What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 05 October 2019 16:09

အရေပြားပေါ်မှာ မပြတဲ့ အရေပြားကင်ဆာ လက္ခဏာများ

ဒီဘက်ခေတ်မှာ အရေပြားကင်ဆာ အဖြစ်များလာတာ တွေ့ရမှာပါ။

အများအားဖြင့် အရေပြားပေါ်က ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတွေဖြစ်တဲ့ မှဲ့တွေကြောင့်၊ နီရဲလာတဲ့ အရေပြား အနာတွေကြောင့်၊ အဖုအပိမ့်၊ အလုံးအကျိတ်တွေကြောင့် အရေပြားကင်ဆာလေလားလို့ သံသယဝင် ဂရုစိုက်နိုင်ပေမဲ့ ဒီလိုလက္ခဏာတွေ မပြဘဲ နေရင်တော့ အရေပြားကင်ဆာ ဖြစ်နေလို့ ဖြစ်နေမှန်းမသိ ရောဂါကျွမ်းတဲ့ အဆင့်ရောက်မှ သိရရင် ကုသမရတော့ဘဲ အခြေအနေ လွန်မသွားရလေအောင် အရေပြားကင်ဆာမှာ ပြတတ်တဲ့ အရေပြားပေါ်က မဟုတ်တဲ့ အခြားသော လက္ခဏာလေးတွေကို စာဖတ်ပရိသတ်အတွက် ကျန်းမာရေး ဗဟုသုတအနေနဲ့ ဝေမျှပါရစေ။

 

အရေပြားအောက်က အလုံးအကျိတ်လေးတွေ

အရေပြားအောက်က အရာတွေက မျက်စိနဲ့ မမြင်နိုင်တဲ့ အရာတွေပါ။ အထူးသဖြင့် ပေါင်ခြံ၊ ဂျိုင်း(ချိုင်း) နဲ့ လည်ပင်းတစ်ဝိုက်မှာ ပြန်ရည်ကြောတွေ ရှိပြီး ဒီနေရာမှာ အလုံးအကျိတ်တွေ ပေါ်လာပြီဆိုရင် သင့်ကိုယ်ခံအားစနစ်က ရောဂါဖြစ်စေတဲ့ အရာတွေကို တိုက်ထုတ်နေရလို့ပါ။ ဒီလိုဖြစ်လာပြီဆိုရင် အရေပြားကင်ဆာလေလားလို့ သတိပြုပြီး ဆရာဝန်နဲ့ သေချာပြသ စစ်ဆေးဖို့ လိုနေပါပြီ။

 

ဗိုက်နာ ဗိုက်အောင့်တာ

ပြန်ရည်ကြောကနေတစ်ဆင့် အသည်းဆီ ကင်ဆာဆဲလ်တွေ ပြန့်သွားရတော့ ဝမ်းဗိုက် ညာဘက်အပေါ်မှာ နာကျင်မှုကို ခံစားရနိုင်ပါတယ်။ အခြားသော ရောဂါတွေကြောင့်လည်း ဒီလိုလက္ခဏာပြတတ်လို့ ဖြစ်လာရင် ပေါ့ဆမနေဘဲ ဆရာဝန်ဆီသာ သွားပြပါတော့။

 

အသက်ရှူလမ်းကြောင်း ပြဿနာဖြစ်လာတာ

များသောအားဖြင့် အရေပြားကင်ဆာက အဆုတ်ကို ပြန့်သွားရင် အသက်ရှူမဝတာ ချောင်းဆိုးရက်ရှည်တာမျိုး ခံစားရတတ်ပါတယ်။ တကယ်လို့ ဒီလိုဝေဒနာခံစားရရင် အရေပြားကင်ဆာလေလားလို့ သတိပြုပြီး ကျန်းမာရေး စစ်ဆေးမှုတွေ ပြုသင့်ပါတယ်။

 

အရိုးအဆစ်တွေ ကိုက်ခဲတာ

ကင်ဆာဆဲလ်တွေက အသည်း၊ အဆုတ်တို့အပြင် အရိုးတွေဆီ ပြန့်သွားပြီး အရိုးအဆစ်တွေ နာကျင် ကိုက်ခဲတတ်ပါတယ်။ အထူးသဖြင့် ဒူးဆစ်တွေ တင်ပါးဆုံရိုးတွေ နာကျင်ကိုက်ခဲလာရင် သတိပြုပြီး ကျန်းမာရေးစစ်ဆေးမှု အမြန်ပြုပါလို့။

Read More:>> မြို့နယ်ဒေသန္တရ ဆေးခန်းပေါင်း ၄၀ ကျော်ကို ကြည့်ရန် နှိပ်ပါ။

 

