What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 11 May 2019 11:19

ကလေးကင်ဆာရောဂါထိန်းချုပ်ရေးအတွက် ကျန်ရှိနေသည့် စီမံကိန်းကာလ (၂)နှစ်အတွင်း ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်သွားမည်

ကလေးကင်ဆာရောဂါထိန်းချုပ်ရေး

(၅)နှစ်စီမံကိန်းမှာ (၃)နှစ်ပြီးဆုံးသွားခဲ့ပြီး ကျန်ရှိတဲ့(၂)နှစ်ကာလအတွင်းမှာ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားမယ်လို့ မေလ ၉ ရက်က နေပြည် တော် Park Royal Hotel မှာပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် ကလေးသူငယ် ကင်ဆာရောဂါဖြစ်ပွားမှု ထိန်းချုပ်ရေး စီမံကိန်း အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲမှသိရပါတယ်။

 

ကလေးကင်ဆာရောဂါထိန်းချုပ်ရေး(၅)နှစ်စီမံကိန်းမှာ ကျန်ရှိနေတဲ့(၂) နှစ်ကာလအတွင်း မှာ ရောဂါရှာဖွေရေးကို ပိုမိုအင်အားတောင့်တင်းနိုင်ဖို့၊ ကုသတဲ့နေရာမှာ ဆေးဝါးပစ္စည်း လုံလောက်ဖို့ဝန်ကြီးဌာနက ပံ့ပိုးပေးနိုင်ဖို့ ရာအတွက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သွားမှာဖြစ်ပြီး လာရောက်ကုသတဲ့ လူနာရှင်တွေရဲ့ မိဘတွေအတွက် ခရီးစရိတ်ကအစ နေထိုင်မှုအဆုံး အဆင်ပြေစေဖို့အတွက် ရည်ရွယ်ချက်ထားပြီး ကြိုးစားဆောင်ရွက်သွားမယ်လို့ ရန်ကုန်ကလေးဆေးရုံကြီး သွေးနှင့်ကင်ဆာဆောင်မှ ဒေါက်တာအေးအေးခိုင်က ပြောကြားချက်အရ သိရပါတယ်။

 

Read More : အသားသီးများ ဖယ်ရှားနိုင်မည့် ဆေးဖက်ဝင်ကုသမှု သုံးရပ်

 

မြန်မာနိုင်ငံမှာ ကလေးကင်ဆာရောဂါကို စောစီးစွာကုသနိုင်ဖို့ ဆောင်ရွက်လျက်ရှိသလို ရောဂါဖြစ်တာ ကိုသိရှိသည်နှင့် တစ်ပြိုင်နက် သက်ဆိုင်ရာဆေးရုံတွေမှာ ကုသမှုခံယူနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လာ ရောက်ကုသတဲ့ လူနာတွေအတွက် အဆင်ပြေစွာကုသနိုင်ဖို့ကိုလည်းကြိုးစားဆောင်ရွက်နေတယ်လို့ သိရပါ တယ်။

 

ကုသမှုခံယူတဲ့ လူနာတွေအနေနဲ့ ကုသမှုကာလပြီးဆုံးသွားတဲ့အထိ တာဝန်ရှိတဲ့ဆရာဝန်တွေနဲ့ တိုင်တိုင်ပင် ပင်ကုသသွားဖို့ ရန်ကုန်ကလေးဆေးရုံကြီး သွေးနှင့်ကင်ဆာဆောင်မှ ဒေါက်တာအေးအေးခိုင်က တိုက်တွန်းထားပါတယ်။ကလေးသူငယ် ကင်ဆာရောဂါဖြစ်ပွားမှု ထိန်းချုပ်ရေး စီမံကိန်း အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေး ပွဲကို ပထမအကြိမ် အဖြစ်ရန်ကုန်မှာ မေလ (၈)ရက်က ပြုလုပ်ခဲ့ပြီး မေလ (၉)ရက်မှာ နေပြည်တော်မှာ ဒုတိယအကြိမ်အဖြစ် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 

Source: MRTV-4

Read times Last modified on Saturday, 11 May 2019 11:34
Rate this item
(1 Vote)