What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 23 May 2019 10:09

ဗီတာမင်ဒီ ချို့တဲ့ခြင်းကြောင့် အရိုးပွရောဂါ ပိုဖြစ်နိုင်

ဗီတာမင်ဒီ ဓာတ်ချို့တဲ့ခြင်းကြောင့် ကျား/မ မရွေး၊ မည်သည့်အသက်အရွယ်တွင်မဆိုအထူးသဖြင့်ဆိုးကျိုးသက်ရောက်မှုရှိစေကာကမ္ဘာတစ်ဝှမ်းရှိ သက်ကြီးရွယ် အိုများ သို့မဟုတ်အရိုးပွရောဂါ ခံစားနေရသူများအတွက် အန္တရာယ်ပိုများပါတယ်။

ဗီတာမင်ဒီ ဓာတ် ချို့ တဲ့ခြင်းမှအရိုးသန်မာမှုကိုတိုက်ရိုက်အကျိုးသက်ရောက်မှုရှိ ပါတယ်။ ဗီတာမင်ဒီ ဓာတ်ချို့တဲ့သော မွေးကင်းစကလေးတွင် rickets ဟုခေါ်သော အရိုးပျော့ရောဂါ ဖြစ်နိုင်ပါတယ်။ တခြားတစ်ဖက်တွင်သက်ကြီးရွယ်အိုများမှာ ဗီတာမင်ဒီ ဓာတ် အလွန် ချို့တဲ့နေပါက အရိုးပျော့ osteomalacia ဖြစ်စေနိုင်ပါတယ်။ သို့သော်တစ်ခါတစ်ရံ တွင်ထိုမျှလောက်မပြင်းထန်သော်လည်းအရိုးပွရောဂါဖြစ်နိုင်ချေများပါတယ်။

 

ဗီတာမင်ဒီ ဖြည့်စွက်သောက်ခြင်း၏အကျိုး

လေ့လာတွေ့ရှိချက်များအရ ဗီတာမင်ဒီ ဖြည့်စွက်သောက်ခြင်းဖြင့် ကြွက်သားသန်မာစေခြင်း၊လှုပ်ရှားမှု ဟန်ချက်ညီရန် အထောက်အကူပြုခြင်း၊ ကြွက်သားလှုပ်ရှားမှုကိုတိုးတက်စေခြင်း၊ ပိုမိုလွယ်ကူစွာလှုပ်ရှားနိုင်ခြင်း နှင့် သက်ကြီးရွယ်အိုများချော်လဲကျခြင်းကို ပင်လျှော့ချပေးနိုင်ပါတယ်။

 

ဗီတာမင်ဒီဓာတ် အလုံအလောက်ရပါက အထူးသဖြင့်သက်ကြီးရွယ်အိုများအတွက် အထူးသတိပြုရသည့်အရိုးကျိုးခြင်းနှင့်ထိုအရိုးကျိုးခြင်းကြောင့်အမျိုးမျိုးဝေဒနာခံစားရသော လူနာများ အားထိုသို့သောဖြစ်နိုင်ခြေ ကိုလျှော့ချပေးနိုင်ပါတယ်။ အရိုးကျိုးပါက ကျိုးသောနေရာနာကျင်ခြင်းအပြင်လှုပ်ရှားမှုအကန့်အသတ်ဖြစ်သွားနိုင်ပါတယ်။အချို့သောလူနာများသည် တင်ပါးဆုံရိုးကျိုးသောဒဏ်ကြောင့် အိပ်ယာထဲလဲနေရပြီးထိုမှ တစ်ဆင့်ရောဂါပိုးဝင်ခြင်းနှင့် အချို့သော အခြေအနေများတွင် အသက်ကိုပါ သေစေနိုင်သည်အထိ ဖြစ်နိုင်ပါတယ်။

 

Read More : နှလုံးဆဲလ် နှင့် တစ်ရှုးကို အသစ်တဖန်ပြန်လှည်မွေးဖွားပေးနိုင်တဲ့ Cdx2 ဆဲလ်ကိုရှာဖွေတွေ့ရှိ

 

