရှောင်ရှားနေထိုင်သင့်ပါတယ်။ အကယ်၍ ဖျားခြင်း ၊ လည်ချောင်းနာခြင်း ၊ အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်း ၊ အရေပြားအကွက်ထခြင်း (သို့မဟုတ်) အရေပြားပေါ်တွင် ပုံမမှန်သော အဖုကြီးများ ပေါ်ပေါက်လာပါက ဆရာဝန် နှင့် တွေ့ဆုံသင့်ပါတယ်။ ပိုးသတ်ဆေးသောက်ရမည်ဆိုပါက ၊ ပေးထားသည့် ဆေးညွှန်းအတိုင်း တသွေမတိန်း ရက်ပြည့် သောက်ရမည်။ အဘယ်ကြောင့်ဆိုသော် လူနာ၌ ဆေးယဉ်သွားနိုင်ခြင်းကြောင့်ဘဲ ဖြစ်ပါတယ်။

 

ရောဂါအမည်ရှာဖွေခြင်း

နှလုံးရောဂါ ရှိမရှိ စစ်ဆေးခြင်း ၊ ဥပမာ ၊ နားကြပ်ဖြင့် နှလုံးကို နားထောင်ရာတွင် နှလုံးခုန်နှုန်းစည်းချက် မမှန်မှုကို စမ်းသပ်ခြင်း။ နှလုံး၏ လျှပ်စစ်စီးလှိုင်း ပုံမှန်၊ မမှန် သိရှိစေရန် နှလုံးလုပ်ဆောင်ချက် (electrocardiogram) ဖြင့် ပုံစံမတူသော နှလုံးအဆို့ရှင်ပြဿနာများ စစ်ဆေးခြင်း။ နှလုံးလုပ်ဆောင်ချက် (electrocardiogram) ဖြင့် ပုံစံမတူသော နှလုံးအဆို့ရှင် ပြဿနာများ စစ်ဆေးခြင်း။ သွေးစစ်ခြင်းဖြင့် ကိုယ်ခန္ဓာ၌ မည်သည့် ရောင်ရမ်းခြင်းကိုမဆို တိုင်းတာသိရှိရန် စစ်ဆေးခြင်း။ အဆုတ်ဓါတ်မှန် (Chest X – Ray) ရိုက်ခြင်းဖြင့် နှလုံးပုံရိပ်ကြီးမားနေပုံကို မြင်ရပြီး နှလုံးရောင်ရမ်းမှု ပြဿနာကို ရှာဖွေ စစ်ဆေးခြင်း။

 

ကုသမှုနည်းလမ်းများ

မည်သည့် ဘတ်တီးရီးယားပိုးမဆို အမြစ်ပြတ် ကုသရန်အတွက် (Penicillin V) ပိုးသတ်ဆေး (သို့မဟုတ်) (Erythromyin) ပိုးသတ်ဆေးကို ၁၀ ရက်မှ ၁၄ ရက်အထိ ရက်ပြည့်ဆေးသောက်ရန်။ အရောင်ကျဆေး ၊ ဥပမာ (Aspririn Pill) ၂ လုံးမှ ၄ လုံးကို ၆ နာရီ ခြားပေးရန်၊ (သို့မဟုတ်) (Sodium Salicylate) ဆေးကို (Steroidal Hormone) ဆေးဖြင့် အတူ ၅ ရက်မှ ၁၀ ရက် အထိ ပေးရန်။ သို့ပါ၍ ဆိုးရွားသောနှလုံးယောင်ယမ်းချိန်၌၊ (Steroid) ဆေး (ဥပမာ) (Prednisolone) ကို အသုံးပြုရမည်။ အကယ်၍ လူနာ၌ (Heart Attack) နှလုံးအောင့်ခြင်း ဖြစ်ပေါ်လာပါက၊ ကုသမှုကို သင့်လျော်စွာ ပေးသွားရမည် ဖြစ်သည်။

