What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 24 May 2019 18:41

နှလုံး အဆို့ရှင် မလုံခြင်းအကြောင်း သိကောင်းစရာ

အသက်ကြီးမှဖြစ်တဲ့ နှလုံးအဆို့ရှင် မလုံခြင်က ဖြစ်စမှာ မွေးရာပါ နှလုံးအဆို့ရှင် မလုံသည့်ရောဂါ လက္ခဏာ ပြလေ့မရှိပါဘူး။

နှလုံးအဆို့ရှင် မလုံရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ ကိုယ်လက်လုပ်ရှားမှုနည်းခြင်း နှင့် သွေးတိုး ၊ ဆီးချို ၊ သွေးအတွင်းအဆီများခြင်း ၊ နှလုံးသွေးကြောကျဉ်းခြင်းတို့၏ နောက်ဆက်တွဲ ပြဿနာကြောင့် ဖြစ်နိုင်ပါတယ်။ နှလုံးမှာ အဆို့ရှင်လေးခုပါရှိပြီး ၎င်းထဲမှ Mitral Valve နဲ့ Aotic Valve စတဲ့ အဆို့ရှင်မလုံခြင်းကြောင့်ဘဲ ဖြစ်ပါတယ်။

 

 

sjoipgtj

 

နှလုံးအဆို့ရှင်မလုံခြင်း ၏အကြောင်းရင်းများကတော့ မွေးရာပါ နှလုံးအဆို့ရှင်ပုံမမှန်ခြင်းကြောင့် ဖြစ်သော နှလုံးအဆို့ရှင်မလုံခြင်း ၊ အခြားရောဂါတခုခုကြောင့်နောက်ဆက်တွဲ နှလုံးအဆို့ရှင်မလုံခြင်း ၊ နှလုံးအဆို့ရှင်ပိုးဝင်ခြင်း (လည်ပင်းနာ၊အာသီးရောင်၊ လေပြွန်နှင့်အဆုတ်ရောင်ရမှ နှလုံးအဆို့ရှင်ထိပိုးရောက်သွားခြင်း) -ကလေးငယ်များ၊သက်ကြီးရွယ်အိုများနှင့် ခုခံအားကျဆင်းနေသောရောဂါခံစားနေရသူများတွင် အတွေ့ရများပါတယ်။

 

Read More : နှာခေါင်းသွေးလျှံခြင်း

နှာခေါင်းသွေးလျှံခြင်း

 

နှလုံးသွေးကြောပိတ်ခြင်းကြောင့် နှလုံးကြွက်သားများပုပ်သွားပြီး အဆို့ရှင်မလုံခြင်း ၊ နှလုံးအဆို့ရှင်မလုံခြင်း ဖြစ်နိုင်ခြေများသူများ ၊ မွေးရာပါ နှလုံးအဆို့ရှင်ပုံမှန်မဟုတ်သူများ ၊ ကလေးငယ်များ၊သက်ကြီးရွယ်အိုများ ၊ ခုခံအားကျဆင်းသောရောဂါခံစားနေရသူများ ၊ ဆေးလိပ်သောက်သုံးသူများ ၊ အသက် ၄၀ အထက် အမျိုးသားများ ၊ အသက် ၅၀ အထက် သွေးဆုံးပြီးသော အမျိုးသမီးများ ၊ ဆီးချို၊နှလုံးရောဂါ၊သွေးတိုး၊သွေးတွင်းအဆီများသော သူများ ရောဂါလက္ခဏာများ ၊ မောပန်းလွယ်ခြင်း ၊ အသက်ရှူမဝခြင်း ၊ ရင်တုန်ခြင်း၊ရင်ဘတ်အောင့်ခြင်း ၊ ခြေထောက်များဖောရောင်ခြင်း စတဲ့ လက္ခဏာများကြောင့်လည်း နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် အဆို့ရှင် မလုံခြင်းကို ဖြစ်ပေါ်စေပါတယ်။

 

နှလုံးအဆို့ရှင် မလုံခြင်းကို ကုသရာတွင် ရောဂါစဖြစ်လာတဲ့ အရင်းအမြစ်ကို ကုရသကဲ့သို့ ခံစားနေရတဲ့ လက္ခဏာကို ဆေးများဖြင့် သက်သာအောင်လည်း ကုသရပါတယ်။ အဆို့ရှင်မလုံတဲ့ အခြေအနေ ပိုဆိုးလာခြင်းရှိ ၊ မရှိ ပုံမှန်စစ်ဆေးကုသခြင်းဟာလည်း အရေးကြီးပါတယ်။ ဆေးဖြင့်ကုသနေစဉ် အခြေအနေပိုမိုဆိုးလာပါက ဆရာဝန်မှ နားကြပ်ဖြင့်နှလုံးခုန်သံစစ်ဆေးပေးခြင်း ၊ ရင်ဘတ်ဓာတ်မှန်စစ်ဆေးခြင်း ၊ နှလုံး အာထရာဆောင်းစစ်ဆေးခြင်း တို့ဖြစ် ဆရာဝန်များထံမှ ကုသမှုကို ခံယူရမှာ ဖြစ်ပါတယ်။

 

မွေးရာပါမဟုတ်သော နှလုံးအဆို့ရှင်မလုံခြင်းကို ဘယ်လိုကာကွယ်မလဲ

အာသီးရောင်ခြင်း ၊ အဆုတ်ရောင်ခြင်း တို့ကိုကုသရင်းနှင့် သက်သာလာခြင်းမရှိပါက အထူးကုနှင့် နှလုံးအဆို့ရှင်တွင် ပိုးဝင်ရောက်နေခြင်းရှိမရှိစစ်ဆေးသင့်ပါတယ်။ အကြောင်းရင်းမရှိဘဲ မကြာခဏမောပန်းနေခြင်း ၊ ရင်တုန်ခြင်း ၊ ရင်ဘတ်အောင့်ခြင်းများဖြစ်နေပါက နှလုံးနှင့် အထွေထွေကျန်းမာရေးစစ်ဆေးပေးပါ။

 

သွေးတိုး၊နှလုံး၊ဆီးချို စသည့်ရောဂါရှင်များအနေဖြင့် တနှစ်တခါ နှလုံးကျန်းမာရေးစစ်ဆေးပေးပါ။ ကျန်းမာစေမည့် ပုံမှန်လေ့ကျင့်ခန်းလုပ်ဆောင်ပါ။ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများသာ စားသုံးပါ။

 

Ref:samitivejhospitals

Read times Last modified on Friday, 24 May 2019 19:01
Rate this item
(0 votes)