What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 23 May 2019 15:10

အစားအစာထဲမှာပါတဲ့ ဒီဓာတုပစ္စည်း ၅ မျိုးက အူမကြီးကင်ဆာဖြစ်စေပါတယ်

အူမကြီးကင်ဆာ ဆိုတာ မျိုးရိုးရယ် ၊ ပတ်ဝန်းကျင်ရယ် ၊ အစားအသောက်ရယ်၊ ဓာတုအဆိပ်တွေရယ် ကြားမှာ မရည်ရွယ်ဘဲနဲ့ ဖြစ်သွားတဲ့ အရေးတကြီးကိစ္စတစ်ခုပါပဲ။ 

အကင်ဆိုရင် မီးကျွမ်းကျွမ်းလေး အပေါ်ယံကျွတ်ကျွတ်လေးမှလို့ဆိုတဲ့ မီး နဲ့ တိုက်ရိုက် တိုက်ထားတဲ့ အစားအစာတွေ၊ ကြာရှည်ခံဆေးတွေပါတဲ့ အစာတွေ၊ ပိုးသတ်ဆေးတွေ ဖျန်းထားလို့ ညစ်ညမ်းနေတဲ့ အစားအစာတွေ အားလုံးဟာ အူမကြီးကင်ဆာ ဖြစ်စေနိုင်တဲ့ အာနိသင် ရှိပါတယ်။ ဆီပေါကြော် လို့ခေါ်တဲ့ ဆီထဲမှာ နှစ်ပြီးမှ ကြော်ရတဲ့ အကြော်တွေကို ကြော်တဲ့ဆီတွေ (တစ်ခါတစ်လေ ဆီတွေက နှစ်ပြန်မက ကြော်ထားပြီးသား) ဆီပျက်တွေ ထဲမှာ ကင်ဆာဖြစ်စေတဲ့ ဓာတုဗေဒ အဆိပ်ဓာတ်တွေကို တွေ့ရပါသတဲ့။ အဲဒီလိုဆီမျိုးတွေ ကိုယ့်ဗိုက်ထဲမှာ တဖြည်းဖြည်းနဲ့ စုမိဆောင်းမိ ဖြစ်လေလေ အစာခြေအဖွဲ့အစည်းမှာ ကင်ဆာဖြစ်နိုင်ချေ များလာလေလေပါပဲ။

 

အူလမ်းကြောင်းမှန်ပြောင်းကြည့်စစ်ဆေးခြင်းဟာ ဒီ ကင်ဆာမျိုးနဲ့ သေဆုံးမှုနှုန်းကို လျှော့ချပေး နိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ချေအန္တရာယ်နှုန်း မြင့်မားတဲ့အုပ်စု ( ကင်ဆာမျိုးရိုး ရှိသူတွေ နဲ့ အထက်ဖော်ပြပါ အစားအစာမျိုး သိပ်ကြိုက်တဲ့သူတွေ) ဟာ အူလမ်းကြောင်းစစ်ဆေးမှုကို မဖြစ်မနေ ပြုလုပ်ကြဖို့ အကြံပြု တိုက်တွန်းပါတယ်။ ဒီတော့ ဒီ အူမကြီးကင်ဆာဖြစ်ဖို့ လှုံ့ဆော်ပေးနေတဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်း ၅ မျိုးအကြောင်း ကို တစ်ချက်လောက် ကြည့် ကြည့်ရအောင်ပါ။

 

Heterocyclic amines (HCAs) and polycyclic aromatic hydrocarbons (PAHs)

Image result for Heterocyclic amines (HCAs) and polycyclic aromatic hydrocarbons (PAHs)

ဒီဓာတုအဆိပ်ကတော့ ကျွမ်းကျွမ်း ကျွတ်ကျွတ်ကလေး ကင်ထားတဲ့ အကင်တွေမှာ တွေ့ရပါတယ်။ အသားမှာပါတဲ့ အဆီတွေနဲ့ မီးနဲ့ တိုက်ရိုက် ထိတွေ့ပြီး ဓာတ်ပြုလိုက်တဲ့ အခါ အဲဒီ ဓာတုအဆိပ်တွေပါတဲ မီးခိုးငွေ့တွေ ဖြစ်လာတာပါ။ အကင်တွေကို မှန်မှန်စားဖြစ်နေတဲ့ သူတွေအဖို့ ဒီ အဆိပ်ဓာတ်တွေ ကိုယ်ထဲမှာ စုမိနေပြီး အူမကြီးကင်ဆာအပြင် ရင်သား၊ အဆုတ် နဲ့ အစာအိမ်ကင်ဆာတွေ ဖြစ်ဖို့ အလားအလာတွေ ရှိလာပါတယ်။