 

ကလေးသူငယ်လူနာများတွင်မူ ၊ သူတို့၏ လက်နှင့် ခြေများကို ကောင်းစွာ မထိန်းချုပ်ထားနိုင်လျှင် ၊ ဆရာဝန်သည် ထိုကလေးကို ငြိမ်သက်နိုင်စေသော ဆေးနှင့် ကုသပေးနိုင်ပါသည်။ (Aortic Stenosis) ခေါ် Aortic နှလုံး အဆို့ရှင်ကျဉ်းသည့် ပြဿနာများတွင်၊ ကုသမှုများ၌ အဆို့ရှင်ခွဲစိတ်ပြင်ဆင် ပြုပြင်ခြင်း (valvulotomy) နှင့် (Annuloplasty) ၊ (သို့မဟုတ်) အဆို့ရှင်အစားထိုးခွဲစိတ်ကုသခြင်းများ ပါဝင်ပါသည်။ လေးဖက်နာအဖျားဝင်ခြင်းနောက်တွင် နှလုံးတစ်သျှူး ယောင်ယမ်းခြင်းများ ကျန်ခဲ့ရာ၊ ပိုးပြန်ဝင်နိုင်သည့် ရာခိုင်နှုန်းပမာဏ မြင့်မားပြီး၊ နှလုံးအဆို့ရှင် ချို့ယွင်းခြင်း ၊ ပြဿနာများ ဖြစ်လာနိုင်ပါသည်။

 

ဆရာဝန်များ၏ ညွှန်ကြားချက်များအတိုင်း ကြိုတင်ကာကွယ်ခြင်းများကို တိကျစွာလိုက်နာပြီး ၊ ရက်ချိန်းများကို လိုက်နာတွေ့ဆုံရမည်ဖြစ်ပေသည်။ ထို့အပြင် ၊ လူနာများ၏ ကျန်းမာရေး ပိုမိုကောင်းမွန်ပြီး ခုခံအားပိုမိုကောင်းလာစေရန်နှင့် မကြာခဏ နေမကောင်း ဖြစ်ခြင်းများ မရှိစေရန်၊ ကျန်းမာရေးနှင့် ညီညွတ်စွာနေပြီး၊ သမမျှတသော အစားအစာကို စားသုံးကာ အနားကောင်းမွန်စွာ ယူရပါမည်။

Dr.Nattipat Juthacharoenwong, M.D

 

(Zawgyi)

----------

ေလးဖက္နာ ႏွလုံးေရာဂါ (Rheumatic heart disease)

 

ေလးဖက္နာႏွလုံးေရာဂါ (Rheumatic heart disease) သည္ ေမြးဖြားၿပီး ေနာက္ပိုင္းတြင္ ျဖစ္ေပၚ လာေသာ ႏွလုံးေရာဂါ တစ္မ်ိဳးပင္ျဖစ္ပါတယ္။ ေမြးကင္းစကေလးအရြယ္ ကူးလြယ္ေသာ အုပ္စု A (streptococcal) ဘတ္တီးရီးယားပိုးေၾကာင့္ ေလးဖက္နာအဖ်ား ေဝဒနာဝင္ေရာက္ကာ၊ အသက္ရႈလမ္းေၾကာင္းပိုင္းဆိုင္ရာကို သက္ေရာက္ေစၿပီး၊ လည္ေခ်ာင္းနာ ျခင္း ႏွင့္အတူ အာသီးတစ္ဖက္တစ္ခ်ပ္စီ၌ ေရာင္ရမ္းေစပါတယ္။ သို႔ျဖစ္ပါ၍ ဤသို႔ေသာ အေျခအေနမ်ိဳး၌ ကုသမႈမခံယူျခင္း (သို႔မဟုတ္) မိမိ၏ ခႏၶာကိုယ္သည္ ဝင္ေရာက္ေသာ ပိုးကို ပုံမမွန္ေသာ တုန႔္ျပန္ခ်က္ ရွိေသာအခါ ကိုယ္ခႏၶာ၌ (antibodies) မ်ား ထုတ္လႊတ္ၿပီး၊ မိမိကိုယ္ကို ျပန္၍ အႏၲရာယ္ရွိေစျခင္းမ်ား ျဖစ္ေစပါတယ္။

