What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 25 May 2019 16:09

တစ္ေန႔ကို ကယ္လိုရီ ၁၀၀ ေလ်ွာ့ခ်ႏိုင္မည့္ နည္းလမ္း ၁၀ ခု

တစ္ေန့ကုိ ကယ္လုိရီ ၁၀၀ ေလွ်ာ့ခ်တာက သင့္ကို တစ္ႏွစ္အတြင္းမွာ ကိုယ္အေလးခ်ိန္ ၁၀ ေပါင္ က်ဆင္းသြားေအာင္ စြမ္းေဆာင္ ႏုိင္ပါတယ္။

အခုေျပာျပမယ့္ နည္းလမ္းေတြထဲက တစ္ခုကုိ ေရြးခ်ယ္ၿပီး ေန႔စဥ္ လုပ္ေဆာင္ၾကည့္ပါ။ တစ္ေန႔ကို ကယ္လုိရီ ၁၀၀ ေလာင္ကၽြမ္းေစပါတယ္။

 

နည္းလမ္း (၁)

သင္စားတဲ့ အစားအစာေတြရဲ႕ ပမာဏကို မွန္မွန္ကန္ကန္ စားတတ္တဲ့ အေလ့အက်င့္ ရွိေနဖုိ႔က အေရးႀကီးပါတယ္။ သင္စားမယ့္ ပန္းကန္ကို ေလးပံုပံုၿပီး တစ္ပံုကိုထမင္း၊ ႏွစ္ပံုကို ဟင္းသီးဟင္းရြက္နဲ႔ က်န္တစ္ပံုကို သားငါးထည့္စားပါ။

 

နည္းလမ္း (၂)

သင္ အစာစားတဲ့အခါ ဗုိက္ျပည့္သြားေအာင္ စားမယ့္အစား ၈၀ ရာခိုင္ႏႈန္းအထိပဲ ျပည့္ေအာင္စားၿပီး က်န္တဲ့ ၂၀ ရာခိုင္ႏႈန္းေလာက္ေတာ့ ေလွ်ာ့စားေပးပါ။

 

နည္းလမ္း (၃)

သၾကားမပါဘဲ အန႔ံထည့္ထားတဲ့ ပီေကကုိ တီဗီၾကည့္ရင္း၊ အင္တာနက္သံုးရင္း ဝါးေပးပါ။ ညစာမစားခင္ ပီေကဝါးေပးတာက ညစာ ေလွ်ာ့စားမိေစပါတယ္။

 

နည္းလမ္း (၄)

စကားတေျပာေျပာနဲ႔ ထမင္းစားတာက သင္ဗုိက္ျပည့္သြားတယ္ ဆုိတာကို မသိႏုိင္ေတာ့ဘဲ အစာကို အထိန္းအကြပ္မရွိ စားမိတတ္ပါတယ္။ စားတဲ့ အစားအေသာက္ကိုလည္း သင့္က်န္းမာေရးနဲ႔ ညီၫြတ္မႈ ရွိ၊ မရွိ မေရြးခ်ယ္မိေတာ့ပါဘူး။ အမ်ားစုက ဒီအခ်က္ကို ေမ့ေနတတ္ပါတယ္။ ဒါေၾကာင့္ အစာစားခ်ိန္မွာ စကားမေျပာဘဲ သင္စားတဲ့ အစာအေပၚမွာပဲအာ႐ံုစုိက္ၿပီး စားေပးပါ။

 

နည္းလမ္း (၅)

ေယာဂနဲ႔ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ႏုိင္တာ ဘယ္လုိ ဆက္စပ္ေနလဲ ဆုိတာကို သုေတသီေတြက ေလ့လာၾကည့္တဲ့အခါ ေယာဂ ေလ့က်င့္သူေတြဟာ အစားအေသာက္ စားရာမွာလည္း သတိထားၿပီး စားေသာက္တဲ့အက်င့္ ရသြားၿပီး အစားအေသာက္ေတြကို အလြန္အမင္း ျပည့္အင့္တဲ့အထိ မစားမိေအာင္ ကိုယ့္ကုိယ္ကိုယ္ ထိန္းခ်ဳပ္ႏိုင္စြမ္း ျမင့္မားလာတာေၾကာင့္လုိ႔ ဆုိပါတယ္။

