What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 24 August 2018 15:36

မျက်နှာအသားရေအတွက် တိုနာ သုံးဖို့ တကယ်ပဲလိုအပ်လား

မျက်နှာအသားရေအတွက် တိုနာ သုံးဖို့ တကယ်ပဲလိုအပ်လား Google.com

ပျိုမေတို့ရဲ့ နေ့စဉ်အလှအပရေးရာကဏ္ဍမှာ တိုနာက အမှန်တကယ်လိုအပ်တဲ့ ပစ္စည်းတခုလား။

တချို့မိန်းကလေးတွေက တိုနာကို မလိုအပ်ဘူးဆိုပြီး သုံးလေ့မရှိပေမယ့် တချို့ကတော့ ပထမဆုံးအဆင့်အနေနဲ့ မဖြစ်မနေ သုံးကြပြန်ပါတယ်။ ဒါဆိုရင် တိုနာက (toner) တကယ်ပဲ အသုံးပြုဖို့ လိုအပ်သလား။

တိုနာ လိမ်းဖို့ လိုအပ်၊ မလိုအပ် မပြောခင် တိုနာရဲ့ အဓိပ္ပာယ်လေးကို အရင်ရှင်းပြချင်ပါတယ်။ တိုနာ ဆိုတာ အဆီပြန်တဲ့ အသားရေ (သို့) ဝက်ခြံထွက်တဲ့ အသားရေပိုင်ရှင်တွေအတွက် အထောက်အကူပေးတဲ့ ပစ္စည်းလေးပါ။ မိတ်ကပ်တွေ၊ နေလောင်ခံခရင်မ်တွေ မလိမ်းခင် မျက်နှာသန့်စင်ပြီးတာနဲ့ Cotton Pad လေးနဲ့ အသားထဲ စိမ့်ဝင်အောင် အရင်လိမ်းပေးသင့်ပါတယ်။

 

နေ့စဉ်ပုံမှန် လိမ်းပေးမယ်ဆိုရင် ချွေးပေါက်တွေ ကျယ်မလာအောင် ထိန်းညှိပေးမယ်၊ အသားရေမှာရှိသင့်တဲ့ pH level ကို ထိန်းသိမ်းပေးထားနိုင်မယ်၊ မျက်နှာပေါ်ကနေ အလွှာတခုအနေနဲ့ ကာကွယ်ပေးနိုင်မယ်၊ အရည်ဓာတ်ရအောင် ဖြည့်စွမ်းပေးမယ်၊ အသားရေကို ကြည်လင်ဝင်းပစေမယ် စတဲ့ အကျိုးအာနိသင်တွေ ရနိုင်မယ်လို့ ဆိုပါတယ်။

 

ထိလွယ်ရှလွယ် အရေပြားပိုင်ရှင်တွေအတွက်၊ ရေဓာတ်ခန်းခြောက်တဲ့ ခြောက်သွေ့အသားရေပိုင်ရှင်တွေ အတွက်ဆိုပြီး အမျိုးအစားတွေရှိတာမို့ ကိုယ်နဲ့သင့်တော်ရာကို သေချာရွေးချယ်နိုင်ပါတယ်။ ညအိပ်ရာမဝင်ခင် မျက်နှာသန့်စင်ဆေးရည်တွေနဲ့ သေချာသန့်စင်ပြီးတာနဲ့ တိုနာ လိမ်းအိပ်မယ်ဆိုရင် ဆဲလ်ပြန်လည်သန့်စင်ခြင်းကို အထောက်အကူပြုသလို အသားရေကို ထိခိုက်စေမယ့် ပိုးမွှားတွေအန္တရာယ်ကလည်း ကာကွယ်ပြီးသားဖြစ်ပါတယ်။

 

တိုးတက်ပြောင်းလဲလာတဲ့ ဒီနေ့ခေတ်ကြီးမှာ အလှကုန်ပစ္စည်းတွေကိုလည်း တနေ့ထက်တနေ့ ဆန်းသစ် ကောင်းမွန် အောင် လုပ်လာတဲ့နေရာမှာ တချို့မျက်နှာသစ်ဆေးတွေမှာ အသားရေအတွက် လိုအပ်တဲ့အာဟာရ ဓာတ်တွေဖြည့်စွက် ထားလို့ တိုနာပြန်လိမ်းစရာမလိုတော့ပါဘူး။ ဒါကြောင့် အရင်လို မျက်နှာသစ်ပြီးတာနဲ့ တိုနာ လိမ်းရမယ့် အဆင့်တွေ လျှော့ချနိုင်တာပေါ့။

