What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 13 June 2019 11:58

တုပ်ကွေးရောဂါ အကြောင်း သိကောင်းစရာ

အခုလို မိုးရာသီကို ကြိုက်နှစ်သက်သူများအတွက်တော့ သာယာရာသီတစ်ခုဖြစ်ပါတယ်။

မိုးရဲ့ အငွေ့အသက်ကုန်သွားရင်တော့ တုပ်ကွေးရာသီ ကုန်ပြီလို့လဲ ပြောလို့ရပါတယ်။ မိုးရာသီမှာတင်ပဲ တုပ်ကွေးဖြစ်နိုင်တာ မဟုတ်ပဲ ဆောင်းရာသီမှာလည်း တုပ်ကွေးများဖြစ်နိုင်ပါတယ်။ ဒါကြောင့် တုပ်ကွေး နှင့် ပတ်သက်ပြီး သိထားတဲ့ အချက်များကို ဖော်ပြပေးလိုက်ပါတယ်။

 

ရာသီတုပ်ကွေး (Seasonal Influenza) ရောဂါသည် ဗိုင်းရပ်စ် တစ်မျိုးဖြစ်ပြီး အသက်ရှူလမ်းကြောင်းမှ တဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ တုပ်ကွေးရောဂါပိုးရှိသူမှ နှာချေ သို့မဟုတ် ချောင်းဆိုးခြင်းမှ လေထဲဝင် ပျံနှံ့သွားပြီး လေထဲမှတဆင့် လျင်မြန်စွာ ကူးစက်တတ်တဲ့ ရောဂါဖြစ်ပါတယ်။

 

အဆိုပါတုပ်ကွေးရောဂါ၏ လက္ခဏာများကတော့ ဖျားခြင်း ၊ ကိုယ်လက်ကိုက်ခဲခြင်း ၊ ချောင်းခြောက်ဆိုးခြင်း ၊ နှာရည်ယိုခြင်း ၊ ချမ်းတုန်ခြင်း နှင့် ခေါင်းကိုက်ခြင်း စတဲ့ လက္ခဏာများကို ပြတတ်ပါတယ်။ တုပ်ကွေးကူးစပ်ပြီး ရောဂါကို ရောဂါမခံစားမီ ၁ရက် သို့မဟုတ် ၂ရက်အတွင်း ပြတတ်ပြီး ရောဂါလက္ခဏာပြပြီး ၄ရက် သို့မဟုတ် ၅ရက်အတွင်း ဖြစ်တတ်ပါတယ်။ ရောဂါပိုးဝင်ချိန် နှင့် ရောဂါလက္ခဏာမှာ ပျမ်းမျှအားဖြင့် ၅ ရက်အတွင်း ပြတတ်ပါတယ်။

 

Read More : အင်ဆူလင်ထိုးဆေး အကြောင်း

အင်ဆူလင်ထိုးဆေး အကြောင်း

 

တုပ်ကွေး ဗိုင်းရပ်စ်ကို သာမန်အားဖြင့် ပုံစံ A နှင့် B ဆိုပြီး နှစ်မျိုး ခွဲခြားထားပါတယ်။ ဗိုင်းရပ်စ် A အမျိုးအစားသည် လူသာမက အခြားသောမျိုးစိတ် (တိရိစ္ဆာန်) များတွင်လဲ ထိခိုက်နိုင်သော ဗိုင်းရပ်စ် ဖြစ်ပြီး ဗိုင်းရပ်စ် B မှာ ဆိုးရွားစွာ ထိခိုက်ခြင်း မဟုတ်တဲ့ သာမန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါ တစ်မျိုးဘဲ ဖြစ်ပါတယ်။

 

တုပ်ကွေးရောဂါ ကာကွယ်ရန် နှာချေတိုင်း၊ ချောင်းဆိုးတိုင်း၊ နှာခေါင်းနှင့် ပါးစပ်ကို လက်ကိုင်ပဝါ၊ တစ်သျူးးဖြင့် အုပ်ကာ ချောင်းဆိုးသင့်ပါတယ်။ ရောဂါပိုးများ လက်တွင် ကပ်ငြိနေနိုင်သဖြင့် ချောင်းဆိုး၊ နှာချေပြီးချိန် နှင့် ရောဂါရှိသူကို ကိုင်တွယ်ပြီးချိန်တွင် လက်ကို ဆပ်ပြာနှင့် သေချာဆေးကြောသင့်ပါတယ်။ တုပ်ကွေးရောဂါ ဖြစ်ပွားနေသူနှင့် နီးကပ်စွာ နေထိုင်မှုမှ ရှောင်ကျဉ်ခြင်း၊ လူနေထူထပ်ရာ နေရာများသို့ သွားလာခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။ ရောဂါလက္ခဏာ ပေါ်ပေါက်လာပါက ကောင်းမွန်စွာ အိပ်စက်အနားယူခြင်း ၊ အရည်များများသောက်ခြင်း ၊ ကိုယ်အပူချိန် မြင့်မားနေပါက ရေပတ်တိုက်ခြင်းကို ဆောင်ရွက်သင့်ပါတယ်။

 

တုပ်ကွေးရာသီ ရောက်ပြီးဆိုတော့ ဘာတွေကို ကြိုတင်ပြင်ဆင်ထားဖို့လိုလဲ။

အိမ်တွင် အဖျားကျဆေး ၊ အကိုက်ခဲပျောက်ဆေး ၊ ဗီတာမင်စီဆေး ၊ ချောင်းဆိုးပျောက်ဆေး နှင့် နှာစေးပျောက်ဆေးတွေ ရှိထားဖို့လိုပါတယ်။ အရေးကြီးတာကတော့ ကလေး နှင့် လူကြီး ဆေးသောက်ရမည့် ပုံစံတွေကို ခွဲခြားသိဖို့လိုပါမယ်။ ဒါ့အပြင် ဆရာဝန်များနှင့် တိုင်ပင်ပြီး ဆေးသောက်သုံးခြင်းများကို ပြုလုပ်ပါ။ အပူချိန်တိုင်း ကိရိယာကို ဆောင်ထားဖို့ မမေ့နဲ့အုံးနော်။

 

ဒါ့အပြင် အိမ်သူ/သား များ အသုံးပြုများတဲ့ အရာများကို ဆေးကြောသန့်စင်ပေးပါ။ အိမ်အတွင်း လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ပေးပါ။ တုပ်ကွေးရာသီမှာ ရေဓာတ်လုံလောက်အောင် ပြုလုပ်ပါ ။ ခုခံအားကောင်းစေမယ့် အစားအသောက်တွေကို သုံးဆောင်ပေးပါ။ ရောဂါမဖြစ်ခင် ကြိုတင်ပြင်ဆင်ထားခြင်းသည်လည်း အသိပညာတစ်ရပ်ပင် ဖြစ်ပါတယ်။

Read times
Rate this item
(1 Vote)