 

နည္းလမ္း (၆)

ဝက္ဆားနယ္ေျခာက္စားတာ၊ အသားညႇပ္ ဆင္းဒ္ဝွစ္စားတာေတြကို ေရွာင္လုိက္ပါက သင္စားတဲ့ အစား အေသာက္ထဲကေန ကယ္လိုရီ ၁၀၀ ရရွိမႈကို ေလွ်ာ့ခ်ႏိုင္ပါလိမ့္မယ္။ အသားနဲ႔ခ်ိစ္ ညႇပ္ထားတဲ့ ဆင္းဒ္ဝွစ္ အစား အသီးအရြက္ ညႇပ္ထားတဲ့ ဆင္းဒ္ဝွစ္ကို စားေပးပါ။

 

နည္းလမ္း (၇)

ကာက္ႏွံတစ္ခုလံုးကို စားသံုးေပးပါက ကယ္လိုရီ အနည္းငယ္သာ ရရွိေစၿပီး ကိုလက္စထေရာ အဆင့္ကို ေကာင္းမြနေစပါတယ္။ ေကာက္ႏွံတစ္ခုလံုးနဲ႔ ျပဳလုပထားတဲ့ အစားအေသာက္ေတြ သင့္ပတ္ဝန္းက်င္မွာ မ်ားစြာဝယ္ယူ စားသံုးႏုိင္တယ္ ဆိုေပမယ့္ သၾကားနဲ႔ခရင္မ္ ပါဝင္မႈ မ်ားတာေတြကို မစားသင့္ပါဘူး။

 

နည္းလမ္း (၈)

အခ်ဳိရည္ေတြ ေသာက္မယ့္အစားေရပဲ ေသာက္ပါ။ သင္ရဲ႕တစ္ေန႔တာထက သၾကား ၁ဝ ဇြန္းစာ ေလွ်ာ့ခ်ၿပီးသားျဖစ္ေစပါတယ္။ ေရပဲေသာက္ရတာကို မႏွစ္သက္ပါက ေရထဲကို ေရွာက္ရည္ အနည္းငယ္ ညႇစ္ၿပီး ေသာက္တာ၊ စေတာ္ဘယ္ရီသီး ထည့္ေသာက္မ်ဳိး လုပ္ေဆာင္ပါ။

 

နည္းလမ္း (၉)

ညစဥ္အိပ္စက္တိုင္းမွာ အိပ္ခ်ိန္ထက္ တစ္နာရီ ပိုအိပ္စက္ေပးပါက တစ္ႏွစ္အတြင္းမွာ ကုိယ္အေလးခ်ိန္ ၁၄ ေပါင္ က်ဆင္းေစတယ္လုိ႔ မစ္ခ်ီကန္တကၠသိုလ္မွ သုေတသီေတြက ေျပာပါတယ္။ အိပ္စက္မႈ ပိုတာက သေရစာ စားခ်င္စိတ္ကုိ ေလွ်ာ့ခ်ေပးတာေၾကာင့္ ကယ္လိုရီ ၆ ရာခိုင္ႏႈန္းေလာက္ က်ဆင္းေစတယ္လုိ႔ ယူဆၾကပါတယ္။ လူတစ္ေယာက္နဲ႔တစ္ေယာက္ မတူၾကဘူး ဆုိေပမယ့္ အိပ္စက္ခ်ိန္ပုိယူတာက အက်ဳိး သက္ေရာက္မႈ ရွိေစပါတယ္။

 

နည္းလမ္း (၁၀)

အစာစားဖုိ႔ အခ်ိန္မိနစ္ ၂၀ ေပးၿပီး ျဖည္းျဖည္းစားပါ။ ဒါဟာ ရွင္းလင္းလြယ္ကူၿပီး ကိုယ္အေလးခ်ိန္ က်ဆင္းေစႏိုင္တဲ့ ထိပ္တန္း နည္းလမ္းတစ္ခုပါ။ အစာကို တစ္လုတ္ခ်င္း၊ တစ္ကိုက္ခ်င္း အရသာခံစား သံုးပါက အစာစားခ်ိန္ သိသိသာသာ ေႏွးေကြး သြားေစပါတယ္။ အစာကို အျမန္စားသံုးပါက တင္းတိမ္ သြားၿပီး ဆာေလာင္မႈ ေျပေပ်ာက္သြားၿပီ ဆိုတဲ့ သတင္းအခ်က္အလက္ကုိ ဦးေႏွာက္ဆီ ပို႔ေဆာင္ တဲ့ေနရာကို ပိတ္ဆို႔လိုက္တာေၾကာင့္ အစာပုိစားမိေစပါတယ္။

