What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 19 June 2019 17:43

စိတ်လှုပ်ရှားရင် ရင်တွေ အရမ်းတုန်ပြီး

Q: နှလုံးနေရာက အနာပြည်တည်ရင်ကိုက်သလို တစစ်စစ်ကိုက်နေတာ ဘာဖြစ်လို့လဲဆိုတာ သိပါရစေ။

အသက်က ၂၈ ပါ။ ဘာမှ မစစ်ရသေးပါဘူး။ (့) မှာ အလုပ်လုပ်နေတာမို့ မြန်မာပြန်မှ စစ်ဖို့ပါ။ တခုခု စိတ်လှုပ်ရှားရင် ရင်တွေ အရမ်း တုန်ပြီး ကတုံကရင်နဲ့ နဲနဲလှုပ်လှုပ်ရှားရှားဆို မောတယ်။

 

A: အသက်ငယ်ရွယ်သူများ ကျား-မ မရွေး ရင်ပတ်နေရာမှာဖြစ်တာ အများအားဖြင့် စိုးရိမ်စရာ မရှိပါ။

လူကြီးလဲဖြစ်၊ ဝလဲဝ၊ မဝရင်တောင်မှ (ကိုလက်စထော) များသူ၊ သွေးတိုးရှိသူတွေသာ ရင်ပတ်နေရာ ပြဿနာ ရှိတတ်ပါတယ်။ သူတို့မှာ ဖြစ်တာကလဲ ရင်ညွန်ရိုး အောက်တည့်တည့်နေရာမှာ ပြုတ်တူနဲ့ အညှပ်ခံရသလို ဇောချွေးပြန်အောင်၊ အသက် ဆက်မရှူတော့နိုင်အောင် နာမှသာ အရေးတကြီးရောဂါ ဖြစ်နိုင်တယ်။

 

မဟုတ်သူများ ရင်မှာ နာကျင်မှုဖြစ်တာ များသောအားဖြင့် ရင်ပတ်နံရံအကာမှာ တနည်းပြောရင် အပြင်မှာ လာဖြစ်တာ။ ကြွက်သား၊ အရွတ်မှာ တခုခုဖြစ်လို့ပါ။ သူ့အလိုလို ကောင်းပါတယ်။ အနာ-အကိုက် သက်သာဆေး တခုခုကို လိုတဲ့ အချိန်မှာသာ သောက်ဘို့လိုမယ်။

ဥပမာ Paracetamol, Ibuprofen, Diclofenic

 

စိတ်လှုတ်ရှားရင် ရင်တုံတာ လူတိုင်းတော့ ဖြစ်ကြတယ်။ သူများထက် ပိုရင်တော့ ဆက်မေး၊ ဆက်စစ်စရာတွေ ရှိတယ်။ နှလုံးခုန်နှုန်း၊ လက်ကောက်ဝတ် လက်မဖက်က သွေးလွှတ်ကြော ခုန်နှုန်း၊ တမိနစ်မှာ ပုံမှန်အနေမှာ ဘယ်လောက်ရှိသလဲ။ ၇ဝ-၈ဝ က ကောင်းပါတယ်။ မမော-မပမ်း၊ ဒေါသ-ဝမ်းနည်းမရှိဘဲ၊ ဒိထက် များနေရင် မကောင်းပါ။

ကျန်တာတွေ အကောင်းထားပြီး မောတုန်နေတာ သက်သက်ဖြစ်ရင် တကယ်လို့ နှလုံးခုန်တာလဲ မနှေးရင် Propranolol 20-25 mg တနေ့ ၁ ကြိမ် သောက်နိုင်တယ်။

 

မောတာဆိုရင် တခုခုတော့ ရှိနေနိုင်တယ်။ မောတယ်ဆိုတဲ့ အကြောင်းရင်းတွေ များလှတယ်။ မိန်းကလေး၊ အမျိုးသမီးတွေ ဆိုရင် သွေးအားနည်းနေ-မနေကြည့်ရမယ်။ ရာသီဆင်းတာ များ-မများ။ ယောက်ျားတွေဆိုရင် သွေးယိုတာ၊ ငှက်ဖျားဖြစ်ဘူတာ စသဖြင့် မေးမယ်။ အသားအရေ၊ လျှာ၊ မျက်ခွံ ဖြူဖွေးဖွေးနေသလား။

 

သွေးအား နည်းနေရင် ရင်တုံတာ၊ မောတာ၊ အသက်ရှူမဝတာ ဆက်ဖြစ်လာတတ်တယ်။ အမောမခံနိုင်ဘူး။ သွေးစစ်ရင် Hb (Hemoglobib) နည်းနေတာနဲ့ သိနိုင်တယ်။ နည်းရင် သံဓါတ်၊ ဖေါလစ်အက်စစ် ကြာကြာ သောက်ပါ။

 

ရင်ခုန်များတာ-မြန်တာပါ ရောနေရင် နှလုံးနားထောင်ကြည့်ရမယ်။ ငယ်ငယ်က အာသီးရောင်၊ အဆစ်နာ ဖြစ်ဘူးလား မေးရမယ်။

 

ယေဘုယျပြောရရင် ဆေးမစစ်ရသေးရင် အစာအာဟာရ မျှတအောင်စားပါ။ ဗီတာမင် Vitamin B Complex နဲ့ ဓါတ်ဆား Ferrous sulphate/Folic acid သောက်ပါ။ အအိပ်မပျက်စေနဲ့။

 

နောက်တချက်က စိတ်၊ ဖိစီးမှု မများပါစေနဲ့။ အလုပ်မှာ နားနားနေနေလုပ်ပါ။ စိတ်တည်ငြိမ်မှုရှိပါ။ လိုအပ်ရင် Diazepam 5 mg ညမှာ တခါတလေ သောက်ပါ။ စာဖတ်တာ၊ ပျော်စရာ-ရီစရာ၊ တရားထိုင်ပါ။

 

Dr. တင့်ဆွေ

Read times
Rate this item
(1 Vote)