 

ထိုသို႔ေသာ အခ်က္မ်ားသည္ ကိုယ္ခႏၶာ၏ အဂၤါအစိတ္အပိုင္းမ်ားစြာျဖစ္သည့္ အေရျပား၊ ဗဟိုအာ႐ုံေၾကာမအဖြဲ႕အစည္း၊ အဆစ္အျမစ္မ်ား၊ ႏွလုံးတစ္သၽွဴး ၊ ႏွလုံးအဆို႔ရွင္မ်ားႏွင့္ ႏွလုံးႂကြက္သားမ်ား အစရွိေသာ ေနရာမ်ားကို ေရာင္ရမ္းေစၿပီး၊ ထိခိုက္ေစနိုင္ပါတယ္။ ေလးဖက္နာအဖ်ားေဝဒနာရွိေသာ လူနာမ်ားကို ေအာင္ျမင္စြာ ကုသမႈခံယူၿပီး၊ နလန္ထူလာ နိုင္ျခင္းရွိေသာ္လည္း၊ ႏွလုံးအဆို႔ရွင္၌ အမာရြတ္က်န္ရွိေနျခင္းေၾကာင့္ ေသြးလည္ပတ္မႈ ပိုင္ဆိုင္ရာမ်ားကို ဆိုးဝါးစြာ ထိခိုက္ေစၿပီး၊ နာတာရွည္ႏွလုံးေရာဂါကို ရရွိေစနိုင္ပါတယ္။ ထို႔အျပင္ ၊ ေလးဖက္နာအဖ်ား ေဝဒနာရွိေသာ လူနာ၏ ၃၀% မွာ ႏွလုံးျပႆနာမ်ား စတင္ရွိ လာၿပီး၊ ကေလးအသက္ ၅ ႏွစ္ မွ ၁၅ ႏွစ္ အတြင္း ကေလးငယ္မ်ား၌ ေလးဖက္နာ ႏွလုံးေရာဂါ ျဖစ္နိုင္ေၿခ အျမင့္ဆုံးပင္ ျဖစ္ပါတယ္။

 

ေလးဖက္နာအဖ်ား၏ လကၡဏာမ်ား

ေလးဖက္နာအဖ်ားေဝဒနာ၏ ကနဦးအစတြင္ အဆစ္ အျမစ္နာက်င္ျခင္းကို ဦးစြာ ခံစားရမည္။ ထိုလူနာသည္ ကိုယ္ခႏၶာတစ္ခုလုံး၏ အဆစ္အျမစ္မ်ား ဆိုးဝါးစြာ နာက်င္မႈကို ခံစားရမည္။ တစ္ဆက္တည္းေသာ အေရျပားအကြက္မ်ားသည္ လူနာ၏ ကိုယ္ခႏၶာ ၊ လက္ေမာင္း ႏွင့္ ေျခေထာက္မ်ားတြင္ ေပၚေပါက္လာၿပီး၊ လက္ဖ်ံမ်ား ၊ ဒူးေခါင္းမ်ား ေျခဖမိုးမ်ား ၊ ေျခမ်က္စိမ်ားႏွင့္ လက္ေကာက္ဝတ္မ်ားတြင္ အဖုငယ္ေလးမ်ား ထြက္လာ လိမ့္မည္။ သို႔ေသာ္လည္း ထိုအဖုမ်ား ရက္သတၱပတ္အနည္းငယ္တြင္သာ ေပ်ာက္သြား လိမ့္မည္ ျဖစ္ပါတယ္။

 

