What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 14 August 2019 15:15

ပြစ်ချက်ကင်းတဲ့ ဆေးဆိုင် တစ်ဆိုင်ဖြစ်ဖို့ဆိုရင်

ဆေးဆိုင် ဖွင့်တဲ့သူတွေမှာ တစ်စုံတစ်ခုကြောင့် အပြစ်မြင်စရာတွေ ဖြစ်မသွားအောင် မိမိတို့အနေဖြင့် ဘာတွေကို လုပ်ဆောင်သင့်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ပထမဦးဆုံးအနေဖြင့် မိမိဆေးဆိုင်ကို အစဉ်အမြဲ သန့်ရှင်းသပ်ရပ်စွာ ထားရှိဖို့ လိုပါတယ်။ ဆေးဆိုင်ကိုလည်း လေဝင်လေထွက်ကောင်းအောင် ၊ အလင်းရောင် နဲ့ သင့်တင့်တဲ့ အပူချိန် ရရှိနေဖို့ လိုအပ်ပါတယ်။

 

မိမိဆေးဆိုင်အတွင်း စားကြွင်းစာကျန်များမရှိဖို့ နဲ့ ဆေးဆိုင်အတွင်း အစားအသောက်များ စားသုံးခြင်း ၊ ဆေးလိပ်သောက်ခြင်း တို့ကို ရှောင်ကြည်ဖို့လိုပါတယ်။ စွန့်ပစ်ပစ္စည်းများကိုလည်း စနစ်တကျ ထားရှိဖို့လည်း အရေးကြီးပါတယ်။ ဒါမှလည်း ဝယ်ယူတစ်ယောက် အနေဖြင့် မိမိ ရဲ့ဆေးဆိုင်မှာ ဆေးဝယ်ယူတဲ့အခါ စိတ်ကျေနပ်မှုကို အရင်ဆုံး ရရှိနိုင်မှာလည်း ဖြစ်ပါတယ်။

 

ဆေးဆိုင်ဖွင့်ထားတဲ့ သူတစ်ယောက်အနေဖြင့် မိမိ ဆေးဆိုင်မှာ ဆေးဝါးများကို ရောင်းချခြင်း ၊ သိုလှောင်ခြင်း အပြင် စနစ်ကျ လုံခြုံသော ဆေးဝါးများကို စီမံထားဖို့ လိုအပ်ပါတယ်။

 

ဆေးဝါးများကို ဝယ်ယူသိုလှောင် သိမ်းဆည်းထားတဲ့ အခါမှာ တိရစ္ဆာန်များ ၊ ပိုးကောင်းများ ဝင်ရောက်မှု မရှိစေရန် စနစ်တကျ စီမံထားဖို့ လိုအပ်ပါတယ်။ နေရောင်ခြည် နဲ့ တိုက်ရိုက်ကျရောက်သော နေရာများ နှင့် အပူချိန်လွန်ကဲသော နေရာများတွင် ဆေးဝါးများ သိုလှောင်ခြင်း မပြုရ။ စပ်ဆေးများကိုလည်း ရောင်းချခြင်း မပြုရ ။

 

ပြေးစက်ပေါ်မှာပြေးတဲ့ Exercise Stress Test ဆိုတာ ဖတ်ရှုရန် နှိပ်ပါ 

ပြေးစက်ပေါ်မှာပြေးတဲ့ Exercise Stress Test ဆိုတာ

 

ဆေးဆိုင်တာဝန်ရှိသူအနေဖြင့် ဆေးဝါးဝယ်ယူရာတွင် ခိုင်မာသော သတင်းအချက်အလက်များကို အခြေခံရယူရမည် ။ ( ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက အခါအားလျော်စွာ ထုန်ပြန်သော ဆေးဝါး နှင့် သက်ဆိုင်သည် သတင်းအချက်အလက်များ )

 

ဆေးဝါးဝယ်ယူခြင်း နှင့် ရောင်းချခြင်းများကို ဘောက်ချာစနစ်ဖြင့် ထားရှိ၍ စနစ်တကျ ရောင်းချရဖို့ လိုပါတယ်။

 

ဆေးဝါးရောင်းချရာတွင် First in First out စနစ်ဖြင့် စနစ်ဖြင့် စနစ်တကျ ရောင်းချရမည်။ ဆေးဝါးများပြတ်လပ်မှုမရှိစေရန် နှင့် အရေးပေါ်ကာလတွင် ဆေးဝါးများကို ကြိုတင် စီမံထားဖို့လည်း လိုအပ်ပါတယ်။

 

ဆေးဆိုင်များ နဲ့ ပတ်သက်ပြီး အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မှ မြို့နယ်အလိုက် ကွင်းဆင်စစ်ဆေးမှုများပြုလုပ်ပြီး ရရှိသော ရလဒ်များကတော့ --

 

အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထုတ်ပြန်ချက် အရ ၂၀၁၈ ခုနှစ်အတွင်း ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ် ၃၈ မြို့နယ် ၊ စစ်ဆေးခဲ့သည်ဆေးဆိုင်ပေါင်း ၄၅၁ ဆိုင်တွင် မှတ်ပုံတင်မဲ့ဆေးဝါးတွေ့ရှိမှု ၁၇၆ ဆိုင် ၊ သက်တမ်းလွန်းဆေးဝါးတွေ့ရှိမှု ၆၈ ဆိုင် နှင့် စပ်ဆေးများတွေ့ရှိမှု ၅ ဆိုင် တို့ကို စစ်ဆေးခဲ့ခြင်း ပြုလုပ်ခဲ့ပါတယ်။

 

အမျိုးသားဆေးဝါးဥပဒေအရ ဆေးဆိုင် ၁၆ ဆိုင်ကို တရားစွဲဆိုပြီး စီမံအုပ်ချုပ်မှုအရ ဆေးဆိုင် ၂၂ ဆိုင်းကို ၃ လ ယာယီ ပိတ်ထားခဲ့တယ်လို့ သိရပါတယ်။

 

ဒါကြောင့် မိမိဆေးဆိုင်ကို အထက်ဖော်ပြပါအချက်များမှလွတ်ကင်းအောင် ပြင်ဆင်ထားဖို့လိုအပ်သလို အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ဖို့လိုမှာဖြစ်ပါတယ်။

 

Written by Aung Win (Health Products Directory)

Read times
Rate this item
(1 Vote)