What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 05 October 2019 13:11

လူၾကီးနဲ႔ ကေလးေတြအတြက္ တုပ္ေကြးနဲ႔ ဖ်ားနာျခင္းကုိ ဗီတာမင္ D ျဖင့္ ကာကြယ္ႏိုင္

ဗီတာမင် D က လူကြီးနဲ့ ကလေးတွေအတွက် တုပ်ကွေးနဲ့ ဖျားနာခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ နိုင်ငံပေါင်း ၁၄ နိုင်ငံက လူနာ ၁၁၀၀၀ ကို Queen Mary University of London မှ သုတေသန ပညာရှင်တွေက လေ့လာ စမ်းသပ်ထားတဲ့ စစ်တမ်းအရ သိရပါတယ်။ 

ဗီတာမင် D ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပေးခြင်းဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့ တုပ်ကွေး၊ အအေးမိ ဖျားနာခြင်း၊ ရင်ကြပ်ရောဂါနဲ့ နမိုးနီးယား အဆုတ်ရောင်ရောဂါ ဖြစ်ပွားခြင်းကို လျှော့ချပေးနိုင်မှာပဲ ဖြစ်ပါတယ်။

 

အရှေ့တောင်အာရှ နိုင်ငံတွေမှာ ၇၀ ရာခိုင်နှုန်းသော ကလေးငယ်တွေဟာ သံဓာတ်၊ ကယ်လ်စီယမ်၊ ဗီတာမင် A၊ ဗီတာမင် C တို့အပြင် ဗီတာမင် D ကဲ့သို့ အရေးကြီး အာဟာရဓာတ်တွေ လုံလောက်စွာ မရရှိခြင်းကို ကြုံတွေ့နေရတယ်လို့ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံ ဒေသတွင်းက ကလေးငယ် ၁၆၀၀၀ ကို လေ့လာခဲ့တဲ့ FrieslandCampina (Dutch Lady) ရဲ့ ပထမဦးဆုံး အာဟာရလေ့လာမှု SEANUTS မှာလည်း ဖော်ပြထားပါတယ်။

 

‘နေရောင်ခြည် ဗီတာမင်’ ဟု ခေါ်ဆိုကြတဲ့ ဗီတာမင် D က အဆုတ်ကျန်းမာရေးကို ကောင်းမွန်စေပြီး အသက်ရှူ လမ်းကြောင်းမှာ ရောဂါပိုးဝင်ရောက် ကူးစက်ခြင်းမှ လျှော့ချပေးနိုင်ပါတယ်။ နေပူဆာလှုံတာ ဒါမှမဟုတ် ဖြည့်စွက်စာ စားတာတွေက ဗီတာမင် D ကို ရရှိနိုင်ပေမယ့်လည်း နေရောင်ခြည်ရရှိမှု အားနည်းတဲ့ ဆောင်းရာသီနဲ့ မိုးရာသီတွေမှာတော့ ဗီတာမင် D ကို အစားအစာမှ ရယူသင့်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက အကြံပြုထားပါတယ်။

 

နို့နဲ့ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ ဒိန်ချဉ်၊ ချိစ်၊ တူနာငါး၊ ဆယ်မွန်ငါး၊ ဥအမျိုးမျိုးနဲ့ မှိုတို့က ဗီတာမင် D ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေဖြစ်ပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးကာ တုပ်ကွေးရောဂါကနေ ကာကွယ်ပေးပါတယ်။

ပုဂ္ဂလိက ဆေးရုံပေါင်း ၁၄၀ ကျော်ကို ကြည့်ရန် နှိပ်ပါ

Image result for hospitals

 

FrieslandCampina Myanmar ရဲ့ Regulatory Manager ဖြစ်သူ ဒေါက်တာဝင်းလဲ့ဦးက “နွားနို့ဟာ ဗီတာမင် D ဓာတ်ကို ရရှိနိုင်တဲ့ သဘာ၀ အရင်းအမြစ်တစ်ခုပဲ ဖြစ်ပါတယ်။ နွားနို့မှာ အရည်အသွေးမြင့်မားတဲ့ ပရိုတင်း၊ ကယ်လ်စီယမ်နဲ့ အခြားသော ဗီတာမင်ဓာတ်များစွာ ပါဝင်တဲ့အတွက် ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ကိုယ်ခန္ဓာကို ကျန်းမာကြံ့ခိုင်စေပါတယ်” လို့ ပြောပါတယ်။

 

