Giloba (ဂျီလိုဘာ) ဆိုတဲ့ ဆေးဟာဆိုရင် အာရုံကြော နဲ့ ပတ်သက်ပြီး ထုတ်လုပ်ထားတဲ့ အားဆေး တစ်မျိုးဖြစ်ပါတယ်။
အရပ်သား အခေါ်နဲ့ ပြောရရင်တော့ အာရုံကြောအားဆေး လို့လည်း ခေါ်တဲ့အပြင် လူတိုင်းကြားဖူးတဲ့ ပဲကောသီး (နှစ်၁၀၀သီး) အပင်မှ ထုတ်လုပ်ထားတဲ့ ဆေးတစ်မျိုး ဖြစ်ပါတယ်။ Giloba (ဂျီလိုဘာ) ဆေးကို ပဲကောသီး (နှစ်၁၀၀သီး) မှ တဆင့်ထုတ်လုပ်ထားတဲ့ အာရုံကြော အားဆေးလို့လည်း ပြောလို့ရပါတယ်။ ဒီ Giloba (ဂျီလိုဘာ) ဆေးကို အရည် ၊ အခဲ ၊ အတောင့် ၊ ဆေးတောင့်ပျော့ စတဲ့ပုံစံအမျိုးမျိုးနဲ့ ထုတ်လုပ်ထားပြီး လက်ရှိ မြန်မာနိုင်ငံမှာတော့ ဆေးတောင့်ပျော့ကိုသာ တွေ့ရပါတယ်။
Giloba (ဂျီလိုဘာ) ဆေးက သွေးလှည့်ပတ်မှု မကောင်းခြင်း ၊ မှတ်ဥာဏ်အားနည်းခြင်း ၊ သတိမေ့တတ်ခြင်း ၊ အယ်လ်ဇိုင်းမားရောဂါ ၊ မှတ်ဥာဏ်ချို့တည့်ခြင်း ၊ နှလုံး၏ လုပ်ဆောင်ချက်များ အားနည်းခြင်း နှင့် အမြင်အာရုံ ချို့တဲ့ခြင်းများ အတွက် အသုံးဝင် တဲ့ ဆေးကောင်းတစ်မျိုးလည်း ဖြစ်ပါတယ်။
Read More : သွေးချိုဆီးချို မဖြစ်ချင်ရင် ဒီစက်လေးအကြောင်း လေ့လာထားဖို့မယ်နော် (A1C Now+ or HbA1C)
Giloba (ဂျီလိုဘာ) ဆေးမှာ ပါဝင်တဲ့ flavonoids နဲ့ terpenoids ဆိုသော antioxidants တွေဟာဆိုရင် အာရုံကြော နဲ့ ပတ်သက်တဲ့ ဆဲလ်တွေကို ထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်ပေးနိုင်တဲ့အပြင် အာရုံကြော နှင့် ပတ်သက်တဲ့ ကင်ဆာရောဂါ တွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
ဆရာဝန်ညွှန်ကြားချက် မလိုဘဲ သောက်သုံးလို့ရတဲ့ ဆေးတစ်မျိုးဖြစ်ပြီး နေ့စဉ် တနေ့တကြိမ် သောက်သုံးလို့ ရပါတယ်။ ဒါပေမယ့် သွေးကျဲဆေး ဒါမှမဟုတ် Aspirin သောက်နေသူများကတော့ ဆရာဝန်၏ ညွှန်ကြားချက်ကို ရယူပြီး မှ သောက်သုံးဖို့ လိုပါတယ်။
Giloba (ဂျီလိုဘာ) ဆေး ကို သောက်သုံးတဲ့ အချိန်မှာ ဗိုက်နာခြင်း ၊ ပျို့ခြင်း ၊ အန်ခြင်း ၊ ခေါင်းကိုက်ခြင်း ၊ ဓာတ်မတည့်ခြင်း ၊ အဖုအပိတ်များထွက်ခြင်း ၊ ခေါင်းမူးခြင်း နှင့် ယားယံခြင်းများ ဖြစ်ပေါ်ပါက ဆရာဝန် နဲ့ သွားရောက် ပြသဖို့ လိုပါတယ်။
Giloba (ဂျီလိုဘာ) ဆေးကို ထိုင်းနိုင်ငံ၏ Mega Lifeseciences Public Company Ltd. မှ ထုတ်လုပ်ပြီး မြန်မာနိုင်ငံ Mega Lifesciences PTY Ltd. တင်သွင်းဖြန့်ချီတာ ဖြစ်ပါတယ်။
Written by A.Win (Health Products Directory)