What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 12 July 2019 16:53

ေက်ာကုုန္းေပၚမွာေပါက္တဲ့ ဝက္ျခံ

ဝက္ၿခံမ်ားက မ်က္ႏွာမွာေပါက္ရင္ စိတ္ညစ္သလို ေက်ာကုံးမွာ ေပါက္ရင္လည္း စိတ္ဒုကၡမ်ားလွပါတယ္။

အခုလို ပခုံးေပ်ာက္အက်ႌ အလွမ်ား ဝတ္ဆင္တဲ့ေခတ္မွာ အက်ည္းတန္ေစပါတယ္။ ကြၽန္ပ္တို႔ရဲ႕ ေက်ာဘက္ႏွင့္ ပခုံးအနီးတဝိုက္မွာ အနီေရာင္အဖု ေသးေသးေလးေတြ ေပါက္တတ္ၾကပါတယ္။ ထိုအဖုေလးေတြက ဝက္ၿခံနဲ႔ဆင္တူလို႔ ေက်ာဝက္ၿခံလို႔ေခၚပါတယ္။ ဝက္ၿခံလိုပဲ အမဲထိပ္ရွိၿပီး အထဲမွာအရည္ရွိတတ္တယ္။ တစ္ခါတစ္ရံ အရမ္းနာၿပီး အဆီစုရာမွ ျပည္ဖု ျဖစ္သြားတတ္တယ္။ ေက်ာဝက္ၿခံသည္ လူပ်ိဳ အပ်ိဳျဖစ္ခ်ိန္ေတြ အဆီဂလင္းမ်ားစုကာ အေမႊးေပါက္ပိတ္၍ ျဖစ္လာျခင္းျဖစ္ပါတယ္။ ထိုမွတဆင့္ ဘတ္တီးရီယားပိုးမ်ားဝင္ကာ နီရဲလာပါတယ္။

 

ေက်ာဝက္ၿခံဘာလို႔ေပါက္တာလဲ??

အဆီဂလင္းမ်ားက sebumလို႔ေခၚတဲ့ အေရျပား ေခ်ာေမြ႕ေစေသာ အဆီထုတ္ေပးပါတယ္။ ေႏြရာသီ ၊ေဆာင္းရာသီအလိုက္ အေရျပားေျပာင္းလဲ၍ အဆီထုတ္ျခင္းသည္လည္း မ်ားလိုက္ နည္းလိုက္ျဖစ္တတ္တယ္။ ထိုအခါ ေက်ာဝက္ၿခံမ်ား ေပါက္လာပါတယ္။ ေခြၽးထြက္မ်ားျခင္းသည္လည္း ေက်ာဝက္ၿခံကို ပိုမိုဆိုး႐ြားေစပါတယ္။

 

ေက်ာဝက္ၿခံေပ်ာက္ေစေသာနည္းလမ္းမ်ားမွာ

(၁)ေက်ာကုန္းကို ညင္သာစြာ တိုက္ျခင္းျဖင့္ ေက်ာကုန္းေခ်းခြၽတ္ပါ။ ဆားသို႔မဟုတ္ သၾကားကို သံလြင္ဆီ သို႔မဟုတ္ ႏို႔ျဖင့္ေရာစပ္ကာ ေဖာ့ျဖင့္ ေက်ာကိုတိုက္ ေခ်းခြၽတ္ပါ။ ၾကမ္းတမ္းစြာ ဖိတိုက္လွ်င္လည္း အေရျပားယားယံၿပီး အဆင္းေၾကာင္းႏွင့္ အမာ႐ြတ္က်န္တတ္ပါတယ္။

 

