What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 08 November 2019 16:46

ေသြးေပါင္တက္ျခင္း ၏ ​ေနာက္​ဆက္​တြဲ ဆိုးက်ိဳးမ်ား

က်ေနာ္တို့လူတိုင္းသြးေပါင္တက္လို႔ ေဆးေသာက္လိုက္ရင္​ေသြးေပါင္ျပန္က်ျပီးပံုမွန္ျပန္ျဖစ္သြားမယ္ဆိုတာအလြယ္သိၾကပါတယ္။

ဒါေပမယ့္ေနာက္ဆက္တြဲဆိုးက်ိဳးေတြျဖစ္လာမွာကို ဘယ္သူမွႀကိဳမေတြးမိၾကပါဘူး။ ေသြးဖိအားျမင့္တက္လာတဲ့အခ်ိန္ခႏၶာကိုယ္မွာဘယ္လိုေတြထိခိုက္သလဲ၊ခဏခဏေသြးေပါင္တက္တာၾကာလာရင္ဘယ္လိုဆို းက်ိဳးေတြျဖစ္က်န္ေနခဲ့လဲဆိုတာသိဖို႔အေရးၾကီးပါတယ္။

ဒါေၾကာင့္အားလံုးသိေစခ်င္တဲ့အတြက္ share လုပ္ေပးလိုက္ပါတယ္ေသြးေပါင္တက္ျခင္းေၾကာင့္ေသြးတိုးတာခဏခဏျဖစ္လာရင္ေအာက္ပါဆိုးက်ိုးေတြကိုလူတိုင္းမလြဲမေသြခံစားရမွာျဖစ္ပါတယ္

 

၁။ေသြးေၾကာပ်က္စီးျခင္း

ေသြးေၾကာေတြဆိုတာအဆုတ္နဲ႔ႏွလံုးက ေသြးေတြလြယ္လြယ္စီးဆင္းလည္ပတ္နုိင္ဖို႔၊ ကိုယ္တြင္းအဂၤါနဲ႔တျခားအစိတ္အပိုင္းေတြဆီ ေအာက္ဆီဂ်င္ပို႔လႊတ္နုိင္ဖို႔အျပစ္အနာအဆာကင္းတဲ့က်နး္မာျခင္းရွိေနရပါမယ္။ ​ေသြးတိုးတက္တဲ့အခါ ေသြးေၾကာနံရံေတြအရမ္းမာသြား​ေစျပီးအတြင္းမွာပ်က္စီးေစတယ္၊ အဆီေခ်းေတြျဖစ္ေနေစတယ္။အဲဒီအဆီေခ်းေတြေၾကာင့္ ေသြးေၾကာေတြကိုမာေစ၊က်ဥ္းေစနိုင္ပါတယ္။

 

၂။ေသြးေၾကာေဖာင္းျခင္း(Aneurysm)

ေသြးေၾကာနံရံကိုဖိအားျဖစ္ေစျပီးအားနည္းေစတဲ့အခါAneurysmျဖစ္ေစပါတယ္။​ေသြးေၾကာေဖာင္းရာကေန​ေပါက္သြားခဲ့ရင္​ေသြးယိုေစျပီးအႏၱရာယ္ရွိလာနိုင္ပါတယ္။ဘယ္ေသြးေၾကာမွာမဆိုျဖစ္နိုင္တယ္ဆိုေပမယ့္ႏွလံုးေသြးလႊတ္ေၾကာမၾကီးမွာအျဖစ္မ်ားဆံုးပါ။

 

၃။ႏွလံုးေသြးေၾကာဆိုင္ရာေရာဂါ (CAD)

ႏွလံုးနဲ႔နီးတဲ့​ေသြးေၾကာေတြမွာအဆီေခ်းေတြစုလာတဲ့အခါCoronary Artery Disease (CAD)ဆိုတာျဖစ္လာပါတယ္။ျဖစ္လာရင္ ေသြးလည္ပတ္မႈကိုေႏွးေစျပီးရင္ဘတ္ေအာင့္တာ၊ႏွလံုးခုန္မမွန္တာေတြျဖစ္ေစနိုင္တယ္။ ေသြးေၾကာပိတ္ရင္ေတာ့ႏွလံုးရုတ္တရက္ရပ္ျခင္း(heart attack)ျဖစ္ေစနုိင္ပါတယ္။