 

တိုနာ ပုံမှန်လိမ်းနေသမျှတော့ ချွေးပေါက်ကျဉ်းစေမယ်၊ အဆီမပြန်တော့ဘူး စတဲ့အကျိုးကျေးဇူးတွေ ခံစားရပေမယ့် ဒါဟာ အမြဲတမ်းတည်မြဲနေတာ မဟုတ်ပါဘူး။ အကြောင်းကြောင်းကြောင့် တိုနာ ဆက်မလိမ်းဖြစ်တော့တဲ့ အခါ ဒီလိုအကျိုး ကျေးဇူးတွေ ဆက်မဖြစ်တော့ဘဲ အရင်ပုံစံအတိုင်း ချွေးပေါက်တွေကျယ်၊ အသားရေ အဆီပြန်တာမျိုး ပြန်ဖြစ်သွား တတ်ပါတယ်။

 

အကျိုးကျေးဇူးနဲ့ ဆိုးကျိုးတွေ ဒွန်တွဲနေလို့ တိုနာ သုံးသင့်မသုံးသင့် ဒွိဟဖြစ်နေတဲ့ ပျိုမေတွေကို အရေပြား ကျွမ်းကျင် ပညာရှင် အန်ဒီ က တိုနာ အစား မျက်နှာသစ်ဆေးကောင်းကောင်းသုံးတာက ပိုထိရောက်တဲ့အကြောင်း အကြံပေး ပါတယ်။ ဒါပေမယ့်လည်း တိုနာ သုံးနေကျဆိုရင်တော့ မသုံးဘဲရပ်လိုက်တာထက် ဆက်သုံးသင့်တဲ့အကြောင်း ဆိုပါတယ်။

 

အခုနောက်ပိုင်း မွမ်းမံထုတ်လုပ်လိုက်တဲ့ တိုနာတွေမှာ ကောင်းသထက်ကောင်းအောင် သုံးစွဲသူတွေ အကျိုးရှိစေမယ့် နည်းပညာအသစ်တွေနဲ့ ထုတ်လိုက်ထားတာမို့ ဘေးထွက်ဆိုးကျိုး နည်းနိုင်သမျှ နည်းအောင် စီမံထားပြန်ပါတယ်။ အခုခေတ် တိုနာတွေက အရင်တုန်းကလိုမဟုတ်ဘဲ ဗီတာမင်၊ antioxidants ၊ ရေဓာတ်ဖြည့်ပေး ရုံတင်မဟုတ်ဘဲ အသားရေ အတွင်းပိုင်းထိ အာဟာရဖြစ်စေမယ့် အရာတွေကို ပေါင်းစပ်ထုတ်လုပ်လာကြပါပြီ။

 

နိဂုံးချုပ်ရရင် တိုနာ သုံးဖို့လိုလား၊ မလိုဘူးလား စဉ်းစားရမှာထက် သုံးနေကြလည်းဖြစ်တယ်၊ ကိုယ့်အသားရေအတွက် လည်း သင့်တော်တယ်ဆိုရင် ဆက်သုံးပါ။ မသုံးချင်တော့ဘူးဆိုရင် rose water လို သဘာဝနည်းလေးတွေ သုံးပြီး တိုနာ အစားသုံးနိုင်သလို၊ မျက်နှာသန့်ဆေးကောင်းကောင်း သုံးပေးဖို့တော့ လိုပါတယ်။

source:burma.irrawaddy

Read:ဗီတာမင္ B3 က ျပင္းထန္ ေက်ာက္ကပ္ ေရာဂါကုသရန္ အေထာက္အကူျပဳႏိုင္

ဗီတာမင္ B3 က ျပင္းထန္ ေက်ာက္ကပ္ ေရာဂါကုသရန္ အေထာက္အကူျပဳႏိုင္

{Zawgyi}

======

မ်က္ႏွာအသားေရအတြက္ တိုနာ သုံးဖို႔ တကယ္ပဲလိုအပ္လား

 