 

Source: myawadynews.blogspot

{Unicode}

======

တစ်နေ့ကို ကယ်လိုရီ ၁၀၀ လျှော့ချနိုင်မည့် နည်းလမ်း ၁၀ ခု

 

တစ်နေ့ကို ကယ်လိုရီ ၁၀၀ လျှော့ချတာက သင့်ကို တစ်နှစ်အတွင်းမှာ ကိုယ်အလေးချိန် ၁၀ ပေါင် ကျဆင်းသွားအောင် စွမ်းဆောင် နိုင်ပါတယ်။

 

အခုပြောပြမယ့် နည်းလမ်းတွေထဲက တစ်ခုကို ရွေးချယ်ပြီး နေ့စဉ် လုပ်ဆောင်ကြည့်ပါ။ တစ်နေ့ကို ကယ်လိုရီ ၁၀၀ လောင်ကျွမ်းစေပါတယ်။

 

နည်းလမ်း (၁)

 

သင်စားတဲ့ အစားအစာတွေရဲ့ ပမာဏကို မှန်မှန်ကန်ကန် စားတတ်တဲ့ အလေ့အကျင့် ရှိနေဖို့က အရေးကြီးပါတယ်။ သင်စားမယ့် ပန်းကန်ကို လေးပုံပုံပြီး တစ်ပုံကိုထမင်း၊ နှစ်ပုံကို ဟင်းသီးဟင်းရွက်နဲ့ ကျန်တစ်ပုံကို သားငါးထည့်စားပါ။

 

နည်းလမ်း (၂)

 

သင် အစာစားတဲ့အခါ ဗိုက်ပြည့်သွားအောင် စားမယ့်အစား ၈၀ ရာခိုင်နှုန်းအထိပဲ ပြည့်အောင်စားပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းလောက်တော့ လျှော့စားပေးပါ။

 

နည်းလမ်း (၃)

 

သကြားမပါဘဲ အနံ့ထည့်ထားတဲ့ ပီကေကို တီဗီကြည့်ရင်း၊ အင်တာနက်သုံးရင်း ဝါးပေးပါ။ ညစာမစားခင် ပီကေဝါးပေးတာက ညစာ လျှော့စားမိစေပါတယ်။

 

နည်းလမ်း (၄)

 

စကားတပြောပြောနဲ့ ထမင်းစားတာက သင်ဗိုက်ပြည့်သွားတယ် ဆိုတာကို မသိနိုင်တော့ဘဲ အစာကို အထိန်းအကွပ်မရှိ စားမိတတ်ပါတယ်။ စားတဲ့ အစားအသောက်ကိုလည်း သင့်ကျန်းမာရေးနဲ့ ညီညွတ်မှု ရှိ၊ မရှိ မရွေးချယ်မိတော့ပါဘူး။ အများစုက ဒီအချက်ကို မေ့နေတတ်ပါတယ်။ ဒါကြောင့် အစာစားချိန်မှာ စကားမပြောဘဲ သင်စားတဲ့ အစာအပေါ်မှာပဲအာရုံစိုက်ပြီး စားပေးပါ။

 

နည်းလမ်း (၅)

 

ယောဂနဲ့ ကိုယ်အလေးချိန် လျှော့ချနိုင်တာ ဘယ်လို ဆက်စပ်နေလဲ ဆိုတာကို သုတေသီတွေက လေ့လာကြည့်တဲ့အခါ ယောဂ လေ့ကျင့်သူတွေဟာ အစားအသောက် စားရာမှာလည်း သတိထားပြီး စားသောက်တဲ့အကျင့် ရသွားပြီး အစားအသောက်တွေကို အလွန်အမင်း ပြည့်အင့်တဲ့အထိ မစားမိအောင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မြင့်မားလာတာကြောင့်လို့ ဆိုပါတယ်။