 

၄။ႏွလံုးရုတ္တရက္ရပ္ျခင္း (Heart Attack)

ႏွလံုးေသြးေၾကာလံုးဝပိတ္သြားတဲ့အခါႏွလံုးရုတ္တရက္ရပ္ျခင္း(heart attack)ျဖစ္လာနုိင္ပါတယ္။ပိတ္သြားရင္ႏွလံုးၾကြက္သားေတြမွာ ေအာက္ဆီဂ်င္နဲ႔အာဟာရဓာတ္ေတြမရရွိနိုင္ေတာ့ပါဘူး။ဒါဆိုပ်က္စီးရေတာ့မွာပါပဲ။ ရင္ဘတ္ထဲေလးေနတာ၊ ေအာင့္ေနတာခံစားရေလ့ရွိေပမယ့္လက္ေမာင္း၊လည္ပင္း၊​ေမးရိုးတို႔မွာလည္းခံစားရနိုင္ပါတယ္။အသက္ရွဴရခက္ခဲလာနိုင္ျပီးမူးတာ၊ မအီမသာျဖစ္တာေတြ ခံစားရတတ္ပါတယ္။

 

၅။ႏွလံုးလုပ္ေဆာင္ခ်က္ ပ်က္စီးျခင္း

ေသြးတိုးတဲ့အခါ ေသြးေၾကာေတြက်ဥ္းေစပါတယ္။အခ်ိန္ျကာလာတဲ့အခါႏွလံုးလုပ္ေဆာင္ခ်က္ေတြခက္ခဲလာျပီးအားနည္းလာေစပါတယ္။ ေနာက္ဆံုးမွာတျခားအစိတ္အပိုင္းေတြကိုပါ ေသြးပို႔လႊတ္မႈမလံုေလာက္ေတာ့ဘဲႏွလံုးပ်က္စီးရပါတယ္။

 

၆။ႏွလံုးၾကီးျခင္း

ေသြးလည္ပတ္မႈအတြက္ပိုျပီးရုန္းကန္လုပ္ေဆာင္ေနရတဲ့အခါႏွလံုးၾကြက္သားေတြထူလာပါတယ္(ေလ့က်င့္ခန္းလုပ္ထားတဲ့ျကြက္ သားေတြလို)။​ေနာက္ဆံုးက် ႏွလံုးၾကီးလာပါတယ္။ႏွလံုးၾကီးလာေလသူ႔ရဲ႕လုပ္ေဆာင္နိုင္စြမ္းကပိုနည္းလာေလျဖစ္ပါတယ္။ႏွလံုးတစ္ရွဴးေတြမွာ​ေ​ေအာက္ဆီဂ်င္နဲ႔အာဟာရဓာတ္ေတြလိုသေလာက္မရနိုင္ေတာ့ပါဘူး။

 

၇။ေလျဖတ္ျခင္း

ေသြးတိုးတာဟာ​ေလျဖတ္ျခင္းရဲ႕အဓိကအေၾကာင္းရင္းျဖစ္ပါတယ္။​ေလျဖတ္တာႏွစ္မ်ိဳးရွိပါတယ္။အားနည္းေနတဲ့ေသြးေၾကာကဦးေႏွာက္ထဲမွာ​ေပါက္သြားတဲ့အခါ Hemorrhagic၊ေသြးေၾကာနံရံကေနကြာထြက္လာတဲ့ ေသြးခဲေလးေတြက​ေသြးလည္ပတ္မႈကိုပိတ္ဆို႔ျပီး ဦးေႏွာက္ဆဲလ္ေတြဆီ ေသြးမေရာက္ေအာင္တားဆီးတဲ့အခါ Ischemic ျဖစ္ပါတယ္။ ေသြးအလံုအေလာက္မရတဲ့အခါဦးေႏွာက္ဆဲလ္ေတြေသဆံုးပါတယ္။FASTလို႔အတို ေကာက္မွတ္လို႔ရတဲ့ ေလျဖတ္အေရးေပၚအခ်က္ေလးခုကိုသတိရပါ။ မ်က္ႏွာရြဲ႕သြားတာလား , လက္ေတြအားနည္းေနလား , စကားေျပာရန္ျပသနာရွိေနလား , အေရးေပၚေဆးရံုကားေခၚပါ။