(၂)ေႏြရာသီတြင္ ေလဝင္ေလထြက္ေကာင္းမြန္ေသာ သက္ေတာင့္သက္သာျဖစ္ေစေသာ ေခြၽးထြက္နည္းေသာ အဝတ္အစားမ်ား ေ႐ြးဝတ္ပါ။ ေႏြရာသီမွာ ခ်ည္ထည္ အဝတ္အစားဝတ္ပါ။ ေဆာင္းရာသီတြင္ သိုးေမႊးအႏု ဝတ္ပါ။ အဝတ္အစား က်ပ္က်ပ္ဝတ္ျခင္းက ေက်ာဝက္ၿခံ ေပါက္ေစပါတယ္။ ႏိုင္လြန္ႏွင့္မတူပဲ ခ်ည္ထည္မ်ားက အေရျပားအတြက္ အထူးေကာင္းပါတယ္။

 

(၃)ေလ့က်င့္ခန္းလုပ္ၿပီး အခ်ိန္ႏွင့္ ေခြၽးထြက္မ်ားေသာ အလုပ္လုပ္ၿပီးစ အခ်ိန္မ်ားတြင္ အက်ႌခ်က္ခ်င္း လဲလွယ္ဝတ္ဆင္ပါ။ ၾကက္သီးေႏြးေရ ျဖင့္ ေရခ်ိဳးပါက ေခြၽးထြက္တာ သက္သာၿပီး ေက်ာဝက္ၿခံ ျဖစ္ေစေသာ ပိုးမ်ားေသေစႏိုင္ပါတယ္။ ေခ်ာင္ခ်ိသက္ေတာင့္သက္သာ အဝတ္အစား ဝတ္ဖိုမေမ့ပါနဲ႔။

 

(၄)အေရျပားအတြက္ အသားလွဆီ ၊ႏြားႏို႔ႏွင့္ စိုေျပေသာခရမ္မ်ားျဖင့္ ျပဳလုပ္ထားေသာ ပိုးမႊားေသေစႏိုင္ေသာ ဆပ္ျပာႏွင့္တိုက္ပါ။ ေရခ်ိဳးပါ။ ၾကမ္းတမ္းေသာ ဆပ္ျပာမ်ားျဖင့္တိုက္လွ်င္ သဘာဝအဆီမ်ားဖယ္ရွားၿပီး အေရျပား ေျခာက္ေသြ႕ ၾကမ္းတမ္းေစပါတယ္။

 

(၅)အဝတ္အစားမ်ား ေလွ်ာ္ဖြတ္ရာတြင္ ပိုးေသေစႏိုင္ေသာ ဆပ္ျပာမႈန႔္ျဖင့္ ေသခ်ာစြာ ေလွ်ာ္ဖြတ္ ေနလွန္းပါ။

 

(၆)သင့္တင့္မွ်တေသာ အစားအစာမ်ား ေ႐ြးခ်ယ္စားသုံးပါ။ သစ္သီးေဖ်ာ္ရည္ႏွင့္ အစိမ္းေရာင္ရွိေသာအသီးအ႐ြက္မ်ား စားသုံးပါ။ အစိမ္းေရာင္ရွိေသာ အသီးအ႐ြက္မ်ားက မလိုလားအပ္ေသာ အဆီမ်ားကို ေလ်ာ့ခ်ေပးပါတယ္။

 

(၇)သဘာဝပစၥည္းမ်ားျဖင့္ ထုတ္လုပ္ေသာ ပစၥည္းမ်ားျဖင့္သာ ေက်ာဝက္ၿခံေပ်ာက္ရန္ အသုံးျပဳပါ။

 

(၈)ေက်ာဝက္ၿခံ မ်ားျပားစြာေပါက္လွ်င္ အေရျပားဆရာရဲ႕ အႀကံဉာဏ္ရယူပါ။

 

(၉)လဘက္ဆီသည္ ေက်ာဝက္ၿခံကုသရာတြင္ အလြန္အသုံးတည့္ပါတယ္။

 

(၁၀)ရွားေစာင္းလက္ပတ္သည္ ေက်ာဝက္ၿခံ နီရဲ ေရာင္ရမ္းျခင္းကို သက္သာေပ်ာက္ကင္းေစပါတယ္။