 

နည်းလမ်း (၆)

 

ဝက်ဆားနယ်ခြောက်စားတာ၊ အသားညှပ် ဆင်းဒ်ဝှစ်စားတာတွေကို ရှောင်လိုက်ပါက သင်စားတဲ့ အစား အသောက်ထဲကနေ ကယ်လိုရီ ၁၀၀ ရရှိမှုကို လျှော့ချနိုင်ပါလိမ့်မယ်။ အသားနဲ့ချိစ် ညှပ်ထားတဲ့ ဆင်းဒ်ဝှစ် အစား အသီးအရွက် ညှပ်ထားတဲ့ ဆင်းဒ်ဝှစ်ကို စားပေးပါ။

 

နည်းလမ်း (၇)

 

ကာက်နှံတစ်ခုလုံးကို စားသုံးပေးပါက ကယ်လိုရီ အနည်းငယ်သာ ရရှိစေပြီး ကိုလက်စထရော အဆင့်ကို ကောင်းမွနစေပါတယ်။ ကောက်နှံတစ်ခုလုံးနဲ့ ပြုလုပထားတဲ့ အစားအသောက်တွေ သင့်ပတ်ဝန်းကျင်မှာ များစွာဝယ်ယူ စားသုံးနိုင်တယ် ဆိုပေမယ့် သကြားနဲ့ခရင်မ် ပါဝင်မှု များတာတွေကို မစားသင့်ပါဘူး။

 

နည်းလမ်း (၈)

 

အချိုရည်တွေ သောက်မယ့်အစားရေပဲ သောက်ပါ။ သင်ရဲ့တစ်နေ့တာထက သကြား ၁ဝ ဇွန်းစာ လျှော့ချပြီးသားဖြစ်စေပါတယ်။ ရေပဲသောက်ရတာကို မနှစ်သက်ပါက ရေထဲကို ရှောက်ရည် အနည်းငယ် ညှစ်ပြီး သောက်တာ၊ စတော်ဘယ်ရီသီး ထည့်သောက်မျိုး လုပ်ဆောင်ပါ။

 

နည်းလမ်း (၉)

 

ညစဉ်အိပ်စက်တိုင်းမှာ အိပ်ချိန်ထက် တစ်နာရီ ပိုအိပ်စက်ပေးပါက တစ်နှစ်အတွင်းမှာ ကိုယ်အလေးချိန် ၁၄ ပေါင် ကျဆင်းစေတယ်လို့ မစ်ချီကန်တက္ကသိုလ်မှ သုတေသီတွေက ပြောပါတယ်။ အိပ်စက်မှု ပိုတာက သရေစာ စားချင်စိတ်ကို လျှော့ချပေးတာကြောင့် ကယ်လိုရီ ၆ ရာခိုင်နှုန်းလောက် ကျဆင်းစေတယ်လို့ ယူဆကြပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် မတူကြဘူး ဆိုပေမယ့် အိပ်စက်ချိန်ပိုယူတာက အကျိုး သက်ရောက်မှု ရှိစေပါတယ်။

 

နည်းလမ်း (၁၀)

 

အစာစားဖို့ အချိန်မိနစ် ၂၀ ပေးပြီး ဖြည်းဖြည်းစားပါ။ ဒါဟာ ရှင်းလင်းလွယ်ကူပြီး ကိုယ်အလေးချိန် ကျဆင်းစေနိုင်တဲ့ ထိပ်တန်း နည်းလမ်းတစ်ခုပါ။ အစာကို တစ်လုတ်ချင်း၊ တစ်ကိုက်ချင်း အရသာခံစား သုံးပါက အစာစားချိန် သိသိသာသာ နှေးကွေး သွားစေပါတယ်။ အစာကို အမြန်စားသုံးပါက တင်းတိမ် သွားပြီး ဆာလောင်မှု ပြေပျောက်သွားပြီ ဆိုတဲ့ သတင်းအချက်အလက်ကို ဦးနှောက်ဆီ ပို့ဆောင် တဲ့နေရာကို ပိတ်ဆို့လိုက်တာကြောင့် အစာပိုစားမိစေပါတယ်။

Read times Last modified on Wednesday, 25 December 2019 11:18
Rate this item
(0 votes)