အခ်ိဳ႕ေသာ ကေလးငယ္မ်ားတြင္မူ ၊ ျဖစ္ေလ့ျဖစ္ထရွိေသာ အဖုအနီဝိုင္းႀကီးမွာ ပမာဏ အားျဖင့္ ၁ စင္တီမီတာမွ ၃စင္တီမီတာအထိ ရွိၿပီး အလယ္တြင္ျဖဴေနတတ္သည္။ သို႔ေသာ္လည္း ထိုအဖုမ်ိဳးမွာ နာျခင္း ၊ ယားယံျခင္း မရွိေစဘဲ ၊ ျပန္လည္ေပ်ာက္သြားေလ့ ရွိရပါတယ္။

 

ထိုလူနာမ်ားသည္ ခႏၶာကိုယ္ဟန္ခ်က္ပ်က္ျခင္း (သို႔မဟုတ္) ႂကြက္သားမ်ား အားနည္းျခင္း စသျဖင့္ ေတြ႕ၾကဳံရတတ္ျပီး အခ်ိဳ႕ေသာလူနာမ်ားသည္ အစားစားခ်င္စိတ္ပ်က္ျခင္း (သို႔မဟုတ္) အဖ်ားရွိျခင္းမ်ား ျဖစ္တတ္ပါသည္။
အခ်ိဳ႕ေသာလူနာမ်ားတြင္ ႏွလုံးျပႆနာမ်ားေၾကာင့္ လြယ္ကူစြာ ပင္ပန္းႏြမ္းနယ္ျခင္းမ်ား ျဖစ္ေပၚေစပါတယ္။ ဥပမာ (Myocarditis) ႏွလုံးႂကြက္သားေရာင္ရမ္းျခင္း၊ (Endocarditis) ႏွလုံးအတြင္း အလႊာပိုးဝင္ျခင္း ႏွင့္ (heart value regurgitation) ေခၚ ႏွလုံးအဆို႔ရွင္ ျခင္းမ်ားပင္ ျဖစ္ပါတယ္။

 

ေလးဖက္နာႏွလုံးေရာဂါ၏ လကၡဏာမ်ား

သို႔ျဖစ္ပါ၍ ႏွလုံးတစ္သၽွဴးတြင္ ဘတ္တီးရီးယားပိုးဝင္ေရာက္ခဲ့ေသာ္ ႏွလုံးအဆို႔ရွင္၏ ေရာင္ရမ္းသည့္ ပမာဏေပၚမူတည္ၿပီး၊ အဆို႔ရွင္ယိုျခင္း ႏွင့္ အဆို႔ရွင္ က်ဥ္းျခင္းမ်ားတို႔ျဖစ္ေပၚေစပါတယ္။ ေမြးကင္းစကေလးငယ္မ်ားတြင္ နားေနခ်ိန္ေသာ္လည္းေကာင္း၊ ေလ့က်င့္ခန္းလုပ္စဥ္ ေသာ္လည္းေကာင္း၊ (သို႔မဟုတ္) စာလုပ္ေနစဥ္ေသာ္လည္းေကာင္း၊ အထူးေမာပန္း ေနတတ္ပါတယ္။

 

ဆိုးဝါးေသာအေျခအေနမ်ားတြင္မူ ၊ လူနာသည္ ေကာင္းမြန္စြာ လွဲေန၍ မရနိုင္ေပ။ ေခါင္းအုံး အကူျဖင့္ မတ္ထားရျခင္းမ်ား ပို၍ လိုအပ္ပါတယ္။ အခ်ိဳ႕ေသာကေလးမ်ားသည္ သူတို႔သက္တူ လူငယ္လူရြယ္မ်ားကဲ့သို႔၊ ကိုယ္ခႏၶာ ဖြံ့ၿဖိဳးတိုးတက္မႈ ေႏွးၿပီး ေမာပန္းႏြမ္းနယ္ျခင္း ၊ မၾကာခဏ ဖ်ားနာျခင္းတို႔ ျဖစ္တတ္ပါတယ္။