 

Acrylamide

Related image

ဒီဓာတုအဆိပ်ကတော့ ဆီပေါကြော် လို့ခေါ်တဲ့ ဆီထဲမှာ နှစ်ပြီးမှ ကြော်ရတဲ့ အကြော်တွေ၊ အပူရှိန် မြင့်မြင့်နဲ့ ဖုတ်ရတဲ့မုန့်တွေ ထဲမှာ တွေ့ရပါတယ်။ ဥပမာအားဖြင့် – french fries အာလူးကြော်၊ မုန့်ကြွပ်နဲ့ ဘီစကစ်တွေ စ တာတွေ ဖြစ်ပါတယ်။ အထူးသဖြင့် နှစ်ပြန်မက ပြန်ကြော်ထားတဲ့ ဆီတွေနဲ့ အကြော်ခံထားရတဲ့ အစားအစာတွေမှာ ပျံ့နှံ့ နေတတ်ပါတယ်။ အထပ်ထပ်အခါခါ ပြန်ကြော်လို့ ပျက်သွားတဲ့ ဆီပျက်တွေဟာ ဒီ ဓာတုပစ္စည်းကို ထုတ်လုပ်ပါတယ်။ အဆိုပါ ဓာတုအဆိပ်တွေ ကိုယ်ထဲကို အများကြီးရောက်သွားပြီဆိုရင် အစာခြေအဖွဲ့အစည်းမှာ ကင်ဆာဖြစ်တော့တာပါပဲ။ ပြီးတော့ အဲဒီလို ဆီမျိုးကနေ ထွက်လာတဲ့ ညှော်နံ့ကို ရှူမိရင်လဲ အဆုတ်ကင်ဆာ ဖြစ်တတ်ပါသေးတယ်။

 

Read More : ဗီတာမင်ဒီ ချို့တဲ့ခြင်းကြောင့် အရိုးပွရောဂါ ပိုဖြစ်နိုင်

ဗီတာမင်ဒီ ချို့တဲ့ခြင်းကြောင့် အရိုးပွရောဂါ ပိုဖြစ်နိုင်

 

Nitrate nitrite

Related image

ကယ်မီကယ် တစ်မျိုးကတော့ အသားတွေ နီရဲလတ်ဆတ်နေအောင် ထည့်ရတဲ့ ကြာရှည်ခံဆေးပဲ ဖြစ်ပါတယ်။ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်၊ ဘေကွန်၊ ဝက်သားချဉ်၊ တရုတ်ဝက်အူချောင်း၊ အမဲသားဆားနယ် စတာတွေမှာ သုံးပါတယ်။ နိုက်ထရိတ် က အဆိုပါအစားအစာတွေမှာပါတဲ့ အမိုင်နိုအက်ဆစ်ထုတ်တဲ့ amine-based ingredients တွေနဲ့ ဓာတ်ပြုပြီး နိုက်ထရိုစမိုင်း (nitrosamines) ဆိုတဲ့ ကယ်မီကယ်ကို အစာအိမ်ထဲမှာ ထုတ်လုပ်ပါတယ်။ အဲဒီဓာတ်က ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း တော်တော်များများမှာ ကင်ဆာ ဖြစ်စေပါတယ်။ အထူးသဖြင့် ပန်ကရိယ၊ အစာပြွန်၊ သည်းခြေ၊ အသည်း၊ ကျောက်ကပ်၊ အစာအိမ် နဲ့ အူမကြီး တွေမှာ ဖြစ်တတ်ပါတယ်။ တကယ်လို့ ဒီလိုအစားအစာတွေကို မရှောင်နိုင်ဘူး ဆိုရင်တောင် လျှော့စားကြဖို့ တိုက်တွန်းပါတယ်။

 

Organophosphate

Related image

ဒါကတော့ ပိုးသတ်ဆေးမှာ ပါတာပါ။ ဒီတော့ ဆေးဖျန်းထားလို့ ညစ်ညမ်းနေတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေမှာ တွေ့ရတာပေါ့။ သုတေသန တွေ့ရှိချက်တွေအရတော့ ဒါမျိုးတွေဟာ စိုက်ပျိုးရေးကဏ္ဍတွေမှာ သုံးခဲ့တာပါ။ အများစုကတော့ အောဂင်နိုဖော့စဖိတ် ပါတဲ့ ပိုးသတ်ဆေးတွေ အသုံးများပါတယ်။ နောက်ပြီး မေးချင်တာ တစ်ခုက ဒီကနေ့ လူ့အဖွဲ့အစည်းမှာ ဘယ်နှယောက်လောက်ကများ အိမ်မှာ ကိုယ့်ဟာကိုယ် ချက်စားဖြစ်နေ ကြပါသလဲ ဆိုတာပါပဲ။