 

၈။ေက်ာက္ကပ္ပ်က္စီးျခင္း

ေသြးတိုးေရာဂါက​ေက်ာက္ကပ္ပ်က္စီးျခင္းရဲ႕ဒုတိယအျဖစ္မ်ားဆံုးအေၾကာင္းရင္းျဖစ္ပါတယ္။အညစ္အေၾကးေတြနဲ႔အရည္ပိုေတြစြန္႔ထုတ္ဖို႔ ေက်ာက္ကပ္ကအသံုးျပဳတဲ့ ေသြးေၾကာေတြကိုက်ဥ္းေစ၊မာေစတာေၾကာင့္ ဆိုးက်ိဳးမေသးပါဘူး။

 

၉။အရိုးအတြက္ဆုတ္ယုတ္မႈ

ေသြးတိုးရွိသူေတြဟာဆီးထဲမွာကယ္လ္စီယမ္ေတြပိုပါသြားတတ္ပါတယ္။ဒါ့ေၾကာင့္ပဲအရိုးက်ိဳးအက္လြယ္တာ၊အရိုးပြတာေတြျဖစ္နိုင္ပါတယ္။ အထူးသျဖင့္အသက္ၾကီးတဲ့အမ်ိဳးသမီးေတြမွာပိုဆိုးပါတယ္။ အေပၚကအတိုင္းဆိုက်ေနာ္တို့ ေသြးတိုးမျဖစ္ေအာင္ဆင္ျခင္သင့္ပါတယ္။​ေသြးတိုးရွိေနျပီးသားဆိုရင္လည္းစားေသာက္ေနထိုင္မႈပံုစံမွာတတ္နုိင္သေလာက္ထိန္းညွိေနထိုင္ရပါမယ္ဆိုတာကို တိုက္တြန္းအသိေပးလိုက္ပါတယ္

 

General sai

{Unicode}
======


သွေးပေါင်တက်ခြင်း ၏ နောက်ဆက်တွဲ ဆိုးကျိုးများ

ကျနော်တို့လူတိုင်းသွးပေါင်တက်လို့ ဆေးသောက်လိုက်ရင်သွေးပေါင်ပြန်ကျပြီးပုံမှန်ပြန်ဖြစ်သွားမယ်ဆိုတာအလွယ်သိကြပါတယ်။ဒါပေမယ့်နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်လာမှာကို ဘယ်သူမှကြိုမတွေးမိကြပါဘူး။ သွေးဖိအားမြင့်တက်လာတဲ့အချိန်ခန္ဓာကိုယ်မှာဘယ်လိုတွေထိခိုက်သလဲ၊ခဏခဏသွေးပေါင်တက်တာကြာလာရင်ဘယ်လိုဆို းကျိုးတွေဖြစ်ကျန်နေခဲ့လဲဆိုတာသိဖို့အရေးကြီးပါတယ်။ ဒါကြောင့်အားလုံးသိစေချင်တဲ့အတွက် share လုပ်ပေးလိုက်ပါတယ်သွေးပေါင်တက်ခြင်းကြောင့်သွေးတိုးတာခဏခဏဖြစ်လာရင်အောက်ပါဆိုးကျိုးတွေကိုလူတိုင်းမလွဲမသွေခံစားရမှာဖြစ်ပါတယ်

 