Read More : ဂ်ပန္တြင္ ကေလးႏို႔ရည္ေဖာ္ျမဴလာသစ္ေစ်းကြက္ဝင္လာ

ဂ်ပန္တြင္ ကေလးႏို႔ရည္ေဖာ္ျမဴလာသစ္ေစ်းကြက္ဝင္လာ

 

ႀကိဳတင္ကာကြယ္ျခင္း

ဖ်ားျခင္း(သို႔မဟုတ္) လည္ေခ်ာင္းနာေနေသာ လူနာႏွင့္ ထိေတြ႕ၿပီး ပိုးကူးျခင္းမွ ကာကြယ္ရန္ ေရွာင္ရွားေနထိုင္သင့္ပါတယ္။ အကယ္၍ ဖ်ားျခင္း ၊ လည္ေခ်ာင္းနာျခင္း ၊ အဆစ္အျမစ္နာက်င္ကိုက္ခဲျခင္း ၊ အေရျပားအကြက္ထျခင္း (သို႔မဟုတ္) အေရျပားေပၚတြင္ ပုံမမွန္ေသာ အဖုႀကီးမ်ား ေပၚေပါက္လာပါက ဆရာဝန္ ႏွင့္ ေတြ႕ဆုံသင့္ပါတယ္။ ပိုးသတ္ေဆးေသာက္ရမည္ဆိုပါက ၊ ေပးထားသည့္ ေဆးညႊန္းအတိုင္း တေသြမတိန္း ရက္ျပည့္ ေသာက္ရမည္။ အဘယ္ေၾကာင့္ဆိုေသာ္ လူနာ၌ ေဆးယဥ္သြားနိုင္ျခင္းေၾကာင့္ဘဲ ျဖစ္ပါတယ္။

 

ေရာဂါအမည္ရွာေဖြျခင္း

ႏွလုံးေရာဂါ ရွိမရွိ စစ္ေဆးျခင္း ၊ ဥပမာ ၊ နားၾကပ္ျဖင့္ ႏွလုံးကို နားေထာင္ရာတြင္ ႏွလုံးခုန္ႏႈန္းစည္းခ်က္ မမွန္မႈကို စမ္းသပ္ျခင္း။ ႏွလုံး၏ လၽွပ္စစ္စီးလွိုင္း ပုံမွန္၊ မမွန္ သိရွိေစရန္ ႏွလုံးလုပ္ေဆာင္ခ်က္ (electrocardiogram) ျဖင့္ ပုံစံမတူေသာ ႏွလုံးအဆို႔ရွင္ျပႆနာမ်ား စစ္ေဆးျခင္း။ ႏွလုံးလုပ္ေဆာင္ခ်က္ (electrocardiogram) ျဖင့္ ပုံစံမတူေသာ ႏွလုံးအဆို႔ရွင္ ျပႆနာမ်ား စစ္ေဆးျခင္း။ ေသြးစစ္ျခင္းျဖင့္ ကိုယ္ခႏၶာ၌ မည္သည့္ ေရာင္ရမ္းျခင္းကိုမဆို တိုင္းတာသိရွိရန္ စစ္ေဆးျခင္း။ အဆုတ္ဓါတ္မွန္ (Chest X – Ray) ရိုက္ျခင္းျဖင့္ ႏွလုံးပုံရိပ္ႀကီးမားေနပုံကို ျမင္ရၿပီး ႏွလုံးေရာင္ရမ္းမႈ ျပႆနာကို ရွာေဖြ စစ္ေဆးျခင္း။

 