 

(၁၁)မိမိအသုံးအေဆာင္ အိပ္ရာခင္း ေခါင္းအုံး ေမြ႕ယာမ်ား မၾကာခဏလဲလွယ္ေပးပါ။

 

Dr. ျပည့္ရွင္း

ႏၲရာယ္မရွိတ့ဲ ရင္သားအႀကိတ္ အေၾကာင္း ဖတ္ရႈရင္ " ႏွိပ္ " ပါ။

အႏၲရာယ္မရွိတ့ဲ ရင္သားအႀကိတ္

{Unicode}

=========

ကျောကုန်းပေါ်မှာပေါက်တဲ့ ဝက်ခြံ

 

ဝက်ခြံများက မျက်နှာမှာပေါက်ရင် စိတ်ညစ်သလို ကျောကုံးမှာ ပေါက်ရင်လည်း စိတ်ဒုက္ခများလှပါတယ်။ အခုလို ပခုံးပျောက်အင်္ကျီ အလှများ ဝတ်ဆင်တဲ့ခေတ်မှာ အကျည်းတန်စေပါတယ်။ ကျွန်ပ်တို့ရဲ့ ကျောဘက်နှင့် ပခုံးအနီးတဝိုက်မှာ အနီရောင်အဖု သေးသေးလေးတွေ ပေါက်တတ်ကြပါတယ်။ ထိုအဖုလေးတွေက ဝက်ခြံနဲ့ဆင်တူလို့ ကျောဝက်ခြံလို့ခေါ်ပါတယ်။ ဝက်ခြံလိုပဲ အမဲထိပ်ရှိပြီး အထဲမှာအရည်ရှိတတ်တယ်။ တစ်ခါတစ်ရံ အရမ်းနာပြီး အဆီစုရာမှ ပြည်ဖု ဖြစ်သွားတတ်တယ်။ ကျောဝက်ခြံသည် လူပျို အပျိုဖြစ်ချိန်တွေ အဆီဂလင်းများစုကာ အမွှေးပေါက်ပိတ်၍ ဖြစ်လာခြင်းဖြစ်ပါတယ်။ ထိုမှတဆင့် ဘတ်တီးရီယားပိုးများဝင်ကာ နီရဲလာပါတယ်။


ကျောဝက်ခြံဘာလို့ပေါက်တာလဲ??

အဆီဂလင်းများက sebumလို့ခေါ်တဲ့ အရေပြား ချောမွေ့စေသော အဆီထုတ်ပေးပါတယ်။ နွေရာသီ ၊ဆောင်းရာသီအလိုက် အရေပြားပြောင်းလဲ၍ အဆီထုတ်ခြင်းသည်လည်း များလိုက် နည်းလိုက်ဖြစ်တတ်တယ်။ ထိုအခါ ကျောဝက်ခြံများ ပေါက်လာပါတယ်။ ချွေးထွက်များခြင်းသည်လည်း ကျောဝက်ခြံကို ပိုမိုဆိုးရွားစေပါတယ်။


ကျောဝက်ခြံပျောက်စေသောနည်းလမ်းများမှာ

(၁)ကျောကုန်းကို ညင်သာစွာ တိုက်ခြင်းဖြင့် ကျောကုန်းချေးချွတ်ပါ။ ဆားသို့မဟုတ် သကြားကို သံလွင်ဆီ သို့မဟုတ် နို့ဖြင့်ရောစပ်ကာ ဖော့ဖြင့် ကျောကိုတိုက် ချေးချွတ်ပါ။ ကြမ်းတမ်းစွာ ဖိတိုက်လျှင်လည်း အရေပြားယားယံပြီး အဆင်းကြောင်းနှင့် အမာရွတ်ကျန်တတ်ပါတယ်။


