What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 30 May 2019 11:59

ပယင်းရတနာကို တိုင်းရင်းဆေးအဖြစ် ထုတ်လုပ်နေ

မြန်မာနိုင်ငံရဲ့တွင်းထွက်ရတနာဖြစ်တဲ့ ပယင်းရတနာကို အလှဝတ်ဆင်ရုံသာမက ဆေးဘက်ဝင်တာကြောင့် တိုင်းရင်းဆေးအဖြစ်ပါထုတ်လုပ်နေတယ်လို့ သိရပါတယ်။

ကိုညီညီနိုင်ဟာ ပယင်းသုတေသနပညာရှင်တစ်ဦးဖြစ်ပြီး ပယင်းတွေကိုမလေ့လာခင် (၂၀၀၃)ခုနှစ်မှာ ကျောက်မျက်ရတနာတွေကို အရင်ဦးဆုးံလေ့လာခဲ့တယ်လို့သိရပါတယ်။ အဲဒီလိုကျောက်မျက်တွေကို လေ့လာရင်းနဲ့ မြန်မာနိုင်ငံဟာ ပယင်းတွေပေါကြွယ်ဝစွာထွက်ရှိတာကိုသိရှိပြီး နောက်ပိုင်းမှာ ပယင်းရုပ်ကြွင်းတွေရဲ့ အဖိုးတန်မှုကိုသိရှိခဲ့ပြီး ၀ယ်ယူစုဆောင်း ခဲ့တယ်လို့ သိရပါ တယ်။ ပယင်းထဲမှာ ကမ္ဘာဦးအစရုပ်ကြွင်းတွေရှိနေပြီး ကိုညီညီနိုင်အနေနဲ့ ပယင်းတွေနဲ့ပက်သက်လို့ နိုင်ငံတကာက့ ပြတိုက်တွေမှာလည်း လေ့လာတာတွေ ပြုလုပ်ခဲ့သလို ပယင်းရုပ်ကြွင်းတွေကို နိုင်ငံတကာဈေးကွက်မှာ အရောင်းအ၀ယ်တွေပြုလုပ်ခဲ့ပါတယ်။

 

အဲဒီလိုပယင်းနဲ့ပက်သက်လို့ အရောင်းအ၀ယ်ပြုလုပ်တဲ့အပြင် နောက်ပိုင်းလေ့လာမှုတွေအရ ပယင်းရဲ့ဆေးဘက်ဝင်မှုကိုသိရှိပြီး တိုင်းရင်းဆေးအဖြစ် ဖော်စပ်ထုတ်လုပ်ခဲ့တယ်လို့ ပယင်းသုတေသနပညာရှင် ကိုညီညီနိုင်က ပြောပါတယ်။ ပယင်းထဲမှာ ကမ္ဘာဦးအစ ရုပ်ကြွင်းတွေဖြစ်တဲ့ ဒိုင်နိုဆော ၊တွားသွားသတ္တ၀ါတွေဖြစ်တဲ့ေ မြ၊ွ ပုတ်သင်ညို ၊ကင်းလိပ်ချော ၊ဖား စတဲ့သတ္တ၀ါတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေရှိနေပြီး သုတေသနလေ့လာမှုတွေအရ ပယင်းရတနာဟာ ၀တ်ဆင်တဲ့သူတွေအနေနဲ့ ဂုဏ်ကျက်သရေတိုးခြင်း တွေအပြင် ရောဂါဝေဒနာအမျိုးမျိုးကို ပျောက်ကင်းစေနိုင်တဲ့ အစွမ်းသတ္တိတွေရှိနေတာကြောင့် တိုင်းရင်းဆေးအဖြစ် ထုတ်လုပ်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

 

Read More : ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားသောက်များ

ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားသောက်များ

 