ကုသမႈနည္းလမ္းမ်ား

မည္သည့္ ဘတ္တီးရီးယားပိုးမဆို အျမစ္ျပတ္ ကုသရန္အတြက္ (Penicillin V) ပိုးသတ္ေဆး (သို႔မဟုတ္) (Erythromyin) ပိုးသတ္ေဆးကို ၁၀ ရက္မွ ၁၄ ရက္အထိ ရက္ျပည့္ေဆးေသာက္ရန္။ အေရာင္က်ေဆး ၊ ဥပမာ (Aspririn Pill) ၂ လုံးမွ ၄ လုံးကို ၆ နာရီ ျခားေပးရန္၊ (သို႔မဟုတ္) (Sodium Salicylate) ေဆးကို (Steroidal Hormone) ေဆးျဖင့္ အတူ ၅ ရက္မွ ၁၀ ရက္ အထိ ေပးရန္။ သို႔ပါ၍ ဆိုးရြားေသာႏွလုံးေယာင္ယမ္းခ်ိန္၌၊ (Steroid) ေဆး (ဥပမာ) (Prednisolone) ကို အသုံးျပဳရမည္။ အကယ္၍ လူနာ၌ (Heart Attack) ႏွလုံးေအာင့္ျခင္း ျဖစ္ေပၚလာပါက၊ ကုသမႈကို သင့္ေလ်ာ္စြာ ေပးသြားရမည္ ျဖစ္သည္။

 

ကေလးသူငယ္လူနာမ်ားတြင္မူ ၊ သူတို႔၏ လက္ႏွင့္ ေျခမ်ားကို ေကာင္းစြာ မထိန္းခ်ဳပ္ထားနိုင္လၽွင္ ၊ ဆရာဝန္သည္ ထိုကေလးကို ၿငိမ္သက္နိုင္ေစေသာ ေဆးႏွင့္ ကုသေပးနိုင္ပါသည္။ (Aortic Stenosis) ေခၚ Aortic ႏွလုံး အဆို႔ရွင္က်ဥ္းသည့္ ျပႆနာမ်ားတြင္၊ ကုသမႈမ်ား၌ အဆို႔ရွင္ခြဲစိတ္ျပင္ဆင္ ျပဳျပင္ျခင္း (valvulotomy) ႏွင့္ (Annuloplasty) ၊ (သို႔မဟုတ္) အဆို႔ရွင္အစားထိုးခြဲစိတ္ကုသျခင္းမ်ား ပါဝင္ပါသည္။ ေလးဖက္နာအဖ်ားဝင္ျခင္းေနာက္တြင္ ႏွလုံးတစ္သၽွဴး ေယာင္ယမ္းျခင္းမ်ား က်န္ခဲ့ရာ၊ ပိုးျပန္ဝင္နိုင္သည့္ ရာခိုင္ႏႈန္းပမာဏ ျမင့္မားၿပီး၊ ႏွလုံးအဆို႔ရွင္ ခ်ိဳ႕ယြင္းျခင္း ၊ ျပႆနာမ်ား ျဖစ္လာနိုင္ပါသည္။

 

ဆရာဝန္မ်ား၏ ညႊန္ၾကားခ်က္မ်ားအတိုင္း ႀကိဳတင္ကာကြယ္ျခင္းမ်ားကို တိက်စြာလိုက္နာၿပီး ၊ ရက္ခ်ိန္းမ်ားကို လိုက္နာေတြ႕ဆုံရမည္ျဖစ္ေပသည္။ ထို႔အျပင္ ၊ လူနာမ်ား၏ က်န္းမာေရး ပိုမိုေကာင္းမြန္ၿပီး ခုခံအားပိုမိုေကာင္းလာေစရန္ႏွင့္ မၾကာခဏ ေနမေကာင္း ျဖစ္ျခင္းမ်ား မရွိေစရန္၊ က်န္းမာေရးႏွင့္ ညီညြတ္စြာေနၿပီး၊ သမမၽွတေသာ အစားအစာကို စားသုံးကာ အနားေကာင္းမြန္စြာ ယူရပါမည္။

 

Dr.Nattipat Juthacharoenwong, M.D

Read times Last modified on Monday, 03 February 2020 09:23
Rate this item
(1 Vote)