ဗီတာမင်ဒီ ဓာတ်ချို့တဲ့နေကြောင်းသိနိုင်

ဗီတာမင်ဒီ ဓာတ်သွေးထဲတွင် မည်မျှ ရှိနေသည်ကို အတိအကျစစ်ဆေးနိုင်ပါတယ်။ ထိုစစ်ဆေးမှုများအားဆောင်ရွက်ရန်အထူးသဖြင့်အရိုးပွရောဂါခံစားနေရသောသက်ကြီးရွယ်အိုများနှင့်အရိုးကျိုးလွယ်သောသူများကိုအကြံပေးလေ့ရှိပါတယ်။ဗီတာမင်(D)ဓာတ်ထုတ်လုပ်မှုကိုဆိုးရွားစွာ သက်ရောက်မှု ရှိသော အသည်း သို့မဟုတ် ကျောက်ကပ် ရောဂါ ခံစားနေရသောသူများ၊ BMI ၃၀ ကျော် သောသူများနှင့် အပြင်ထွက်အလုပ်လုပ်ခြင်းမရှိခြင်း ကြောင့်သော်လည်းကောင်း အပြင်မထွက်မီခရမ်းလွန်ရောင်ခြည်ကာကွယ်သောလိုးရှင်းများပုံမှန်လိမ်းလေ့ရှိသောကြောင့်သော်လည်းကောင်းနေရောင်ခြည်အလုံအလောက်မရရှိသောသူများသည်လည်း ဗီတာမင်ဒီ ဓာတ်စစ်ဆေးခြင်း ခံယူသင့်ပါတယ်။

 

ဆေးပညာတက္ကသိုလ် နှင့် The Endocrine Society of Thailand မှ သတ်မှတ်ချက်အရ ဗီတာမင်ဒီ ဓာတ် ၂၀ ng/ml ထက်လျော့နည်းနေသော သူများမှာ ဗီတာမင်ဒီ ဓာတ်ချို့တဲ့သောသူများဖြစ်ပါတယ်။ အရိုးပွရောဂါ ခံစားနေရသောသူများ ကဲ့သို့သော ဗီတာမင်ဒီဓာတ်ချို့တဲ့နိုင်ချေများသည့် အုပ်စုတွင် အနည်းဆုံး ၃၀ ng/ml ရှိမှသာ အန္တရာယ်ကင်းသော အဆင့်ဟု သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

 

ဗီတာမင်ဒီ သွေးရည်ကြည် ပမာဏ တိုးမြှင့်ခြင်း

ဗီတာမင်ဒီဓာတ်အား သဘာဝအတိုင်း ရရှိနိုင်သော အရင်းအမြစ်မှာ ခရမ်းလွန်ရောင်ခြည် ဘီ (UVB) ပါဝင်သော နေရောင်ခြည်ဖြစ်ပြီး ထိုကဲ့သို့သော နေရောင်ခြည်ကို မနက် ၉နာရီမှနေ့လည် ၃နာရီ ကြားတွင် ကောင်းစွာရရှိနိုင်ပါတယ်။ ဗီတာမင်ဒီဓာတ် ပိုမိုရရှိရန်နေရောင်ခြည်အောက်တွင်စိုက်ထားသောမှိုများနှင့် ဆော်လမွန်၊တူနာ၊မက်ကရယ်နှင့်ငါးသေတ္တာကဲ့သို့အဆီဓာတ်များသောငါးများ အပြင် ဗီတာမင်ဒီ ဓာတ် ထည့်ထားသော ဥများနှင့် နို့ ကို စားသုံးပေးနိုင်တယ်။

 

ဗီတာမင်ဒီဓာတ် အလွန်လျော့နည်းနေလျှင်သော်လည်းကောင်း အထက်ပါဖော်ပြထားသောနည်းလမ်းများကိုမလုပ်ဆောင်နိုင်လျှင်သော်လည်းကောင်း ဆရာဝန်များမှ ဗီတာမင်ဒီ ဖြည့်စွက် ဆေးဝါးများကို တစ်ဦးချင်းစီ၏ လိုအပ်မှုအပေါ်မူတည်ပြီး ပေးလေ့ ရှိပါတယ်။

 

Dr. Jirateep Kwankaew, M.D

Read times Last modified on Thursday, 23 May 2019 10:21
Rate this item
(1 Vote)