(၂)နွေရာသီတွင် လေဝင်လေထွက်ကောင်းမွန်သော သက်တောင့်သက်သာဖြစ်စေသော ချွေးထွက်နည်းသော အဝတ်အစားများ ရွေးဝတ်ပါ။ နွေရာသီမှာ ချည်ထည် အဝတ်အစားဝတ်ပါ။ ဆောင်းရာသီတွင် သိုးမွှေးအနု ဝတ်ပါ။ အဝတ်အစား ကျပ်ကျပ်ဝတ်ခြင်းက ကျောဝက်ခြံ ပေါက်စေပါတယ်။ နိုင်လွန်နှင့်မတူပဲ ချည်ထည်များက အရေပြားအတွက် အထူးကောင်းပါတယ်။

 

(၃)လေ့ကျင့်ခန်းလုပ်ပြီး အချိန်နှင့် ချွေးထွက်များသော အလုပ်လုပ်ပြီးစ အချိန်များတွင် အင်္ကျီချက်ချင်း လဲလှယ်ဝတ်ဆင်ပါ။ ကြက်သီးနွေးရေ ဖြင့် ရေချိုးပါက ချွေးထွက်တာ သက်သာပြီး ကျောဝက်ခြံ ဖြစ်စေသော ပိုးများသေစေနိုင်ပါတယ်။ ချောင်ချိသက်တောင့်သက်သာ အဝတ်အစား ဝတ်ဖိုမမေ့ပါနဲ့။


(၄)အရေပြားအတွက် အသားလှဆီ ၊နွားနို့နှင့် စိုပြေသောခရမ်များဖြင့် ပြုလုပ်ထားသော ပိုးမွှားသေစေနိုင်သော ဆပ်ပြာနှင့်တိုက်ပါ။ ရေချိုးပါ။ ကြမ်းတမ်းသော ဆပ်ပြာများဖြင့်တိုက်လျှင် သဘာဝအဆီများဖယ်ရှားပြီး အရေပြား ခြောက်သွေ့ ကြမ်းတမ်းစေပါတယ်။

 

(၅)အဝတ်အစားများ လျှော်ဖွတ်ရာတွင် ပိုးသေစေနိုင်သော ဆပ်ပြာမှုန့်ဖြင့် သေချာစွာ လျှော်ဖွတ် နေလှန်းပါ။


(၆)သင့်တင့်မျှတသော အစားအစာများ ရွေးချယ်စားသုံးပါ။ သစ်သီးဖျော်ရည်နှင့် အစိမ်းရောင်ရှိသောအသီးအရွက်များ စားသုံးပါ။ အစိမ်းရောင်ရှိသော အသီးအရွက်များက မလိုလားအပ်သော အဆီများကို လျော့ချပေးပါတယ်။

 

(၇)သဘာဝပစ္စည်းများဖြင့် ထုတ်လုပ်သော ပစ္စည်းများဖြင့်သာ ကျောဝက်ခြံပျောက်ရန် အသုံးပြုပါ။


(၈)ကျောဝက်ခြံ များပြားစွာပေါက်လျှင် အရေပြားဆရာရဲ့ အကြံဉာဏ်ရယူပါ။


(၉)လဘက်ဆီသည် ကျောဝက်ခြံကုသရာတွင် အလွန်အသုံးတည့်ပါတယ်။


(၁၀)ရှားစောင်းလက်ပတ်သည် ကျောဝက်ခြံ နီရဲ ရောင်ရမ်းခြင်းကို သက်သာပျောက်ကင်းစေပါတယ်။


(၁၁)မိမိအသုံးအဆောင် အိပ်ရာခင်း ခေါင်းအုံး မွေ့ယာများ မကြာခဏလဲလှယ်ပေးပါ။

Dr. ပြည့်ရှင်း

Read times Last modified on Saturday, 28 December 2019 15:04
Rate this item
(1 Vote)