What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 04 March 2022 15:57

မွေးကင်းစကလေးတွေအတွက် သတိထားသင့်တဲ့ အချက်

မွေးကင်းစကလေးတွေအတွက် သတိထားသင့်တဲ့ အချက် Google

ကလေးငယ်တွေက မွေးပြီး နှစ်ပတ်၊ သုံးပတ်လောက် ကစပြီး မှတ်ဉာဏ်တွေဟာ ဖွံ့ဖြိုးလာပါပြီ။

နှစ်ပတ်၊ သုံးပတ်လောက်မှာ ကလေးက မိခင်ရဲ့ကိုယ်အနံ့ကို စပြီးမှတ်မိနေပါပြီ။ မကြာခင်မှာ မိဘဖြစ်တော့မယ့်သူတွေ မွေးကင်းစကလေးရှိတဲ့ မိဘတွေအနေနဲ့ မိမိကလေး ပူတူတူးလေးတွေ အတွက် သိထားသင့်တဲ့ အချက်လေးတွေ ရှိပါတယ်နော်။ 

ကလေးတွေရဲ့ အိပ်ချိန်က ဘာလို့မမှန်တာလဲ ။

ကလေးတွေဟာ အိပ်ချိန်များများ လိုအပ်ပါတယ်။ မွေးကင်းစကလေးတွေအတွက် အိပ်ချိန်ဟာ စုစုပေါင်း တစ်ရက်ကို ၁၆ နာရီလိုအပ်ပါတယ်။ ဘယ်အချိန်မှ အိပ်ရမယ်ဆိုပြီးတော့ ကလေးတွေကို သတ်မှတ်လို့ မရပါဘူး။ ဘာလို့ဆို ကလေးတွေက တောက်လျှောက် ၁၆ နာရီ တစ်ခါထဲမအိပ်ကြပါဘူး ။ 

တစ်နေကုန် အိပ်လိုက်နိုးလိုက်ပါပဲ ။ဒါဟာ ၄ လအရွယ်လောက်ထိ ဖြစ်နေမှာပါ ။ ဒီလိုချိန်မှာ မိဘတွေအနေနဲ့ ညဘက် ကလေးကို အတင်းအိပ်အောင် ဖိအားမပေးသင့်ပါဘူး။ ၄ လ နောက်ပိုင်းမှသာ ဖြေးဖြေးခြင်း ကျင့်ပေးရင် ရပါတယ်။ မိဘတွေအနေနဲ့ စိတ်ရှည်ပါ ။ အိပ်ရေးပျက်လို့ စိတ်မပင်ပန်းပါနဲ့။ မိမိကလေးအတွက် နူးညံ့တဲ့ အမူအကျင့်လေးတွေနဲ့ ထိန်းကျောင်းပေးပါ။ 

ကလေးတွေရဲ့ အမြင်အာရုံ

မွေးကင်းစ ဘေဘီလေးတွေရဲ့ အမြင်အာရုံဟာ အဝေးကြီးကို မမြင်နိုင်သေးပါဘူး ။ မျက်လုံးလေး ဟိုကြည့်ဒီကြည့်ဆိုပေမယ့် သူတို့က အသက် ၂လ လောက်မှ အလင်းရောင်လေးတွေ အနည်းငယ် မြင်ရတာပါ ။ အဖြူအမည်း မသဲကွဲတဲ့ အခြေအနေလေးပါ။ 

အများဆုံး ၁ ပေကနေ ၂ ပေ ထိပဲ မြင်ရပါသေးတယ်။ ဒါကြောင့် မွေးကင်းစ အရွယ်မှာ ကလေးကို စူးရှတဲ့အလင်းရောင်တွေနဲံ မထိုးပါနဲ့ ။ကလေးတွေ မျက်လုံးကို အထူးဂရုစိုက်သင့်ပါတယ်။

Are newborn babies ugly? A Brock University study investigates | CBC News

ကလေးတွေရဲ့ အနံ့ခံအာရုံ

မွေးကင်းစ ကလေးတွေရဲ့ အနံ့ခံအာရုံက အဠါန်ကောင်းပါပါတယ်။ ကလေးတွေဟာ မိခင်ဟုတ်မဟုတ်ကို အနံ့နဲ့ ခွဲခြားတာပါ။ အမေလား အဖေလား သူစိမ်းလားဆိုတာ သူတို့က အနံ့နဲ့ခွဲခြားကြတာပါ။ မိခင်ရဲ့နို့ရည်အနံ့ ကိုလည်းကောင်းကောင်းကြီးကို မှတ်မိပါတယ်။ 

ဒါကြောင့် တချို့မိခင်တွေက ကလေးအိပ်နေချိန် အနားမှာမရှိနေပေးနိုင်ရင် သူတို့ရဲ့ အဝတ်တစ်ခုကို ထားပေးတတ်ကြပါတယ်။ ကလေးတွေဟာ သူတို့ဘေးမှာ မိခင်ရှိရင်သူတို့ စိတ်လုံခြုံမူရှိတဲ့အတွက် ကောင်းစွာ အိပ်ပျော်ကြပါတယ်။