၁။သွေးကြောပျက်စီးခြင်း

သွေးကြောတွေဆိုတာအဆုတ်နဲ့နှလုံးက သွေးတွေလွယ်လွယ်စီးဆင်းလည်ပတ်နိုင်ဖို့၊ ကိုယ်တွင်းအင်္ဂါနဲ့တခြားအစိတ်အပိုင်းတွေဆီ အောက်ဆီဂျင်ပို့လွှတ်နိုင်ဖို့အပြစ်အနာအဆာကင်းတဲ့ကျန်းမာခြင်းရှိနေရပါမယ်။ သွေးတိုးတက်တဲ့အခါ သွေးကြောနံရံတွေအရမ်းမာသွားစေပြီးအတွင်းမှာပျက်စီးစေတယ်၊ အဆီချေးတွေဖြစ်နေစေတယ်။အဲဒီအဆီချေးတွေကြောင့် သွေးကြောတွေကိုမာစေ၊ကျဉ်းစေနိုင်ပါတယ်။

 

၂။သွေးကြောဖောင်းခြင်း(Aneurysm)

သွေးကြောနံရံကိုဖိအားဖြစ်စေပြီးအားနည်းစေတဲ့အခါAneurysmဖြစ်စေပါတယ်။သွေးကြောဖောင်းရာကနေပေါက်သွားခဲ့ရင်သွေးယိုစေပြီးအန္တရာယ်ရှိလာနိုင်ပါတယ်။ဘယ်သွေးကြောမှာမဆိုဖြစ်နိုင်တယ်ဆိုပေမယ့်နှလုံးသွေးလွှတ်ကြောမကြီးမှာအဖြစ်များဆုံးပါ။

 

၃။နှလုံးသွေးကြောဆိုင်ရာရောဂါ (CAD)

နှလုံးနဲ့နီးတဲ့သွေးကြောတွေမှာအဆီချေးတွေစုလာတဲ့အခါCoronary Artery Disease (CAD)ဆိုတာဖြစ်လာပါတယ်။ဖြစ်လာရင် သွေးလည်ပတ်မှုကိုနှေးစေပြီးရင်ဘတ်အောင့်တာ၊နှလုံးခုန်မမှန်တာတွေဖြစ်စေနိုင်တယ်။ သွေးကြောပိတ်ရင်တော့နှလုံးရုတ်တရက်ရပ်ခြင်း(heart attack)ဖြစ်စေနိုင်ပါတယ်။

 

၄။နှလုံးရုတ်တရက်ရပ်ခြင်း (Heart Attack)

နှလုံးသွေးကြောလုံးဝပိတ်သွားတဲ့အခါနှလုံးရုတ်တရက်ရပ်ခြင်း(heart attack)ဖြစ်လာနိုင်ပါတယ်။ပိတ်သွားရင်နှလုံးကြွက်သားတွေမှာ အောက်ဆီဂျင်နဲ့အာဟာရဓာတ်တွေမရရှိနိုင်တော့ပါဘူး။ဒါဆိုပျက်စီးရတော့မှာပါပဲ။ ရင်ဘတ်ထဲလေးနေတာ၊ အောင့်နေတာခံစားရလေ့ရှိပေမယ့်လက်မောင်း၊လည်ပင်း၊မေးရိုးတို့မှာလည်းခံစားရနိုင်ပါတယ်။အသက်ရှူရခက်ခဲလာနိုင်ပြီးမူးတာ၊ မအီမသာဖြစ်တာတွေ ခံစားရတတ်ပါတယ်။

 

၅။နှလုံးလုပ်ဆောင်ချက် ပျက်စီးခြင်း

သွေးတိုးတဲ့အခါ သွေးကြောတွေကျဉ်းစေပါတယ်။အချိန်ကြာလာတဲ့အခါနှလုံးလုပ်ဆောင်ချက်တွေခက်ခဲလာပြီးအားနည်းလာစေပါတယ်။ နောက်ဆုံးမှာတခြားအစိတ်အပိုင်းတွေကိုပါ သွေးပို့လွှတ်မှုမလုံလောက်တော့ဘဲနှလုံးပျက်စီးရပါတယ်။