အထက်မှာဖော်ပြခဲ့တဲ့ သုတေသန တွေ့ရှိချက်တွေဟာ မြန်မာနိုင်ငံ အတွင်းမှာ အထူးသဖြင့် ကလေးတွေမှာ မကြာသေးမီက စိုးရိမ်ဖွယ်ရာ ဖြစ်ပွားခဲ့တဲ့ ရာသီတုပ်ကွေး (သို့) ဖျားနာမှုတွေကို ကာကွယ်ပေးနိုင်တဲ့ ဒိုင်းသဖွယ်ဖြစ်တဲ့ အာဟာရမျှတစွာ စားသုံးမှုရဲ့ အရေးပါမှုကို ထောက်ပြပေးနိုင်မှာပဲ ဖြစ်ပါတယ်။

 

မကြာသေးမီက တွေ့ရှိချက်တွေအရ ဗီတာမင် D မှာ အရိုးကြံ့ခိုင် သန်မာစေခြင်း၊ နှလုံးရောဂါနဲ့ ကြွက်သားတောင့်တင်း မာကြောခြင်း၊ ရောဂါအမျိုးမျိုးမှ ကာကွယ်ပေးခြင်း စတဲ့ အများသိရှိပြီးဖြစ်တဲ့ အကျိုးကျေးဇူးတွေ အပါအဝင် စိတ်ဓာတ်ကျဆင်းမှုကို တိုက်ထုတ်ပေးခြင်း၊ ရောင်ရမ်းခြင်းတွေကို လျော့နည်းသက်သာစေခြင်း စတဲ့ အကျိုးကျေးဇူးတွေပါ ပါဝင်ကြောင်းထပ်မံ သိရှိရပါတယ်။

 

(Zawgyi)

----------

လူၾကီးနဲ႔ ကေလးေတြအတြက္ တုပ္ေကြးနဲ႔ ဖ်ားနာျခင္းကုိ ဗီတာမင္ D ျဖင့္ ကာကြယ္ႏိုင္

 

ဗီတာမင္ D က လူၾကီးနဲ႔ ကေလးေတြအတြက္ တုပ္ေကြးနဲ႔ ဖ်ားနာျခင္းကုိ ကာကြယ္ေပးႏိုင္တယ္လုိ႔ ႏိုင္ငံေပါင္း ၁၄ ႏိုင္ငံက လူနာ ၁၁၀၀၀ ကုိ Queen Mary University of London မွ သုေတသန ပညာရွင္ေတြက ေလ့လာ စမ္းသပ္ထားတဲ့ စစ္တမ္းအရ သိရပါတယ္။  ဗီတာမင္ D ဓာတ္ ၾကြယ္၀တဲ့ အစားအစာေတြကို စားသံုးေပးျခင္းဟာ အသက္ရွဴလမ္းေၾကာင္းဆိုင္ရာ ေရာဂါေတြျဖစ္တဲ့ တုပ္ေကြး၊ အေအးမိ ဖ်ားနာျခင္း၊ ရင္ၾကပ္ေရာဂါနဲ႔ နမိုးနီးယား အဆုတ္ေရာင္ေရာဂါ ျဖစ္ပြားျခင္းကုိ ေလွ်ာ့ခ်ေပးႏိုင္မွာပဲ ျဖစ္ပါတယ္။

 

အေရွ႕ေတာင္အာရွ ႏိုင္ငံေတြမွာ ၇၀ ရာခိုင္ႏႈန္းေသာ ကေလးငယ္ေတြဟာ သံဓာတ္၊ ကယ္လ္စီယမ္၊ ဗီတာမင္ A၊ ဗီတာမင္ C တို႕အျပင္ ဗီတာမင္ D ကဲ့သို႕ အေရးၾကီး အာဟာရဓာတ္ေတြ လံုေလာက္စြာ မရရွိျခင္းကုိ ၾကံဳေတြ႕ေနရတယ္လုိ႔ အင္ဒိုနီးရွား၊ ဗီယက္နမ္၊ ထိုင္းနဲ႔ မေလးရွားႏိုင္ငံ ေဒသတြင္းက ကေလးငယ္ ၁၆၀၀၀ ကုိ ေလ့လာခဲ့တဲ့ FrieslandCampina (Dutch Lady) ရဲ႕ ပထမဦးဆံုး အာဟာရေလ့လာမႈ SEANUTS မွာလည္း ေဖာ္ျပထားပါတယ္။

 