ဒါ့အပြင် ရှေးခေတ်မြန်မာဘုရင်တွေလက်ထက်ကတည်းက ပယင်းကိုကျန်းမာရေး၊ အလှအပအဖြစ် အသုးံပြုမှုတွေရှိနေတာကြောင့် တိုင်းရင်းဆေးအပြင် အလှကုန်ပစ္စည်းအဖြစ်ပါ ထုတ်လုပ်နေတယ်လို့ ပယင်းသုတေသနပညာရှင် ကိုညီညီနိုင်က ပြောပါတယ်။လက်ရှိမှာတော့ ပယင်းနဲ့ပက်သက်လို့ ပရုပ်ဆီ၊ သံလွင်ဆီ၊ ရှုဆေး၊ ပယင်းသနပ်ခါး၊ ပယင်း lotion ၊ပယင်းဆပ်ပြာ၊ မိတ်ကပ် ၊နုတ်ခမ်းနီ၊ခြင်ဆေး နဲ့တခြားလူသုးံကုန်ပစ္စည်းတွေကိုလည်း ထုတ်လုပ်နေပါတယ်။

 

ပယင်းတိုင်းရင်းဆေးအလှကုန်တွေကိုရန်ကုန်ကထက် နယ်ဒေသတွေက ၀ယ်ယူအားပေးတာတွေရှိနေပြီး ဈေးကွက်ကျယ်ပြန့်မှုမရှိသေးတဲ့အတွက် ၀ယ်ယူမှုနည်းပါးနေသေးတယ်လို့ပြောပါတယ်။ ဈေးနှုန်းတွေအနေနဲ့ အနည်းဆုးံငွေကျပ်(၁၀၀၀)ကနေ (၃၀၀၀)အထိရှိနေပြီး ဒီအလှကုန်ပစ္စည်းတွေတိုင်းရင်းဆေးတွေမှာ ပယင်းပါဝင်မှုကတော့ (၅)ရာခိုင်နှုန်းသာ ရှိတယ်လို့ပယင်းသုတေသနပညာရှင် ကိုညီညီနိုင်ကပြောပါတယ်။မြန်မာ့တွင်းထွက်ပယင်းဟာ ဟူးကောင်းချိုင့်ဝှမ်းကနေ အများဆုးံထွက်ရှိပြီး ခန္တီး၊ ထီးလင်း ၊ကရင်ပြည်နယ်တို့ကလည်း ပယင်းထွက်ရှိရာဒေသတွေဖြစ်ပါတယ်။

 

ကျောက်မီးသွေးထွက်ရှိရာဒေသတွေမှာ ပယင်းထွက်ရှိပြီး မြန်မာနိုင်ငံဟာ ပယင်းအများဆုးံထွက်ရှိတဲ့ နိုင်ငံတစ်နိုင်ငံထဲမှာ ပါဝင်ပါတယ်။ ကမ္ဘာပေါ်မှာ ပယင်းထွက်ရှိရာနိုင်ငံပေါင်း(၁၃၆)နိုင်ငံရှိပြီး ဘောလ်တစ်ပင်လယ်အတွင်းက ထွက်ရှိတဲ့ဘောလ်တစ်ပယင်းနဲ့ မြန်မာနိုင်ငံက ပယင်းတွေဟာ သက်တမ်းအရင့်ဆုးံ ပယင်းတွေဖြစ်ပါတယ်။ သမိုင်းအထောက်အထားတွေအရ ပယင်းဟာ ဒုတိယကမ္ဘာစစ်မဖြစ်မီကတည်းကထွက်ရှိနေတယ်လို့သိရပါတယ်။ လက်ရှိမှာတော့ ပြည်တွင်းက ပယင်းအကြောင်းကို သေချာစွာမသိရှိတဲ့အတွက် ၀တ်ဆင်သူနည်းပါးနေပြီး ပြည်ပနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ် ၊ဂျာမနီစတဲ့နိုင်ငံတွေကတော့ ၀ယ်ယူမှုတွေရှိတယ်လို့သိရပါတယ်။

 

Source: MRTV-4

Read times Last modified on Thursday, 30 May 2019 12:03
Rate this item
(0 votes)