What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 27 June 2017 17:20

မြန်မာနိုင်ငံ၏ ဆေးနှင့် ဆေးပစ္စည်းများ ဆိုင်ရာ နိုင်ငံတကာကုန်စည်ပြပွဲ၏ အကြိုမိတ်ဆက်ပွဲ

Minh Vi Exhibition & Advertising Service Co., Ltd. (VEAS Cop., Ltd) မှ ဦးဆောင်ကျင်းပမည့် မြန်မာနိုင်ငံ၏ ဆေးဝါးဆိုင်ရာ ကုန်စည်ပြပွဲ၏ မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၇ မေလ ၂၄ ရက်၊ ရန်ကုန်မြို့၊ ရို့စ်ဂါးဒင်းဟိုတယ်၊ အစည်းအဝေးခန်းမ (ဘီ)တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ချက်များ မြှင့်တင်နိုင်ရန် လုပ်ငန်းရှင်များ ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းမှုနှင့် စက်မှုလုပ်ငန်း ကွန်ယက်များအတွက် မြန်မာနိုင်ငံတွင် သူတို့ ၏ စီးပွားရေးလုပ်ငန်းများ ချဲ့ထွင်နိုင်ရန် ကုန်သွယ်ရေး ပေါင်းကူးတံတားအဖြစ် ငါးကြိမ်မြောက် မြန်မာနိုင်ငံ၏ ဆေးဝါးဆိုင်ရာ ကုန်စည်ပြပွဲ ၂၀၁၇ ကို VEAS Co., Ltd. မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏ ဆေးနှင့် ကျန်းမာရေး လုပ်ငန်းအတွက် အကြီးမားဆုံး နိုင်ငံတကာပြပွဲနှင့် ဟောပြောပွဲ အခမ်းအနားကို အောက်ပါအစီအစဉ် အတိုင်းကျင်းပပြုလုပ်မှာဖြစ်ပါသည်။

နေ့ရက် - ၅ ရက်မှ ၇ ရက်၊ ဇူလိုင်လ၊ ၂၀၁၇။

နေရာ - ရို့စ်ဂါးဒင်းဟိုတယ်၊ ရန်ကုန်၊ မြန်မာ။

 

သိပံ္ပနည်းကျ အဓိပာယ်နှင့် ကျန်းမာရေး စောင့်ရှောက်မှု ၀န်ဆောင်မှု၏ အလေ့အကျင့် မြင်ကွင်းအဖြစ် နိုင်ငံတကာ ထွန်းသစ်စ ဆေးဝါးဈေးကွက်တွင် မြန်မာနိုင်ငံ၏ ဆေးဝါးဆိုင်ရာ ကုန်စည်ပြပွဲအဖြစ် မှတ်သားလောက်သော နေရာတစ်ခုကို ရရှိခဲ့ပါသည်။ ၂၀၁၆ ခုနှစ်တွင် ပြသခဲ့သည့် ပြပွဲ၏ ပြသသူအရေအတွက်နှင့် ဧည့်သည်အရေအတွက်က ပြပွဲကို လူကြိုက်များကြောင်း အတည်ပြုချက်တစ်ခုဖြစ်သည်။ VEAS Co., Ltd ၏ Project Manager Ms. Rosie Tran က ထိုပြပွဲတွင် တရုတ်၊ ဂျာမနီ၊ ဂျပန်၊ မလေးရှား၊ စင်္ကာပူ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ထိုင်း၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘယ်လာရု၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်စသော နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ထုတ်လုပ်သူ ကိုယ်စားလှယ် များနှင့် ပစ္စည်းကိရိယာများ ပေးသွင်းသည့် ကျော်ကြားသော ပြသသူ ၈၀ ကျော်နှင့် လာရောက်လေ့လာသူ ၂၀၀၀ ကျော်ရှိကြောင်း ပြောကြားခဲ့သည်။

 

ယခုပြပွဲ မိတ်ဆက်ပွဲ အခမ်းအနား၏ အဓိကရည်ရွယ်ချက်မှာ ပြသသူများနှင့် လာရောက်လေ့လာသူများအတွက် အဓိကကျသော စီးပွားရေး လုပ်ငန်းအခွင့်အလမ်းများကို မိတ်ဆက်ပေးမှာ ဖြစ်သလို မြန်မာနိုင်ငံတွင် ဒေသခံ ကျန်းမာရေးစောင့်ရှောက်မှု နယ်ပယ်မှာ ပိုမိုနီးကပ်စွာ အလားအလာ ကောင်းများ ရရှိရန်ဖြစ်ပါသည်။ ပြပွဲ မိတ်ဆက်ပွဲ အခမ်းအနားတွင် ကျွန်တော်တို့၏ ကျော်ကြားသော ဟောပြောဆွေးနွေးမည့်သူများနှင့်အတူ ဟောပြောမည့် အကြောင်းအရာများမှာ “ပုဂ္ဂလိကနှင့် အထူးဝန်ဆောင်မှုများအတွက် လိုအပ်ချက်များ၊ ပုဂ္ဂလိကကဏ္ဍ အခွင့်အလမ်း၊ မြန်မာနိုင်ငံ၏ ဆေးပညာနှင့် ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံဖို့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများမှ မက်လုံး ပေးတဲ့အကြောင်း” ကို မြန်မာ ပုဂ္ဂလိက ဆေးရုံအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာထင်ပေါ်မှ ဆွေးနွေးမှာဖြစ်ပြီး “မြန်မာ့ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍအတွက် ခေတ်ရေစီးကြောင်းနှင့် အခွင့်အလမ်းများ အကြောင်း” ကို Solidiance အာရှပစိဖိတ် (အာရှရဲ့ ၀န်ကြီးချုပ် ဈေးကွက် မဟာဗျူဟာ အတိုင်ပင်ခံကုမဏီ) မှ မန်နေဂျာ Ms Naithy Cyriac ဟောပြောဆွေးနွေးမှာဖြစ်ပါတယ်။ ထို့ကြောင့် ပြပွဲ မိတ်ဆက်ပွဲသည် ဧည့်သည်တော်များ ဈေးကွက်ကို သုတေသနပြု ခွဲခြမ်းလေ့လာဖို့လေးနက်တဲ့ အသိအမြင်များကို ပေးနိုင်မည်ဟု ခန့် မှန်းထားပါတယ်။

Read times Last modified on Tuesday, 27 June 2017 17:25
Rate this item
(1 Vote)