‘ေနေရာင္ျခည္ ဗီတာမင္’ ဟု ေခၚဆိုၾကတဲ့ ဗီတာမင္ D က အဆုတ္က်န္းမာေရးကို ေကာင္းမြန္ေစျပီး အသက္ရွဴ လမ္းေၾကာင္းမွာ ေရာဂါပိုး၀င္ေရာက္ ကူးစက္ျခင္းမွ ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ေနပူဆာလံႈတာ ဒါမွမဟုတ္ ျဖည့္စြက္စာ စားတာေတြက ဗီတာမင္ D ကို ရရွိႏိုင္ေပမယ့္လည္း ေနေရာင္ျခည္ရရိွမႈ အားနည္းတဲ့ ေဆာင္းရာသီနဲ႔ မိုးရာသီေတြမွာေတာ့ ဗီတာမင္ D ကို အစားအစာမွ ရယူသင့္တယ္လုိ႔ ကၽြမ္းက်င္ပညာရွင္ေတြက အၾကံျပဳထားပါတယ္။

 

ႏို႔နဲ႔ ႏို႔ထြက္ပစၥည္းေတြျဖစ္တဲ့ ဒိန္ခ်ဥ္၊ ခ်ိစ္၊ တူနာငါး၊ ဆယ္မြန္ငါး၊ ဥအမ်ိဳးမ်ိဳးနဲ႔ မိႈတို႔က ဗီတာမင္ D ဓာတ္ ၾကြယ္၀တဲ့ အစားအစာေတြျဖစ္ျပီး ကိုယ္ခံစြမ္းအားကို ျမွင့္တင္ေပးကာ တုပ္ေကြးေရာဂါကေန ကာကြယ္ေပးပါတယ္။

ပုဂၢလိက ေဆးရံုေပါင္း ၁၄၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ

Image result for hospitals

 

FrieslandCampina Myanmar ရဲ႕ Regulatory Manager ျဖစ္သူ ေဒါက္တာ၀င္းလဲ့ဦးက “ႏြားႏို႕ဟာ ဗီတာမင္ D ဓာတ္ကို ရရိွႏိုင္တဲ႔ သဘာ၀ အရင္းအျမစ္တစ္ခုပဲ ျဖစ္ပါတယ္။ ႏြားႏို႕မွာ အရည္အေသြးျမင့္မားတဲ့ ပရိုတင္း၊ ကယ္လ္စီယမ္နဲ႕ အျခားေသာ ဗီတာမင္ဓာတ္မ်ားစြာ ပါ၀င္တဲ့အတြက္ ကိုယ္ခံအားကို ျမွင့္တင္ေပးျပီး ကိုယ္ခႏၶာကို က်န္းမာၾကံ႕ခိုင္ေစပါတယ္” လုိ႔ ေျပာပါတယ္။

 

အထက္မွာေဖာ္ျပခဲ့တဲ့ သုေတသန ေတြ႔ရိွခ်က္ေတြဟာ ျမန္မာနိုင္ငံ အတြင္းမွာ အထူးသျဖင္႔ ကေလးေတြမွာ မၾကာေသးမီက စိုးရိမ္ဖြယ္ရာ ျဖစ္ပြားခဲ႔တဲ့ ရာသီတုပ္ေကြး (သို႔) ဖ်ားနာမႈေတြကို ကာကြယ္ေပးနိုင္တဲ့ ဒုိင္းသဖြယ္ျဖစ္တဲ့ အာဟာရမွ်တစြာ စားသံုးမႈရဲ႕ အေရးပါမွဳကို ေထာက္ျပေပးနိုင္မွာပဲ ျဖစ္ပါတယ္။

 

မၾကာေသးမီက ေတြ႕ရွိခ်က္ေတြအရ ဗီတာမင္ D မွာ အရိုးၾကံ႕ခိုင္ သန္မာေစျခင္း၊ ႏွလံုးေရာဂါနဲ႔ ၾကြက္သားေတာင့္တင္း မာေၾကာျခင္း၊ ေရာဂါအမ်ိဳးမ်ိဳးမွ ကာကြယ္ေပးျခင္း စတဲ့ အမ်ားသိရွိျပီးျဖစ္တဲ့ အက်ိဳးေက်းဇူးေတြ အပါအ၀င္ စိတ္ဓာတ္က်ဆင္းမႈကို တိုက္ထုတ္ေပးျခင္း၊ ေရာင္ရမ္းျခင္းေတြကို ေလ်ာ့နည္းသက္သာေစျခင္း စတဲ့ အက်ိဳးေက်းဇူးေတြပါ ပါ၀င္ေၾကာင္းထပ္မံ သိရွိရပါတယ္။

Read times Last modified on Friday, 07 February 2020 15:59
Rate this item
(0 votes)