အမြင်မှုန်ဝါးလာတာ

အရေပြား မှဲ့ကင်ဆာမှာ ရောင်ခြယ်ဓာတ် ထုတ်တဲ့ဆဲလ်တွေက အရေပြားကနေ အများအပြား ထွက်ရှိသလို မျက်စိနဲ့ အခြားသော ကိုယ်အစိတ်အပိုင်းတွေမှာလည်း ထွက်လာပါတယ်။ ဒီအခါမှာ မျက်စိအတွင်းက မျက်ကြည်လွှာမှာ အရောင်ပြောင်းလာပြီး အမြင်မှုန်ဝါးတာတွေ ဖြစ်လာနိုင်တယ်လေ။ ဒီလိုဖြစ်လာရင် သတိပြုပြီး ဆရာဝန်နဲ့ ပြသပါနော်။

 

ကြွက်တက်တာ

အရေပြားကင်ဆာမှာ ခန္ဓာကိုယ်ကြွက်သားတွေ တောင့်တင်းနာကျင်ပြီး ကြွက်တက်သလို ဖြစ်နိုင်ပါတယ်။ ကြွက်သားတွေ တောင့်တင်းတာကြောင့် ဝမ်းချုပ်တာ၊ ဝမ်းပျက်တာ၊ ကြွက်တတ်တာနဲ့ နာကျင်တာတွေ ခံစားရနိုင်ပါတယ်။ ဒီလိုဝေဒနာတွေ ခံစားလာရရင် မပေါ့ဆကြပါနဲ့လို့။

 

ခေါင်းကိုက်တာ

မျက်စိနဲ့ အူလမ်းကြောင်းလိုပဲ ဦးနှောက်မှာပါ ရောင်ခြယ်ဓာတ် ထုတ်တဲ့ဆဲလ်တွေ ထွက်လာပြီး ခေါင်းကိုက်တာ၊ မကြာခဏတက်တာနဲ့ သတိမေ့တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အရေပြားကင်ဆာဆဲလ်ဟာ ဦးနှောက်ကိုလည်း ပြန့်နိုင်တာကြောင့် အလေးထားဆင်ခြင်ကြစေချင်ပါတယ်။ အသက်ကို ဉာဏ်စောင့်တာကြောင့် သတိနဲ့ နေထိုင်ဂရုစိုက်ပါလို့ အကြံပြုပါရစေရှင်။

 

(Zawgyi)

======

အေရျပားေပၚမွာ မျပတဲ့ အေရျပားကင္ဆာ လကၡဏာမ်ား

 

ဒီဘက္ေခတ္မွာ အေရျပားကင္ဆာ အျဖစ္မ်ားလာတာ ေတြ႔ရမွာပါ။ အမ်ားအားျဖင့္ အေရျပားေပၚက ပံုုမွန္မဟုုတ္တဲ့ ေျပာင္းလဲမႈေတြျဖစ္တဲ့ မွဲ႔ေတြေၾကာင့္၊ နီရဲလာတဲ့ အေရျပား အနာေတြေၾကာင့္၊ အဖုုအပိမ့္၊ အလံုုးအက်ိတ္ေတြေၾကာင့္ အေရျပားကင္ဆာေလလားလိုု႔ သံသယ၀င္ ဂရုုစိုုက္ႏိုုင္ေပမဲ့ ဒီလိုုလကၡဏာေတြ မျပဘဲ ေနရင္ေတာ့ အေရျပားကင္ဆာ ျဖစ္ေနလိုု႔ ျဖစ္ေနမွန္းမသိ ေရာဂါကၽြမ္းတဲ့ အဆင့္ေရာက္မွ သိရရင္ ကုုသမရေတာ့ဘဲ အေျခအေန လြန္မသြားရေလေအာင္ အေရျပားကင္ဆာမွာ ျပတတ္တဲ့ အေရျပားေပၚက မဟုုတ္တဲ့ အျခားေသာ လကၡဏာေလးေတြကိုု စာဖတ္ပရိသတ္အတြက္ က်န္းမာေရး ဗဟုုသုုတအေနနဲ႔ ေ၀မွ်ပါရေစ။

 

အေရျပားေအာက္က အလံုုးအက်ိတ္ေလးေတြ

အေရျပားေအာက္က အရာေတြက မ်က္စိနဲ႔ မျမင္ႏိုုင္တဲ့ အရာေတြပါ။ အထူးသျဖင့္ ေပါင္ၿခံ၊ ဂ်ိဳင္း(ခ်ိဳင္း) နဲ႔ လည္ပင္းတစ္၀ိုုက္မွာ ျပန္ရည္ေၾကာေတြ ရွိၿပီး ဒီေနရာမွာ အလံုုးအက်ိတ္ေတြ ေပၚလာၿပီဆိုုရင္ သင့္ကိုုယ္ခံအားစနစ္က ေရာဂါျဖစ္ေစတဲ့ အရာေတြကိုု တိုုက္ထုုတ္ေနရလိုု႔ပါ။ ဒီလိုုျဖစ္လာၿပီဆိုုရင္ အေရျပားကင္ဆာေလလားလိုု႔ သတိျပဳၿပီး ဆရာ၀န္နဲ႔ ေသခ်ာျပသ စစ္ေဆးဖိုု႔ လိုုေနပါၿပီ။

 

