What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 11 February 2020 10:10

Acne - ဝက်ခြံ ပေါက်ရခြင်း အကြောင်း

ဝက်ခြံ က အရေပြားဆိုင်ရာ ပြဿနာ တစ်ခုဖြစ်ပေမဲ့ မျက်နှာတွင် အဓိကထွက်ပေါက်သော အဖုများဖြစ်တဲ့အပြင် အလှအပကို ပျက်စည်းစေနိုင်တဲ့ ကိစ္စတစ်ခုဖြစ်နေပါတယ်။

ဒါကြောင့် ဝက်ခြံပေါက် လို့စိတ်ညစ်နေပြီး အမြန်ပျောက်ချင်ကြတာ အမှန်ပင်ဖြစ်နေလိမ့်မယ်။ ဝက်ခြံက ဆယ်ကျော်သက်အရွယ်တွင် အများဆုံးဖြစ်ပေါ်တဲ့အပြင် အသက်ကြီးများနဲ့ အသက် ၁၀ နှစ်ဝန်းကျင်မှာလည်းဖြစ်ပေါ်တတ်ပါတယ်။ ဆယ်ကျော်သက်အရွယ်များမှာ ဝက်ခြံစထွက်ရင်တော့ နှာဖူးတွင်စတင်ဖြစ်ပေါ်လေ့ရှိပြီး လူကြီးများတွင် မေးစေ့ ၊ မေးရိုး နဲ့ နှာခေါင်း အတွင်း/အပြင် နေရာများတွင် အများဆုံးဖြစ်ပေါ်လေ့ရှိ တတ်ပါတယ်။

 

ဝက်ခြံလက္ခဏာများ

ဝက်ခြံက ထိပ်ဖြူ ၊ ထိပ်နီ၊ ထိပ်နက် ၊ အနီဖု နဲ့ ပြည်ဖုလေးတွေ စတဲ့အဖုပုံစံ အမျိုးမျိုးဖြစ်ပေါ်တတ်ပါတယ်။ လူ့အရည်ပြားပေါ်တွင် သာမန်မျက်လုံးဖြင့်မမြင်ရတဲ့ လေအိတ်(သို့) အဆီအိတ် ပေါက်ငယ် သောင်းပေါင်းများ စွာပါရှိပြီး မျက်နှာပေါ်ရှိလေအိတ် (သို့) အဆီအိတ်များက တစ်ခါတစ်ရံ အဆီများတာ ၊ ဆဲလ်သေတာ၊ ဘတ်တီးရီးယားပိုးများနဲ့ ပိတ်သွားပြီး ဝက်ခြံဖုလေးများ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ ဒါအပြင် ခန္ဓာကိုယ်ဟော်မုန်းထွက်များတာ ၊ မျက်နှာသန့်ရှင်းမှု အားနည်းတာ ၊ အငံဓာတ်များတာ နဲ့ အိပ်ချိန်နည်းခြင်း တို့ကြောင့်လဲ ဖြစ်ပေါ်စေနိုင်ပါတယ်။

 

Laboratory   (ဓာတ်ခွဲသုံး ပစ္စည်း ရောင်းချသော ဆိုင်ပေါင်း ၅၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Laboratory

 

ဝက်ခြံပေါက်ခြင်းမှ လျော့ချနည်း

မျက်နှာပေါ်အဆီစုစည်းမှု မဖြစ်ပေါ်အောင် တစ်နေ့ တစ်ကြိမ် (သို့) နှစ်ကြိမ်မျက်နှာကို ရေနွေး နဲ့ မျက်နှာသစ်ဆေးများဖြင့် သစ်ပေးတာ ၊ မျက်မှာကို လက်သည်းဖြင့်ကုတ်ခြစ်ခြင်းမှ ရှောင်ကျဉ်တာ ၊ မျက်နှာကို အဝတ်မသုံးဘဲ လက်ဖြင့်သုတ်တာ ၊ မိတ်ကပ် (သို) နေလောင်ကာလိမ်မယ်ဆိုရင် အဆီနည်းတာကိုရွေးလိမ်တာ ၊ အိပ်ရေး၀၀ အိပ်တာ ၊ ရေများများသောက်ပေးတာ ၊ လေ့ကျင့်ခန်းပြုလုပ်ပြီး ချွေးထက်များလျှင် မျက်နှာသစ်ပေးတာ ၊ နို့ထွက်ပစ္စည်း၊ ပြည့်ဝဆီများစားတာ ၊ စိတ်ဖိစီးမှုနည်းအောင်နေတာ ၊ဝက်ခြံများကို လက်ဖြင့် ဆိတ်တာ၊ ညုစ်တာ ၊ဖောက်တာစတဲ့ အရာများကို ရှောင်ကျဉ်ခြင်းဖြင့် ဝက်ခြံပေါက်ခြင်းကိုလျော့ချနိုင်ပါတယ်။

 

ဝက်ခြံ ကုသနည်း

ဝက်ခြံပေါ်ရှိပိုးမွှားများကို ပျားရည် တစ်နာရီခန့်ကြာအောင်သုတ်လိမ်ပေးပြီး မျက်နှာကို ရေသန့်ဖြင့် ဆေးချတာ ၊ ရေခဲကို အဝတ်သန့်ပါးပါးဖြင့်ထုတ်ပြီးရင် ဝက်ခြံဖုထွက်သောနေရာကို ကပ်ပေးတာ ၊သွားတိုက်ဆေးအနည်းကို ဝက်ခြံဖုထွက်သောနေရာကို တို့လိမ်းပေးထားတာ ၊ ရှားစောင်းလက်ပတ်ကို ဝက်ခြံဖုပေါ်တွင် တို့လိမ်းပေးတာ နဲ့ ကြက်သွန်ဖြူအရည်ကို ရေဖြင့်ရောစပ်ပြီး ဂွမ်းဖြင့် တို့ပေးခြင်ဖြင့် ကုသနိုင်ပါတယ်။ ဒါပြင် Calamine - ဝက်ခြံပျောက်ဆေးများ ဝယ်လိမ်ခြင်း နှင့် ဆိုးဝါးသောအခြေအနေများတွင် ဆရာဝန်နဲ့ ပြသပြီးကုသမှုခံယူပါ။

Written By Health Products Directory

 

(Zawgyi)

=====


 


 

ဝက်ခြံလက္ခဏာများ


 





 

ဝက်ခြံ ကုသနည်း



Read times
Rate this item
(0 votes)