What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 22 May 2019 16:13

နှလုံးဆဲလ် နှင့် တစ်ရှုးကို အသစ်တဖန်ပြန်လှည်မွေးဖွားပေးနိုင်တဲ့ Cdx2 ဆဲလ်ကိုရှာဖွေတွေ့ရှိ

နှလုံးမှာ ဘာကြောင့်ပြဿနာအမျိုးမျိုးတက်နေရတာလည်းဆိုရင် နှလုံးအတွင်းမှာ ရှိတဲ့ ဆဲလ်တွေ ၊ တစ်ရှုးတွေဆီသို့ ဆံချည်မျှင်သွေးကြောငယ်လေးများမှ တဆင့် အဟာရဓာတ်များ သယ်ယူပို့ခြင်း မရှိတော့ဘူးဆိုရင် နှလုံးကြွက်သားများ လိုအပ်သော အဟာရဓာတ်မရရှိတဲ့အခါ နှလုံးတိုက်ခိုက်ခြင်း စတင်ခံရတော့မှာ ဖြစ်ပါတယ်။

လူတစ်ဦးရဲ့ နှလုံးသွေးကြောသွေးတွေက ကျဉ်းမြောင်းလာတဲ့အခါ နှလုံးကြွက်သားဆဲလ် နှင့် အခြားဆဲလ်တွေဟာ ထိခိုက်လာတက်ပြီး ၎င်းဆဲလ်များ လည်ပတ်သွေး သွေးလွတ်ကြော ၊ သွေးပြန်ကြော ၊ ဆံချည်မျှင်သွေးကြောငယ်လေက သွေးပတ်လည်မှု မမှန်တော့ပဲ ထိခိုက်ပျက်စီခြင်း ဖြစ်ပေါ်တက်ပါတယ်။ ဒါတွေဟာ နှလုံးသွေးကြောကျဉ်ရောဂါရဲ့ နောက်ဆက်တွဲ ဖြစ်စဉ်တွေဘဲ ဖြစ်ပါတယ်။

 

နှလုံးသွေးကြောပျက်စီခြင်းခြင်းကြောင့် နှလုံးအတွင်းမှာရှိတဲ့ ကြွက်သားတစ်ရှုးများ ၊ ဆံချည်သွေးကြောငယ်လေးများ နှင့် ဆဲလ်များ ပျက်စီခြင်းကို ဖြစ်နိုင်ပါတယ်။ နှလုံးသွေးကြောကျဉ်ရောဂါကြောင့် ခွဲစိတ်မှုတွေ ပြုလုပ်ရတာရှိသလို ၊ ဆေးပုံမှန်သောက်သုံးနေရတဲ့သူတွေလဲ ရှိပါတယ်။ အလားတူပင် ကမ္ဘာတစ်ဝှမ်းမှာ လူဦးရေ ၂၃ သန်းခန့်ဟာ နှလုံးတိုက်ခိုက်မှု ပြဿနာကို ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

 

 

 

CDx2 ဆဲလ်ဟာ နှလုံးအတွင်းမှာရှိတဲ့ အထီးကျန်ဆဲလ်များနှင့် တိုက်ခိုက်ခြင်းခံရသောဆဲလ်များ ၊ ပျက်စီးသွားတဲ့ဆဲလ်တွေကို အသစ်တစ်ဖန်မွေးဖွားပေးခြင်းကို ကူညီးပေးနိုင်မယ့် နည်းလမ်းကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ၎င်းCDx2 ဆဲလ်ကို နှလုံးတိုက်ခိုက်ခြင်းခံရတဲ့ တိရိစ္ဆာန်များနှင့် စမ်းသပ်ပြီး တစ်ရှုးများတစ်သစ်တစ်ဖန်မွေးဖွားရန် စွမ်းရည်ကို ဖော်ထုတ်ပြသခဲ့ပါတယ်။

 

CDx2 ဆဲလ်ဟာ သူရဲ့လုပ်ဆောင်တွေကို ပစ်မှတ်ထားပြီး သွေးလည်ပတ်မှုကနေတစ်ဆင့် တိုက်ရိုက်သွားလာနိုင်ပြီး ကိုယ်ခံအားစနစ်တွေကို ရှောင်းရှာနိုင်စွမ်းရှိကြောင်း သိရပါတယ်။ CDx2 ဆဲလ်သည် နှလုံးသွေးကြောဆိုင်ရာဆဲလ်တွေကို အကြမ်းအားဖြင့် ၄၀ ရာခိုင်နှုန်းကို အလျင်အမြန်ပြုလုပ်နိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ CDx2 ဆဲလ်ဟာ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ပျက်စီနေတဲ့ ဆဲလ်တွေ ၊ တစ်ရှုးတွေကို သွေးလည်မှုစနစ်ကနေတစ်ဆင့် အလျင်အမြန်ရှာဖွေပြီး အသစ်တစ်ဖန်မွေးဖွားပေးနိုင်တယ်လို့ သိရပါတယ်။

 

Read More : အဆီတွေကို လောင်ကျွမ်းသွားဖို့အတွက် ဘာတွေကို စားသုံးမလဲ

အဆီတွေကို လောင်ကျွမ်းသွားဖို့အတွက် ဘာတွေကို စားသုံးမလဲ

 

အဆိုပါ CDx2 ဆဲလ်မှာ စိတ်ဝင်စားဖို့ကောင်းဖို့ကောင်းတဲ့ ဂုဏ်သတ္တိ နှစ်မျိုးလည်းပါဝင်နေပါတယ်။ တစ်မျိုးကတော့ ခန္ဓာကိုယ်အတွင်းမှာ ပျက်စီးနေတဲ့ ဆဲလ်များနှင့် တစ်ရှုးတွေကို အလျင်အမြန်သွားရောက်ပြီး အသစ်တစ်ဖန်ပြန်လှည် မွေးဖွားစေပြီး နောက်တစ်ချက်တော့ ကိုယ်ဝန်ဆောင် ကိုယ်ခံစွမ်းအားတွေကို ရှောင်းရှာပြီးသွားလာနိုင်တာလည်း ဖြစ်ပါတယ်။

 

CDx2 ဆဲလ်ဟာ သန္ဓေအချင်းမှာ သီးခြားတည်ရှိနေတဲ့ ပင်မဆဲလ်တစ်မျိုးပင်ဖြစ်ပြီး ၎င်းCDx2 ဆဲလ်ကို PNSA (the United State of America)  ဆေးဝါးတက္ကသိုလ် Icahn School မှ ဆေးဝါးသုသေတနပညာများက ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

 

Writting By : A.win (Health Products Directory)

Ref:Thailand Medical News

Read times Last modified on Wednesday, 22 May 2019 16:44
Rate this item
(3 votes)