What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 25 March 2020 14:18

အရေပြားယားယံခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်း

90251442 832926683874316 4730726126572273664 n

ခန္ဓာကိုယ်တစ်ခုလုံးကို အရေပြားများဖြင့်ဖုံးအုပ်ထားပြီး အရေပြားပေါ်တွင် ချွေးထွက်ပေါက်ငယ် မြောက်များစွာပါဝင်ပါတယ်။ တခါတရံ အရေပြားယားယံခြင်းက အင်းဆက်ပိုးများ အကိုက်ခံရခြင်းကြောင့် ယားယံတာမဟုတ်ဘဲ အလွန်အကျွံ့ ယားယံတာမျိုးနဲ့ ကြုံတွေ့ဖူးမှာပါ။အရေပြားယားယံခြင်းက နှင်းခူ ၊ဝဲ (သို့) ခန္ဓာကိုယ်အတွင်း ဆီးချိုသွေးချို ၊ကင်ဆာ ပိုးများကြောင့်လည်း အရေပြားယားယံခြင်းကို ဖြစ်ပေါ်နိုင်ပါတယ်။ ဒါကြောင့် အရေပြားယားယံခြင်းကို လျှင်မြန်စွာကုသစစ်ဆေးမှုများ ခံယူပါ။ အရေပြားယားယံရခြင်း အကြောင်းရင်းကို မသိရှိဘဲ လက်သည်းရှည်များဖြင့် ကုတ်ခြစ်တာ၊ လိမ်းဆေးလိမ်းခြင်းကို ရှောင်ကျဉ်ပါ။

 

Baby Clinics (ကလေး အထူးကုဆေးခန်း ၄၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Baby Clinics

 

အရေပြားယားယံခြင်းကို ဖြစ်ပေါ်စေတဲ့အကြောင်းရင်းများ

-အင်းဆက်ပိုးများ အကိုက်ခံတာ

-ခူကောင် များထိမိတာ

- ဝဲ၊ ပွေးများကြောင့်ယားယံတာ

- ချွေးမိတ်ဖုလေးများကြောင့်ယားယံတာ

-ကင်ဆာရောဂါပိုးများကြောင့်ယားယံတာ

-အာရုံ ကြောဆိုင်ရာချို့ယွင်းတာ

- အသည်းချို့ယွင်းတာ

-အရေပြားဆဲလ်များပြောင်းလဲတာ

- ကျောက်ကပ်ရှိတာ

-ဓာတ်မတည့်သော အစားအစာ၊ ဓာတ်တုပစ္စည်းထိမိတာ ၊ရှူချမိသောကြောင့်လည်း အရေပြားယားယံခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

အရေပြားအလွန်ယားယံခြင်းနဲ့ ကြုံတွေ့နေရပြီဆိုရင် ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးမှုကိုခံယူသင့်ပါတယ်။ အင်းဆက်ပိုးများကြောင့်ဆိုရင် အဆိပ်ပြေဆေးများ ထိုးတာ၊ သောက်သုံးတာ ၊ လိမ်းဆေးများလိမ်းတာ ၊ အရေပြားကင်ဆာ ဆိုရင် အရေပြားကင်ဆာ အဆင့်လိုက်ကုသမှုကိုခံယူပါ။ အာရုံကြောကြောင့်ဆိုရင် အာရုံကြောအားကောင်းစေတဲ့ ဆေးများသောက်သုံးခြင်းစတဲ့ နည်းလမ်းများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ကုသမှုကိုခံယူပါ။

Written By Health Products Directory

 

90165828 212716063139335 1462378197545910272 n

 

(Zawgyi)

====


 


 



 



-ခူကောင် များထိမိတာ





- အသည်းချို့ယွင်းတာ


- ကျောက်ကပ်ရှိတာ




Read times
Rate this item
(0 votes)