ပ်ိဳေမတို႔ရဲ့ ေန႔စဥ္အလွအပေရးရာက႑မွာ တိုနာက အမွန္တကယ္လိုအပ္တဲ့ ပစၥည္းတခုလား။ တခ်ိဳ႕မိန္းကေလးေတြက တိုနာကို မလိုအပ္ဘူးဆိုၿပီး သုံးေလ့မရွိေပမယ့္ တခ်ိဳ႕ကေတာ့ ပထမဆုံးအဆင့္အေနနဲ႔ မျဖစ္မေန သုံးၾကျပန္ပါတယ္။ ဒါဆိုရင္ တိုနာက (toner) တကယ္ပဲ အသုံးျပဳဖို႔ လိုအပ္သလား။ တိုနာ လိမ္းဖို႔ လိုအပ္၊ မလိုအပ္ မေျပာခင္ တိုနာရဲ့ အဓိပၸာယ္ေလးကို အရင္ရွင္းျပခ်င္ပါတယ္။ တိုနာ ဆိုတာ အဆီျပန္တဲ့ အသားေရ (သို႔) ဝက္ၿခံထြက္တဲ့ အသားေရပိုင္ရွင္ေတြအတြက္ အေထာက္အကူေပးတဲ့ ပစၥည္းေလးပါ။ မိတ္ကပ္ေတြ၊ ေနေလာင္ခံခရင္မ္ေတြ မလိမ္းခင္ မ်က္ႏွာသန႔္စင္ၿပီးတာနဲ႔ Cotton Pad ေလးနဲ႔ အသားထဲ စိမ့္ဝင္ေအာင္ အရင္လိမ္းေပးသင့္ပါတယ္။

 

ေန႔စဥ္ပုံမွန္ လိမ္းေပးမယ္ဆိုရင္ ေခၽြးေပါက္ေတြ က်ယ္မလာေအာင္ ထိန္းညႇိေပးမယ္၊ အသားေရမွာရွိသင့္တဲ့ pH level ကို ထိန္းသိမ္းေပးထားနိုင္မယ္၊ မ်က္ႏွာေပၚကေန အလႊာတခုအေနနဲ႔ ကာကြယ္ေပးနိုင္မယ္၊ အရည္ဓာတ္ရေအာင္ ျဖည့္စြမ္းေပးမယ္၊ အသားေရကို ၾကည္လင္ဝင္းပေစမယ္ စတဲ့ အက်ိဳးအာနိသင္ေတြ ရနိုင္မယ္လို႔ ဆိုပါတယ္။

 

ထိလြယ္ရွလြယ္ အေရျပားပိုင္ရွင္ေတြအတြက္၊ ေရဓာတ္ခန္းေျခာက္တဲ့ ေျခာက္ေသြ႕အသားေရပိုင္ရွင္ေတြ အတြက္ဆိုၿပီး အမ်ိဳးအစားေတြရွိတာမို႔ ကိုယ္နဲ႔သင့္ေတာ္ရာကို ေသခ်ာေရြးခ်ယ္နိုင္ပါတယ္။ ညအိပ္ရာမဝင္ခင္ မ်က္ႏွာသန႔္စင္ေဆးရည္ေတြနဲ႔ ေသခ်ာသန႔္စင္ၿပီးတာနဲ႔ တိုနာ လိမ္းအိပ္မယ္ဆိုရင္ ဆဲလ္ျပန္လည္သန႔္စင္ျခင္းကို အေထာက္အကူျပဳသလို အသားေရကို ထိခိုက္ေစမယ့္ ပိုးမႊားေတြအႏၲရာယ္ကလည္း ကာကြယ္ၿပီးသားျဖစ္ပါတယ္။

 

တိုးတက္ေျပာင္းလဲလာတဲ့ ဒီေန႔ေခတ္ႀကီးမွာ အလွကုန္ပစၥည္းေတြကိုလည္း တေန႔ထက္တေန႔ ဆန္းသစ္ ေကာင္းမြန္ ေအာင္ လုပ္လာတဲ့ေနရာမွာ တခ်ိဳ႕မ်က္ႏွာသစ္ေဆးေတြမွာ အသားေရအတြက္ လိုအပ္တဲ့အာဟာရ ဓာတ္ေတြျဖည့္စြက္ ထားလို႔ တိုနာျပန္လိမ္းစရာမလိုေတာ့ပါဘူး။ ဒါေၾကာင့္ အရင္လို မ်က္ႏွာသစ္ၿပီးတာနဲ႔ တိုနာ လိမ္းရမယ့္ အဆင့္ေတြ ေလၽွာ့ခ်နိုင္တာေပါ့။