 

၆။နှလုံးကြီးခြင်း

သွေးလည်ပတ်မှုအတွက်ပိုပြီးရုန်းကန်လုပ်ဆောင်နေရတဲ့အခါနှလုံးကြွက်သားတွေထူလာပါတယ်(လေ့ကျင့်ခန်းလုပ်ထားတဲ့ကြွက် သားတွေလို)။နောက်ဆုံးကျ နှလုံးကြီးလာပါတယ်။နှလုံးကြီးလာလေသူ့ရဲ့လုပ်ဆောင်နိုင်စွမ်းကပိုနည်းလာလေဖြစ်ပါတယ်။နှလုံးတစ်ရှူးတွေမှာေအောက်ဆီဂျင်နဲ့အာဟာရဓာတ်တွေလိုသလောက်မရနိုင်တော့ပါဘူး။

 

၇။လေဖြတ်ခြင်း

သွေးတိုးတာဟာလေဖြတ်ခြင်းရဲ့အဓိကအကြောင်းရင်းဖြစ်ပါတယ်။လေဖြတ်တာနှစ်မျိုးရှိပါတယ်။အားနည်းနေတဲ့သွေးကြောကဦးနှောက်ထဲမှာပေါက်သွားတဲ့အခါ Hemorrhagic၊သွေးကြောနံရံကနေကွာထွက်လာတဲ့ သွေးခဲလေးတွေကသွေးလည်ပတ်မှုကိုပိတ်ဆို့ပြီး ဦးနှောက်ဆဲလ်တွေဆီ သွေးမရောက်အောင်တားဆီးတဲ့အခါ Ischemic ဖြစ်ပါတယ်။ သွေးအလုံအလောက်မရတဲ့အခါဦးနှောက်ဆဲလ်တွေသေဆုံးပါတယ်။FASTလို့အတို ကောက်မှတ်လို့ရတဲ့ လေဖြတ်အရေးပေါ်အချက်လေးခုကိုသတိရပါ။ မျက်နှာရွဲ့သွားတာလား , လက်တွေအားနည်းနေလား , စကားပြောရန်ပြသနာရှိနေလား , အရေးပေါ်ဆေးရုံကားခေါ်ပါ။

 

၈။ကျောက်ကပ်ပျက်စီးခြင်း

သွေးတိုးရောဂါကကျောက်ကပ်ပျက်စီးခြင်းရဲ့ဒုတိယအဖြစ်များဆုံးအကြောင်းရင်းဖြစ်ပါတယ်။အညစ်အကြေးတွေနဲ့အရည်ပိုတွေစွန့်ထုတ်ဖို့ ကျောက်ကပ်ကအသုံးပြုတဲ့ သွေးကြောတွေကိုကျဉ်းစေ၊မာစေတာကြောင့် ဆိုးကျိုးမသေးပါဘူး။

 

၉။အရိုးအတွက်ဆုတ်ယုတ်မှု

သွေးတိုးရှိသူတွေဟာဆီးထဲမှာကယ်လ်စီယမ်တွေပိုပါသွားတတ်ပါတယ်။ဒါ့ကြောင့်ပဲအရိုးကျိုးအက်လွယ်တာ၊အရိုးပွတာတွေဖြစ်နိုင်ပါတယ်။

 

အထူးသဖြင့်အသက်ကြီးတဲ့အမျိုးသမီးတွေမှာပိုဆိုးပါတယ်။
အပေါ်ကအတိုင်းဆိုကျနော်တို့ သွေးတိုးမဖြစ်အောင်ဆင်ခြင်သင့်ပါတယ်။သွေးတိုးရှိနေပြီးသားဆိုရင်လည်းစားသောက်နေထိုင်မှုပုံစံမှာတတ်နိုင်သလောက်ထိန်းညှိနေထိုင်ရပါမယ်ဆိုတာကို တိုက်တွန်းအသိပေးလိုက်ပါတယ်

Read times
Rate this item
(0 votes)