ဗိုုက္နာ ဗိုုက္ေအာင့္တာ

ျပန္ရည္ေၾကာကေနတစ္ဆင့္ အသည္းဆီ ကင္ဆာဆဲလ္ေတြ ျပန္႔သြားရေတာ့ ၀မ္းဗိုုက္ ညာဘက္အေပၚမွာ နာက်င္မႈကိုု ခံစားရႏိုုင္ပါတယ္။ အျခားေသာ ေရာဂါေတြေၾကာင့္လည္း ဒီလိုုလကၡဏာျပတတ္လိုု႔ ျဖစ္လာရင္ ေပါ့ဆမေနဘဲ ဆရာ၀န္ဆီသာ သြားျပပါေတာ့။

 

အသက္ရွဴလမ္းေၾကာင္း ျပႆနာျဖစ္လာတာ

မ်ားေသာအားျဖင့္ အေရျပားကင္ဆာက အဆုုတ္ကိုု ျပန္႔သြားရင္ အသက္ရွဴမ၀တာ ေခ်ာင္းဆိုုးရက္ရွည္တာမ်ိဳး ခံစားရတတ္ပါတယ္။ တကယ္လိုု႔ ဒီလိုုေ၀ဒနာခံစားရရင္ အေရျပားကင္ဆာေလလားလိုု႔ သတိျပဳၿပီး က်န္းမာေရး စစ္ေဆးမႈေတြ ျပဳသင့္ပါတယ္။

 

အရိုုးအဆစ္ေတြ ကိုုက္ခဲတာ

ကင္ဆာဆဲလ္ေတြက အသည္း၊ အဆုုတ္တိုု႔အျပင္ အရိုုးေတြဆီ ျပန္႔သြားၿပီး အရိုုးအဆစ္ေတြ နာက်င္ ကိုုက္ခဲတတ္ပါတယ္။ အထူးသျဖင့္ ဒူးဆစ္ေတြ တင္ပါးဆံုုရိုုးေတြ နာက်င္ကိုုက္ခဲလာရင္ သတိျပဳၿပီး က်န္းမာေရးစစ္ေဆးမႈ အျမန္ျပဳပါလိုု႔။

Read More:>> ျမိဳ႕နယ္ေဒသႏၱရ ေဆးခန္းေပါင္း ၄၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ။

 

အျမင္မႈန္၀ါးလာတာ

အေရျပား မွဲ႔ကင္ဆာမွာ ေရာင္ျခယ္ဓာတ္ ထုုတ္တဲ့ဆဲလ္ေတြက အေရျပားကေန အမ်ားအျပား ထြက္ရွိသလိုု မ်က္စိနဲ႔ အျခားေသာ ကိုုယ္အစိတ္အပိုုင္းေတြမွာလည္း ထြက္လာပါတယ္။ ဒီအခါမွာ မ်က္စိအတြင္းက မ်က္ၾကည္လႊာမွာ အေရာင္ေျပာင္းလာၿပီး အျမင္မႈန္၀ါးတာေတြ ျဖစ္လာႏိုုင္တယ္ေလ။ ဒီလိုုျဖစ္လာရင္ သတိျပဳၿပီး ဆရာ၀န္နဲ႔ ျပသပါေနာ္။

 

ၾကြက္တက္တာ

အေရျပားကင္ဆာမွာ ခႏၶာကိုုယ္ၾကြက္သားေတြ ေတာင့္တင္းနာက်င္ၿပီး ၾကြက္တက္သလိုု ျဖစ္ႏိုုင္ပါတယ္။ ၾကြက္သားေတြ ေတာင့္တင္းတာေၾကာင့္ ၀မ္းခ်ဳပ္တာ၊ ၀မ္းပ်က္တာ၊ ၾကြက္တတ္တာနဲ႔ နာက်င္တာေတြ ခံစားရႏိုုင္ပါတယ္။ ဒီလိုုေ၀ဒနာေတြ ခံစားလာရရင္ မေပါ့ဆၾကပါနဲ႔လိုု႔။

 

ေခါင္းကိုုက္တာ

မ်က္စိနဲ႔ အူလမ္းေၾကာင္းလိုုပဲ ဦးေႏွာက္မွာပါ ေရာင္ျခယ္ဓာတ္ ထုုတ္တဲ့ဆဲလ္ေတြ ထြက္လာၿပီး ေခါင္းကိုုက္တာ၊ မၾကာခဏတက္တာနဲ႔ သတိေမ့တာေတြ ျဖစ္လာႏိုုင္ပါတယ္။ ဒါေၾကာင့္ အေရျပားကင္ဆာဆဲလ္ဟာ ဦးေႏွာက္ကိုုလည္း ျပန္႔ႏိုုင္တာေၾကာင့္ အေလးထားဆင္ျခင္ၾကေစခ်င္ပါတယ္။ အသက္ကိုု ဥာဏ္ေစာင့္တာေၾကာင့္ သတိနဲ႔ ေနထိုုင္ဂရုုစိုုက္ပါလိုု႔ အၾကံျပဳပါရေစရွင္။

Read times Last modified on Friday, 07 February 2020 16:10
Rate this item
(1 Vote)