What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 27 November 2019 17:36

ေသြးေလးဘက္နာ ေရာဂါ ရွိသူမ်ား ေနထိုင္မႈ ႏွင့္ စားေသာက္မႈ ပံုစံ

ေသြးေလးဘက္နာေရာဂါရွိသူမ်ားအေနနဲ႔ အေနအထိုင္၊ အစားအေသာက္ကို မွန္ကန္ေအာင္ ျပဳမူေနထိုင္စားေသာက္ရင္ ေရာဂါသက္သာေပ်ာက္ကင္းဖို႔ အမ်ားႀကီးအေထာက္အကူျပဳပါတယ္။

(က) ေဆးလိပ္ေသာက္ရင္ ေဆးလိပ္ျပတ္ရပါမယ္.. ေဆးလိပ္ဟာ ေရာဂါကို ပိုဆိုးေစတဲ့အျပင္ ေနာက္ဆက္တြဲျပႆနာေတြျဖစ္တဲ့ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါေတြ၊ ေျခလက္မ်ားကို ေသြးမေလွ်ာက္လို႔ ပုပ္သြားတာေတြကိုျဖစ္ေစဖို႔ အားေပးပါတယ္။

 

(ခ) အဆစ္အျမစ္ေတြေရာင္ေနတဲ့အခ်ိန္မွာ ေရာင္ေနတဲ့အဆစ္ေတြကို အနားေပးရပါမယ္.. ဥပမာ လက္ဆစ္ေတြေရာင္ေနတဲ့အခ်ိန္မွာ ပစၥည္းေတြကို လက္နဲ႔မတာမ်ိဳး၊ လက္ကိုမ်ားစြာ အသုံးျပဳတာမ်ိဳးေတြ ေရွာင္ရပါမယ္.. လိုအပ္ရင္ အေရာင္က်ေဆးေတြ၊ အကိုက္အခဲေပ်ာက္ေဆးေတြသုံးၿပီး သက္သာေအာင္ကုသရပါမယ္.. တစ္ကိုယ္လုံးမွာရွိတဲ့ အဆစ္ေတြေရာင္ရင္ေတာ့ အိပ္ယာေပၚမွာ အနားယူဖို႔လိုပါလိမ့္မယ္။

 

(ဂ) နားတာနဲ႔ တစ္ဆက္တည္းလုပ္ရမွာက ေလ့က်င့္ခန္းျဖစ္ပါတယ္.. နားလို႔သက္သာလာၿပီဆိုတာနဲ႔ ခုနကနားထားတဲ့အဆစ္ေတြကို ေလ့က်င့္ခန္း တျဖည္းျဖည္းခ်င္း လုပ္ေပးရပါမယ္.. ဒါမွမဟုတ္ရင္ အဆစ္ေတြဟာခိုင္သြားၿပီး ေနာက္ပိုင္းမွာ လႈပ္ရွားလို႔မရျဖစ္တတ္ပါတယ္.. ဒါ့ေၾကာင့္ လိုအပ္ရင္ နားလည္တတ္ကြၽမ္းတဲ့ပညာရွင္ (Physiotherapist) နဲ႔ တိုင္ပင္ၿပီး ျပဳလုပ္ရပါမယ္။

 

(ဃ) အစားအစာအေနနဲ႔ အာဟာရျပည့္ဝေအာင္ စားရပါမယ္။

(၁) အထူးသျဖင့္ အ႐ိုးအဆစ္ေတြအတြက္လိုအပ္တဲ့ ကယ္လ္ဆီယမ္နဲ႔ ဗီတာမင္ ဒီ ပါဝင္တဲ့အစားအစာေတြ စားေပးဖို႔လိုပါတယ္.. ဥပမာအားျဖင့္ ႏြားႏို႔၊ ၾကက္ဥ၊ ဟင္း႐ြက္စိမ္းေတြ စားေပးရပါမယ္။


(၂) အေရာင္က်ေစတဲ့ အစားအစာေတြကို ပိုစားေပးရပါမယ္.. ဥပမာ နာနတ္သီး၊ ဘယ္ရီသီး၊ နႏြင္း၊ လက္ဖက္စိမ္း


(၃) အိုမီဂါ-၃ ႂကြယ္ဝတဲ့အစားအစာေတြ ပိုစားရပါမယ္.. ဥပမာ အဆီပါတဲ့ငါးမွာ၊ အခြံမာတဲ့သစ္ေစ့ေတြ ျဖစ္ပါတယ္။


(၄) ပ႐ိုဘိုင္အိုတစ္ႂကြယ္ဝတဲ့ အစားအစာေတြျဖစ္တဲ့ ဒိန္ခ်ဥ္လိုမ်ိဳးေတြ မၾကာခဏ စားေပးသင့္ပါတယ္။