 

တိုနာ ပုံမွန္လိမ္းေနသမၽွေတာ့ ေခၽြးေပါက္က်ဥ္းေစမယ္၊ အဆီမျပန္ေတာ့ဘူး စတဲ့အက်ိဳးေက်းဇူးေတြ ခံစားရေပမယ့္ ဒါဟာ အျမဲတမ္းတည္ျမဲေနတာ မဟုတ္ပါဘူး။ အေၾကာင္းေၾကာင္းေၾကာင့္ တိုနာ ဆက္မလိမ္းျဖစ္ေတာ့တဲ့ အခါ ဒီလိုအက်ိဳး ေက်းဇူးေတြ ဆက္မျဖစ္ေတာ့ဘဲ အရင္ပုံစံအတိုင္း ေခၽြးေပါက္ေတြက်ယ္၊ အသားေရ အဆီျပန္တာမ်ိဳး ျပန္ျဖစ္သြား တတ္ပါတယ္။

 

အက်ိဳးေက်းဇူးနဲ႔ ဆိုးက်ိဳးေတြ ဒြန္တြဲေနလို႔ တိုနာ သုံးသင့္မသုံးသင့္ ဒြိဟျဖစ္ေနတဲ့ ပ်ိဳေမေတြကို အေရျပား ကၽြမ္းက်င္ ပညာရွင္ အန္ဒီ က တိုနာ အစား မ်က္ႏွာသစ္ေဆးေကာင္းေကာင္းသုံးတာက ပိုထိေရာက္တဲ့အေၾကာင္း အႀကံေပး ပါတယ္။ ဒါေပမယ့္လည္း တိုနာ သုံးေနက်ဆိုရင္ေတာ့ မသုံးဘဲရပ္လိုက္တာထက္ ဆက္သုံးသင့္တဲ့အေၾကာင္း ဆိုပါတယ္။

 

အခုေနာက္ပိုင္း မြမ္းမံထုတ္လုပ္လိုက္တဲ့ တိုနာေတြမွာ ေကာင္းသထက္ေကာင္းေအာင္ သုံးစြဲသူေတြ အက်ိဳးရွိေစမယ့္ နည္းပညာအသစ္ေတြနဲ႔ ထုတ္လိုက္ထားတာမို႔ ေဘးထြက္ဆိုးက်ိဳး နည္းနိုင္သမၽွ နည္းေအာင္ စီမံထားျပန္ပါတယ္။ အခုေခတ္ တိုနာေတြက အရင္တုန္းကလိုမဟုတ္ဘဲ ဗီတာမင္၊ antioxidants ၊ ေရဓာတ္ျဖည့္ေပး ႐ုံတင္မဟုတ္ဘဲ အသားေရ အတြင္းပိုင္းထိ အာဟာရျဖစ္ေစမယ့္ အရာေတြကို ေပါင္းစပ္ထုတ္လုပ္လာၾကပါၿပီ။

 

နိဂုံးခ်ဳပ္ရရင္ တိုနာ သုံးဖို႔လိုလား၊ မလိုဘူးလား စဥ္းစားရမွာထက္ သုံးေနၾကလည္းျဖစ္တယ္၊ ကိုယ့္အသားေရအတြက္ လည္း သင့္ေတာ္တယ္ဆိုရင္ ဆက္သုံးပါ။ မသုံးခ်င္ေတာ့ဘူးဆိုရင္ rose water လို သဘာဝနည္းေလးေတြ သုံးၿပီး တိုနာ အစားသုံးနိုင္သလို၊ မ်က္ႏွာသန႔္ေဆးေကာင္းေကာင္း သုံးေပးဖို႔ေတာ့ လိုပါတယ္။

source:burma.irrawaddy

Read times Last modified on Thursday, 02 January 2020 17:59
Rate this item
(1 Vote)