 

နောက်ပြီးတော့ အဲဒီလို ချက်စားနေကြသူတွေထဲကမှ ရာခိုင်နှုန်း ဘယ်လောက်ကများ ကိုယ်ဝယ်ခဲ့တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေဟာ အော်ဂဲနစ်စိုက်ခင်းက ထွက်တာ ဟုတ် မဟုတ်၊ ချက်ခါနီးမှာ ရေစင်စင်ဆေး မဆေး ဆိုတာကို ဂရုတစိုက် ပြုဖြစ်ကြပါ သလား ဆိုတာကိုလည်း မေးချင်ပါတယ်။ လေ့လာမှုတွေအရကတော့ ဒီ ဓာတုအဆိပ်က acute myeloid leukemia လို့ ခေါ်တဲ့ ပြင်းထန်သွေးကင်ဆာ၊ ဦးနှောက်ကင်ဆာ၊ ပြန်ရည်ကြောကင်ဆာ နဲ့ အစာခြေအင်္ဂါအဖွဲ့အစည်းမှာ ကင်ဆာတွေ ဖြစ်စေတတ်ပါတယ် တဲ့။

 

Acetaldehyde

Related image

ဒါကတော့ အရက်ထဲမှာ ပါတာပါ။ ဒီတော့ မှန်မှန်သောက်သုံးသူတွေရဲ့ ကိုယ်ထဲမှာ ဒီဓာတုပစ္စည်းတွေ အများကြီးရောက်နေတာပေါ့။ ပြီးတော့ လွယ်လွယ်ကူကူနဲ့ ပြန် စွန့်ထုတ် ပစ်ဖို့လဲ ခက်ပါတယ်။ ဒီ ဓာတ်ပစ္စည်းကတော့ ကိုယ်ခန္ဓာရဲ့ DNA ကို ဖျက်ဆီးပစ်တတ်ပြီး ကင်ဆာအမျိုးမျိုးကို ဖြစ်စေတတ်တဲ့ မျိုးရိုးဗီဇကို ထုတ်လုပ်ဖို့ အားပေးတတ်ပါတယ်။

 

အချုပ်အားဖြင့်ဆိုရမယ်ဆိုရင်… အစားအသောက်ကို သေသေချာချာရွေးချယ်စားသောက်ဖို့ရယ်၊ မိမိရဲ့ ကိုယ်စိတ်နှစ်ပါးကျန်းမာရေးကို ပုံမှန်ဂရုစိုက်ဖို့ရယ် အပြင် မိမိ သွားလိုက်တဲ့ ဝမ်းရဲ့ အခြေအနေ (အရောင်တို့ အနံ့တို့) ကိုလည်း အမြဲ စစ်ဆေးကြည့်နေဖို့ လိုအပ်ပါတယ်။ ဝမ်း စစ်တာဟာ အလွန်လွယ်ကူပြီး အိမ်မှာပဲ ကိုယ့်ဟာကိုယ် လုပ်နိုင်တဲ့အပြင် အလွန်လဲ ထိရောက်ပါတယ်။ တကယ်လို့ မိမိရဲ့ ဝမ်း ဟာ အကြောင်းမရှိဘဲ ရုတ်တရက် အရောင် ပြောင်းသွားတာ၊ အရွယ်အစား ပြောင်းသွားတာ၊ ပုံစံ ပြောင်းသွားတာမျိုး ဖြစ်ခဲ့လို့ရှိရင် ဆရာဝန်နဲ့တိုင်ပင်ပြီး လိုအပ်တာတွေကို စစ်ဆေးပါ။ အူလမ်းကြောင်းမှန်ပြောင်းစစ်ဆေးမှုလည်း ပါဝင်ပါစေ လို့ ထပ်လောင်းအကြံပြု တိုက်တွန်းလိုက်ရပါတယ်။

 

Dr . Supawong Assadamongkol, M.D

Read times Last modified on Thursday, 23 May 2019 15:24
Rate this item
(2 votes)