 ကလေးတွေရဲ့ အနံ့အာရုံဟာ အရမ်းကောင်းနေတာကြောင့် ကလေးနားမှာတော့ ဆေးလိပ်သောက်ခြင်း အနံ့ပြင်းတဲ့ အမွေးနံ့သာ နဲ့ ရေမွှေးဆွတ်ခြင်းတွေကို ရှောင်ကျဉ်သင့်ပါတယ်။မွေးကင်းစကလေးတွေဟာ အနံခံစွမ်းအား အင်မတန်ကောင်းကြပါတယ်။

ဘေဘီလေးတွေရဲ့ အကြားအာရုံ

ဘေဘီလေးတွေဟာ အကြားအာရုံလည်း ကောင်းကြပါတယ်နော်။ ဗိုက်ထဲမှာထဲက သူတို့ဟာ အပြင်လောကက အသံကိုကြားနိုင် စွမ်းရှိကြပါတယ်။ ဒါကြောင့် ကလေးတွေကို မအော်ငေါက်ပါနဲ့ ချိုချိုသာသာစကားလေးတွေ ဆိုပေးပါ။ သီချင်းအေးအေးလေးတွေ ဖွင့်ပေးပါ။ ပုံပြင်ကောင်းလေးတွေ ပြောပြပါ။

ကလေး အသုံးအဆာင်တွေကို သန့်ရှင်းပါ

ကလေးမွေးပြီးတဲ့ မိဘတွေအတွက် ဆေးရုံမှအိမ်သို့ ပြန်တော့မယ်ဆိုရင် ဆေးရုံက ကလေးအသုံးအဆောင်တွေကို အိမ်ကိုပြန်မသယ်ပါနဲ့ အသစ်အသုံးပြုပါ။ ကလေးတွေရဲ့ အီးအီး ပေထားတဲ့ အနှီးကို ရေးနွေးနဲ့သေချာလျှော်ပါ။ 

ဘေဘီလေးတွေကို အီးအီးဆေးပေးတဲ့အခါ ရေနွေးနဲ့သာဆေးပါ၊ အပူချိန်ကို အသင့်သင့်သာထားပါ။ ကလေးရှိနေတဲ့ ၄ပေပတ်လည် ကိုခြင်ဆေးမဖြန်းပါနဲ့ ။ မိခင်ကိုယ်တိုင်လည်း တစ်ကိုယ်ရည်သန့်ရှင်းမူကို ဂရုစိုက်ပါ။ ကလေးနို့ဗူးကို ရေနွေးပူဖြင့်စိမ်ပါ။ ကလေးတွေ လက်သည်းကို ဂရုတစိုက်ညှပ်ပေးပါ။သူတို့ လက်သည်းလေးတွေက အရှည်မြန်ပါတယ်။ လက်အိတ်လေး အမြဲစွပ်ထားပေးပါ။

Best glass feeding bottle for newborn babies in India | Business Insider  India

ကလေးတွေကို ဂရုတစိုက် ကိုင်တွယ်ပါ။

ဘေဘီလေးတွေဟာ ဇက်မခိုင်သေးပါဘူး၊ ဒါကြောင့် သူတို့လေးတွေကို ဂရုတစိုက်နဲ့ ကိုင်တွယ်ပေးပါ။ လည်ပင်းကို သေချာထိန်းပြီး ကိုင်တွယ်ပေးပါ။ ကလေးတွေကို ပွေ့ယမ်းတာ ကိုင်မြှောက်တာတွေ မလုပ်ပါနဲ့။ ကလေးဦးဏှောက် ကြွေတတ်ပါတယ်။

5 Ways to Say “No Visitors” After Birth - Portland Birth Photography

အစိုးရိမ်မလွန်ပါနဲ့ ။

မွေးကင်းစ ကလေးတွေဟာ အရေပြားကွာတတ်ပါတယ်။သူတို့က ရေမွှာထဲမှာ နေခဲ့ရတော့ အပြင်ထွက်လာတဲ့အခါ အရေပြားနူးအိနေတဲ့ သဘောပေါ့။ရေချိုးပြီးတိုင်း Baby Lotion လူးပေးပါ။ သနပ်ခါးနဲ့ ပေါင်ဒါမှုန့်တွေကိုတော့ အနည်းဆုံး (၆) လနောက်ပိုင်းမှသုံးတာ အကောင်းဆုံးပါ။ 

ကလေးတွေကို ဂရုတစိုက် နွေးနွေးထွေးထွေး ဆက်ဆံပေးပါ။ ကလေးတွေအတွက် ကျန်းမာရေး အရ စိုးရိမ်စရာရှိရင် ဆေးမြီးတိုတွေကို အသုံးမပြုပဲ ကျွမ်းကျင်နားလည်တဲ့ ဆရာဝန်တွေ ကလေးအထူးကုတွေကို ပြသပေးပါရှင် ။ ဖေ‌ဖေ မေမေနဲ့ သားသားမီးမီးတို့ ကျန်းမာပျော်ရွင်တဲ့ မိသားစုဘဝ ပိုင်ဆိုင်ကြပါစေ။

Read times Last modified on Tuesday, 17 May 2022 21:57
Rate this item
(0 votes)