What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 05 May 2020 13:31

သွေးချိုဆီးချို သောက်ဆေး ရပ်ခြင်း

အချိုလူနာများသည် သွေးတွင်းသကြားဓာတ် ပုံမှန်ဖြစ်လာသောအခါ သွေးချိုဆီးချိုရောဂါ သက်သာပြီ ၊ပျောက်ပြီအထင်ဖြင့် ဆေးကိုရပ်တတ်ကြပါတယ်။ 

အချို့မှာ သွေးချိုဆီးချိုကျဆေးများကို ကာလကြာမြင့်စွာ စွဲသောက်ခြင်းကြောင့် ဆေး၏ဘေးထွက်ဆိုးကျိုးများရလာတတ်သည်၊ ဆေးစားများလေ၊ ကျန်းမာရေးကိုထိခိုက်လေဟု အထင်နှင့် ဆေးကိုရပ်ကြပါတယ်။

 

သွေးချိုဆီးချိုရောဂါသည် နာတာရှည်ရောဂါဖြစ်သည့်အလျောက် တစ်သက်တာလုံးဆေးသောက်ရန်လိုကြောင်း သိထားသင့်ပါတယ်။ အချို့ဆေးများတွင် ဘေးထွက်ဆိုးကျိုးအနည်းငယ်မှလွဲ၍ အများစုမှာ ရေရှည်အန္တရာယ်ကင်းကြပါတယ်။ အသုံးပြုနေသော ဆေးများသည် အန္တရာယ် ကင်းရှင်းကြောင်း စမ်းသပ်စစ်ဆေးမှုအဆင့်ဆင့်ဖြင့် သက်သေပြပြီးမှ သုံးခွင့်ရထားသော ဆေးများဖြစ်ပါတယ်။


ခြွင်းချက်အနေနှင့် သွေးချိုဆီးချို ဆေးရပ်နိုင်သည့် အခြေအနေမှာသွေးတွင်းသကြားဓာတ်အလွန်အကျွံကျသည့်အချိန်ဖြစ်သည်။ သွေးချိုဆီးချိုကျဆေး ရပ်နိုင်သော အခြားအခြေအနေတစ်ရပ်မှာသွေးချိုဆီးချိုကြောင့် ကျောက်ကပ်ပျက်စီးသွားချိန်ဖြစ်သည်။ 

 

ကျောက်ကပ်မှသွေးချိုဆီးချိုကျဆေးအား စွန့်ပစ်မှု အားနည်းသွားသောကြောင့်နှင့် လူနာအစားအသောက်ပျက်သွားသောကြောင့် သွေးတွင်းသကြားဓာတ်မှာ နည်းနေတတ်ပါတယ်။ ဆေးမလိုဘဲဖြစ်နေတတ်ပါတယ်။ရဟန်းသံဃာများ အပါအဝင် ဥပုတ်သီတင်းဆောက်တည်သူများသည် ဆေးသောက်ချိန်ပြောင်းရန်လိုပါတယ်။

 

အရုဏ်တက်၊ နံနက်စောစောနှင့် မွန်းမတည့်မီတွင် အစားစားပြီး၊ မွန်းလွဲပြီးချိန် အစားမစားသောကြောင့် နံနက်စောစောနှင့် မွန်းမတည့်မီ စားပြီးတက်လာမည့် သွေးချိုဆီးချိုကို ထိန်းရန်လိုပါသည်။ ထို့ကြောင့်ဆေးကို နံနက်စောစောတစ်ကြိမ်၊ နေ့လယ်စာ စားချိန်တွင် တစ်ကြိမ်သောက်ရန်လိုပြီး ညနေဆေး မသောက်သင့်ပါ။

 

Sinocare Myanmar

Read times
Rate this item
(1 Vote)