ဆီးချိုသွေးချိုရောဂါက အသက်အရွယ်ကျား၊ မ မရွေးဖြစ်ပွားနိုင်တဲ့ ရောဂါတစ်မျိုးလည်းဖြစ်ပါတယ်။
ဆီချိုသွေးချိုရောဂါကို ပျောကင်းနိုင်တဲ့ဆေးဝါးများ မရှိတဲ့အပြင် ဆီးချိုသွေးချိုရောဂါ ကြောင့်လေဖြတ်တာ ၊ နှလုံး၊ ကျောက်ကပ် ၊ အသည်း များထိခိုက်လာနိုင်ပါတယ်။ ဒါအပြင်ဆီချိုသွေးချိုရောဂါက သွေးမှကူးစက်နိုင်တဲ့ ရောဂါဖြစ်ပြီး မျိုးရိုးဗီဇရှိတာ ၊ အဝလွန်တာ ၊အဆီအစိမ့်များ အလွန်အကျွံ့စားသုံးဖြင်းမှ ဖြစ်ပေါ်နိုင်ပါတယ်။
ဆီချိုးသွေးချိုရောဂါဆိုတာ ပန်ကရိယမှ အင်ဆူလင်ဟော်မုန်းများကောင်းမွန်စွာ မထုတ်လုပ်နိုင်တာ၊ ခန္ဓာကိုယ်ခံခုအားက ပန်ကရိယကို မှားယွင်းစွာပြန်လည်တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပေါ် လာပါတယ်။ ပန်ကရိဆဲလ်များက ဟော်မုန်းဓာတ်ကို မထုတ်လုပ်နိုင်သော ကြောင့်ဖြစ်ပေါ်လာတဲ့ ဆေးချိုသွေးချိုရောဂါ ၊ အင်ဆူလင်ဟော်မုန်းကိုလုံလောက်စွာ မထုတ်လွှတ်နိုင်သော ကြောင့်ဖြစ်ပေါ်လာတဲ့ ဆီးချိုသွေးချိုရောဂါဆိုပြီး အမျိုးအစား (၂) မျိုးခွဲခြားထားပါတယ်။အမျိုးအစား (၁) က ကလေးများတွင် အများဆုံးဖြစ်ပွားသော ဆီးချိုသွေးချိုရောဂါ ဖြစ်ပြီး အမျိုးအစား(၂) က လူကြီးများတွင် အများဆုံးဖြစ်ပွားသော ဆီးချိုသွေးချိုရောဂါ လည်းဖြစ်ပါတယ်။ အမျိုးအစား(၁) ကလေးဆီးချိုသွေးချိုရောဂါဆိုတာ ခန္ဓာကိုယ်ခုခံအားက ပန်ကရိယကိုလွှဲမှားစွာ ပြန်လည်တိုက်ခိုက်ခြင်းကြောင့် Anti Body ခေါ်ပစ္စည်းများတာ ၊ ပန်ကရိယမှ အင်ဆူလင် မထုတ်လွှတ်နိုင်သောကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။
ကလေးဆီးချိုရောဂါဖြစ်စေတဲ့ အကြောင်း
ဆေးသကြားပါဝင်သော အစားအစာများ အလွန်စားတာ ၊ အဆီစားများတာ ၊ သကြားဓာတ်များသော အချိုရည်များသောက်သုံးတာ ၊ မျိုးရိုးဗိဇရှိတာ၊ ဗီတာမင် ဒီ လျော့နည်းတာ၊ နိုင်ထရိတ်ပါသော အရည်များ အလွန်သောက်သုံးတာကြောင့် ဖြစ်စေနိုင်ပါတယ်။
ကလေးဆီးချိုသွေးချိုလက္ခဏာများ
ရေများများသောက်တာ ၊ ညဘက်ဆီးအလွန်သွားတာ၊ ကိုယ်အလေးချိန်ကျလာတာ၊ အနာ ၊ ဒဏ်ရာများပျောက်ကင်းမှု ကြာတာ ၊ ဗိုက်ဆာလွန်တာ၊ မောပန်းလွယ်တာ၊ အမြင်အာရုံ ချို့ယွင်းလာတာ စတဲ့လက္ခဏာများဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီလက္ခဏာများဖြစ်ပေါ်လာရင် ဆရာဝန် နဲ့ ပြသပြီး စစ်ဆေးမှုများ ပြုလုပ်ကာ ဆီချိုသွေးချိုရောဂါ ကိုထိန်းချုပ်ကုသမှုခံယူပါ။