What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 03 August 2022 14:54

မျက်နှာပေါ်မှာ ဝက်ခြံ မထွက်အောင် ဘယ်လိုလုပ်မလဲ

မျက်နှာပေါ်မှာ ဝက်ခြံ မထွက်အောင် ဘယ်လိုလုပ်မလဲ Skin Kraft

ဝက်ခြံဆိုတာ အဖြစ်အများဆုံး အရေပြားပြဿနာ တစ်ခုဖြစ်ပါတယ်။

မတူညီတဲ့ဟော်မုန်းတွေကို တုံ့ပြန်တတ်တဲ့ မျိုးရိုးဗီဇတွေနဲ့အတူ နေ့စဉ်လုပ်နေကျ လုပ်ငန်းဆောင်တာတွေကလည်း ဝက်ခြံထွက်စေနိုင်တာ (သို့) ဝက်ခြံပေါက်နေရင်တောင် ပိုဆိုးစေတာမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဝက်ခြံတွေက တကယ်စိတ်ညစ်စရာပါ။

သင့်ကို ဝက်ခြံဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ စိတ်ဖိစီးမှု ၊ အရေပြားအလှကုန် ပစ္စည်းအသစ်များသုံးခြင်း ၊ ဟော်မုန်းပြောင်းလဲခြင်း၊ မျက်နှာကို ထိကိုင်ခြင်း၊ မျက်နှာမသစ်ခြင်း၊ ရာသီဥတုအပြောင်းအလဲဖြစ်တဲ့အချိန် နဲ့ သွေးဆုံးခြင်း စတဲ့ အချိန်အခါ တစ်ရပ်ရပ်များကို ဝက်ခြံထွက်နိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ

- မျက်နှာကောင်းကောင်းသစ်ပါ။

- အသားအရေကို အစိုဓာတ်ဖြည့်တင်းပါ။

- ရေဓာတ်ဖြည့်တင်းပါ။

- ကိုယ့်မျက်နှာအသားအရေပုံစံကို သိအောင်လုပ်ပါ။

- အစားအသောက်များကို ရှောင်ရှားပါ။

telegram1.jpg

ဘာတွေ သိတိပြုရမလဲ

- အသုံးပြုနေတဲ့ အလှကုန်ပစ္စည်းတွေ တည့်ရဲ့လား

- မတည့်တာတွေ စားမိနေလား

- မျက်နှာ အရေပြား သေချာသန့်စင်ရဲ့လား

- ဆဲလ်သေပုံမှန်ဖယ်ရှားပေးဖို့ လိုပါတယ်။

ဝက်ခြံတွေကို သက်သာစေဖို့ နည်းလမ်းများကတော့ ရေခဲဝတ်ကပ်ပါ၊ ရေနွေးငွေ့ခံပါ ၊ လက်ဖက်စိမ်းရေနွေးကြမ်း ဆွတ်ပေးပါ၊ လက်ဖက်ဆီ လိမ်းပါ ၊ ပျားရည် လိမ်းပါ၊ ရှားစောင်းလက်ပပ် ကပ်ပေးခြင်း ဝက်ခြံ ရောင်နေတာတွေကို သက်သာစေနိုင်တဲ့အပြင် ဝက်ခြံများကို ပျောက်ကင်းဖို့အတွက်လည်း အထောက်အကူဖြစ်စေနိုင်ပါတယ်။

Myanmar Health Products Guide

telegram.jpg

Read times
Rate this item
(0 votes)