What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 14 June 2019 18:19

နှလုံး၏ လုပ်ဆောင်ပုံ အဆင့်ဆင့် (Cardicovescular System)

နှလုံးဟာ လူခန္ဓာကိုယ်အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြင့် ပါဝင်ပါတယ်။ နှလုံးဟာ လူခန္ဓာကိုယ်အတွင်းမှာ ဘယ်လိုလုပ်ဆောင်ချက်တွေကို လုပ်ဆောင်နေရလည်း ၊ ဘယ်လောက် စိတ်ဝင်စားဖို့ကောင်းလဲဆိုတာကို ဗဟုသုတအနေဖြင့် ဖော်ပြပေးလိုက်ပါတယ်။ 

နှလုံး၏ ပုံသဏ္ဍာန်မှာ ထိစွန်း (Apex) ပုံစံ ရှိပြီး အောက်သို့ဆိုက်နေသော ကတော့ပုံစံ တည်ရှိနေပါတယ်။ ကျနော်တို့ သိရှိပြီးဖြစ်တဲ့ နှလုံးမှာ အခန်းလေးခန်းပါဝင်ဆိုတာပါပဲ။ နှလုံးမှာရှိတဲ့ အခန်းလေးခန်းကတော့ Right Artium ၊ Left Artium ၊ Right Venticle ၊ Left Venticle တို့ဖြစ်ပါတယ်။

 

Image result for atrium and ventricle

ခန္ဓာကိုယ်တွင်းမှာ လည်ပတ်သွားလာနေတဲ့ သွေးတွေဟာ အောက်ဆီဂျင် ၊ ကာဗွန်ဒိုင်အောက်ဆိုဒ် နှင့် အာဟာရဓာတ်တွေကို သယ်ဆောင်ပြီး သွေးပြန်ကြော (Superior Vana Cava ) နှင့် သွေးပြန်ကြော (Inferior Vena cava) မှ တစ်ဆင့် နှလုံး၏ Right Artium သို့ သွေးများ စတင်ဝင်ရောက်ပါတယ်။

 

Right Artium မှ သွေးများသည် Right Ventricle သို့ အပေါ် မှ အောက်သို့ ကျဆင်းသွားပြီး သွေးများ အောက် မှ အပေါ်သို့ ပြန်မတက်စေဖို့အတွက် အဆို့ရှင် ( Tricuspid Valve ) များက တားဆီးပေးပါတယ်။ Right Ventricle မှ သွေးများသည် pulmonary artery လို့ခေါ်တဲ့ သွေးကြောမှ တဆင့် အဆုတ်ထဲသို့ ဝင်ရောက်ပါတယ်။

Image result for atrium and ventricle

အဆုတ်ထဲသို့ သွေးများ ရောက်ရှိသွားပြီးနောက် သွေးများ သယ်ဆောင်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် နှင့် အာဟာရဓာတ်များကို ဓာတ်ပြု သန့်စင်ပြီးနောက် အောက်ဆီဂျင် ၊ အာဟာရဓာတ် နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ပုံစံအမျိုးမျိုး ကွဲသွားပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကိုတော့ ကျနော်တို့ အသက်ရှုထုတ်ခြင်းမှ တဆင့် စွန့်ထုတ်ပစ်လိုက်ပါတယ်။

 

ကျန်ရှိနေတဲ့ အောက်ဆီဂျင် နှင့် အာဟာရဓာတ်တွေများက သွေးကြော (pulmonary veins) များမှ တဆင့် နှလုံး၏ Left Artium သို့ဝင်ရောက်လာပါတယ်။ Left Artium မှ တဆင့် Left Venticle သို့ အပေါ်မှ အောက်သို့ ကျဆင်းသွားပါတယ်။

 

သန့်စင်ပြီးဖြစ်တဲ့ သွေးများသည် Left Venticle မှာ သွေးလွှတ်ကြောကြီး (Aorta) သို့ ညစ်ထုတ်ပေးပြီး လူ့ခန္ဓာကိုယ်တစ်ခုလုံးကို ရောက်အောင် ညစ်ထုတ်ပေးရပါတယ်။ သွေးလွှတ်ကြောကြီး (Aorta) မှ ထွက်သွားသော သွေးများသည် သွေးလွှတ်ကြော (Artery) သို့ ၊ ထိုမှ တဆင့် သွေးလွှတ်ကြောငယ် (Arterioles) သို့ ၊ ထိုမှတဆင့် ဆံခြည်မျှင်သွေးကြော (capillaries) အထိ သွေးများ လည်ပတ်သွားပါတယ်။

Image result for Artery and Vein system

ထိုသို့ သွေးများ လည်ပတ်နေစဉ်အတွင်း ခန္ဓာကိုယ်အတွင်းမှာ ရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဆံခြည်မျှင်သွေးကြော (capillaries) မှာ တဆင့် သယ်ဆောင်သွားပြီး သွေးပြန်ကြောငယ် (Venules) သို့ ၊ ထိုမှတဆင့် သွေးပြန်ကြော (Vein) မှ သွေးပြန်ကြောကြီး (Superior Vana Cava ) နှင့် သွေးပြန်ကြောကြီး (Inferior Vena cava) မှ တစ်ဆင့် နှလုံး၏ Right Artium သို့ သွေးများ စတင်ဝင်ရောက်ပြီး စက်ဝိုင်းပုံစံ ပတ်လည်နေတာပဲ ဖြစ်ပါတယ်။

 

ထိုသို့ နှလုံး နှင့် သွေးကြောများ လုပ်ဆောင်ချက်များကို နှလုံး နှင့် သွေးကြောဆိုင်ရာ အဖွဲ့အစည်း { Circulatory System or Cardiovescular system (CVS) } လိုခေါ်ပါတယ်။

များမကြာမီ Circulatory System အကြောင်းကို Viedo ဖြင့် ပိုမို စိတ်ဝင်စားဖို့ ကောင်းအောင်တင်ဆက်သွားမှာ ဖြစ်လို့ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ရပါတယ်။

 

Writer by A.Win (Health Products Directory)

Read times Last modified on Friday, 14 June 2019 18:53
Rate this item
(3 votes)