(၅) ေရွာင္သင့္တဲ့အစားအစာေတြကေတာ့ ဆီေၾကာ္မုန႔္ေတြ၊ ဓာတုပစၥည္းေတြ ထည့္ထားတဲ့အစားအစာေတြ၊ ၾကာရွည္ခံေအာင္ျပဳျပင္ထားတဲ့အစားအစာေတြ၊ အခ်ိဳမႈန႔္ စတာေတြကို ေရွာင္ရပါမယ္။

Dr. Khin Maung Lwin - FAME

{Unicode}

======

သွေးလေးဘက်နာရောဂါရှိသူများအနေနဲ့ အနေအထိုင်၊ အစားအသောက်ကို မှန်ကန်အောင် ပြုမူနေထိုင်စားသောက်ရင် ရောဂါသက်သာပျောက်ကင်းဖို့ အများကြီးအထောက်အကူပြုပါတယ်။

(က) ဆေးလိပ်သောက်ရင် ဆေးလိပ်ပြတ်ရပါမယ်.. ဆေးလိပ်ဟာ ရောဂါကို ပိုဆိုးစေတဲ့အပြင် နောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့ နှလုံးသွေးကြောကျဉ်းရောဂါတွေ၊ ခြေလက်များကို သွေးမလျှောက်လို့ ပုပ်သွားတာတွေကိုဖြစ်စေဖို့ အားပေးပါတယ်။

 

(ခ) အဆစ်အမြစ်တွေရောင်နေတဲ့အချိန်မှာ ရောင်နေတဲ့အဆစ်တွေကို အနားပေးရပါမယ်.. ဥပမာ လက်ဆစ်တွေရောင်နေတဲ့အချိန်မှာ ပစ္စည်းတွေကို လက်နဲ့မတာမျိုး၊ လက်ကိုများစွာ အသုံးပြုတာမျိုးတွေ ရှောင်ရပါမယ်.. လိုအပ်ရင် အရောင်ကျဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေသုံးပြီး သက်သာအောင်ကုသရပါမယ်.. တစ်ကိုယ်လုံးမှာရှိတဲ့ အဆစ်တွေရောင်ရင်တော့ အိပ်ယာပေါ်မှာ အနားယူဖို့လိုပါလိမ့်မယ်။

 

(ဂ) နားတာနဲ့ တစ်ဆက်တည်းလုပ်ရမှာက လေ့ကျင့်ခန်းဖြစ်ပါတယ်.. နားလို့သက်သာလာပြီဆိုတာနဲ့ ခုနကနားထားတဲ့အဆစ်တွေကို လေ့ကျင့်ခန်း တဖြည်းဖြည်းချင်း လုပ်ပေးရပါမယ်.. ဒါမှမဟုတ်ရင် အဆစ်တွေဟာခိုင်သွားပြီး နောက်ပိုင်းမှာ လှုပ်ရှားလို့မရဖြစ်တတ်ပါတယ်.. ဒါ့ကြောင့် လိုအပ်ရင် နားလည်တတ်ကျွမ်းတဲ့ပညာရှင် (Physiotherapist) နဲ့ တိုင်ပင်ပြီး ပြုလုပ်ရပါမယ်။

 

(ဃ) အစားအစာအနေနဲ့ အာဟာရပြည့်ဝအောင် စားရပါမယ်။

(၁) အထူးသဖြင့် အရိုးအဆစ်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်နဲ့ ဗီတာမင် ဒီ ပါဝင်တဲ့အစားအစာတွေ စားပေးဖို့လိုပါတယ်.. ဥပမာအားဖြင့် နွားနို့၊ ကြက်ဥ၊ ဟင်းရွက်စိမ်းတွေ စားပေးရပါမယ်။


(၂) အရောင်ကျစေတဲ့ အစားအစာတွေကို ပိုစားပေးရပါမယ်.. ဥပမာ နာနတ်သီး၊ ဘယ်ရီသီး၊ နနွင်း၊ လက်ဖက်စိမ်း


(၃) အိုမီဂါ-၃ ကြွယ်ဝတဲ့အစားအစာတွေ ပိုစားရပါမယ်.. ဥပမာ အဆီပါတဲ့ငါးမှာ၊ အခွံမာတဲ့သစ်စေ့တွေ ဖြစ်ပါတယ်။


(၄) ပရိုဘိုင်အိုတစ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ဒိန်ချဉ်လိုမျိုးတွေ မကြာခဏ စားပေးသင့်ပါတယ်။


(၅) ရှောင်သင့်တဲ့အစားအစာတွေကတော့ ဆီကြော်မုန့်တွေ၊ ဓာတုပစ္စည်းတွေ ထည့်ထားတဲ့အစားအစာတွေ၊ ကြာရှည်ခံအောင်ပြုပြင်ထားတဲ့အစားအစာတွေ၊ အချိုမှုန့် စတာတွေကို ရှောင်ရပါမယ်။

Read times
Rate this item
(0 votes)