What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 28 February 2020 16:48

ကျောက်ကပ်လူနာများ မှီဝဲသင့်၊ သတိပြုသင့်သော အားဆေးများ

ားကျွန်တော်တို့လူမျိုးဟာ ဆရာဝန်မှာကြားတဲ့ အရေးကြီးဆေးတွေသာ ပုံမှန်သောက်ဖို့ ဝန်လေးရင်လေးမယ်။

" ဟိုအားဆေးကောင်းတယ်ဟေ့ " လို့ တစ်ယောက်ယောက်က ညွှန်းလိုက်ပြီဆိုတာနဲ့ ဘယ်လောက်ပဲ ဈေးကြီးပေးရပေးရ၊ ဘယ်နိုင်ငံကပဲ တကူးတက မှာသောက်ရပစေ ရအောင်ဝယ်ယူလေ့ရှိပါတယ်။ တစ်ချို့ဆိုဘယ်သူဘယ်ဝါက ဘယ်နိုင်ငံကနေ လက်ဆောင်ပေးလိုက်တဲ့ အားဆေးရယ်လို့ အချင်းချင်းတွေ့ရင် ဂုဏ်တုဂုဏ်ပြိုင်ပြောကြရတာ အမောပါပဲ။ သက်ကြီးဝါကြီးဆွေမျိုးသားချင်းတွေကို ဂါရဝသွားပြုတဲ့အခါ အားဆေးလေးပါပါမှ မျက်နှာပန်းလှကြတယ်မဟုတ်လား။

 

တကယ်တော့ အားဆေးဆိုတာ ဗိုက်တာမင်သတ္တုဓာတ်တွေ (vitamins and minerals)ကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဗိုက်တာမင်တွေဘယ်ကရလဲဆိုရင် စားသုံးလိုက်တဲ့ အစားအစာတွေကရပါတယ်။ အကြမ်းမျဉ်းပြောရရင် ဗိုက်တာမင်တွေမှာ အဆီမှာပျော်ဝင်တာရယ်၊ ရေမှာပျော်ဝင်တာရယ်လို့ နှစ်မျိုးမှတ်သားနိုင်ပါတယ်။

 

အဆီမှာပျော်ဝင်တဲ့ ဗိုက်တာမင် (fat soluble vitamins) တွေကတော့ ဗိုက်တာမင် A, D, E, K တွေဖြစ်တယ်။ ဒီဓာတ်တွေဟာ ခန္ဓာကိုယ်ကစုပ်ယူပြီးရင် အသဲ၊အဆီတစ်သျှုးတွေမှာ ရေရှည် သိုလှောင်ထားနိုင်တဲ့ အတွက် လိုအပ်လာတဲ့အခါ အချိန်မရွေး ပြန်လည်ထုတ်ယူသုံးစွဲနိုင်စွမ်းရှိတယ်။

 

Drinking Water (သောက်ရေသန့်လုပ်ငန်းပေါင်း ၁၀၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Drinking Water

 

ဒါ့ကြောင့် အစာအိမ်အူလမ်းကြောင်းစုပ်ယူမှုအားနည်းတဲ့ ရောဂါရှိတဲ့သူတွေကလွဲရင် ပုံမှန်လူတွေမှာ ဒီဗိုက်တာမင်ဓာတ်တွေချို့တဲ့တာ ရှားပါတယ်။ မလိုအပ်ပဲ ပုံမှန်သောက်သုံးမိတဲ့အခါမှာမှ ဒီဓာတ်တွေဟာ ခန္ဓာကိုယ်မှာ စုပုံလာပြီး ဘေးထွက်ဆိုးကျိုးတွေကို ခံစားလာရတတ်ပါတယ်။ ဒီလိုရောဂါမျိုးကိုတော့ ဗိုက်တာမင်အဆိပ်တတ်ခြင်း hypervitaminosis လို့ခေါ်ပါတယ်။

နောက်တစ်မျိုးကတော့ ရေမှာပျော်ဝင်တဲ့ water soluble vitamins တွေဖြစ်တဲ့ Vitamin B complex (B1,B2,B3,B5 Pantothenic acid,B6,B7 biotin,B9 folate, B12)နဲ့ Vitamin C တို့ပဲဖြစ်ပါတယ်။ ဒီဗိုက်တာမင်တွေကတော့ ကိုယ်ခန္ဓာက စားသောက်စုပ်ယူပြီး လိုအပ်တဲ့တစ်သျှုးတွေဆီပို့ဆောင်ပြီးတာနဲ့ စွန့် ထုတ်ပြစ်လေ့ရှိတယ်။

 

အဆီမှာပျော်ဝင်တဲ့ ဗိုက်တာမင်တွေလို ခန္ဓာကိုယ်မှာ သိုလှောင်ထားနိုင်တဲ့ အစွမ်းမရှိကြပါဘူး။ ဒီလိုဗိုက်တာမင်ဓာတ်တွေကတော့ အစားအစာကဖြစ်စေ၊ အားဆေးတွေကဖြစ်စေ အမြဲဖြည့်တင်းနေဖို့ လိုအပ်ပါတယ်။ ခန္ဓာကိုယ်မှာ သိုလှောင်ထားခြင်းမရှိတဲ့ အတွက် အဆိပ်အတောက်ဖြစ်မှာကို မစိုးရိမ်ရပါဘူး။

 

ကျောက်ကပ်လူနာတွေမှာ အားဆေးပုံမှန်သောက်ဖို့ လိုအပ်သလား?

လိုရင်းဖြေရရင် ကျောက်ကပ်ရောဂါ သက်တမ်းရင့်လာတဲ့သူတွေ (အဆင့်လေးနဲ့အထက်)နဲ့ ကျောက်ကပ်ပုံမှန်ဆေးနေရတဲ့လူနာတွေဆို လိုအပ်ပါတယ်။ ကျောက်ကပ်သမားတွေဟာ အမျိုးမျိုးသော အကြောင်းတွေကြောင့် ဗိုက်တာမင်ဓာတ်တွေ ချို့တဲ့နိုင်ပါတယ်။

 

ဥပမာ အစားရှောင်ရတဲ့သူတွေ၊ ကျောက်ကပ်က မစွန့်ထုတ်နိုင်လို့ ယူရီးယားဓာတ်တွေ သွေးထဲမှာ စုပုံလာပြီး အစားအသောက်ပျက်လာတဲ့အခါ၊ သောက်ရတဲ့ ဆေးတွေ တစ်ပုံတစ်ပင်ကလဲ ဗိုက်တာမင်ဓာတ်တွေရဲ့ စုပ်ယူမှုကို အနှောက်အယှက်ပေးလာတဲ့အခါ၊ ကျောက်ကပ်ပုံမှန်ဆေးရတဲ့လူနာတွေမှာဆိုရင် ရေမှာပျော်ဝင်တဲ့ဗိုက်တာမင်တွေဟာ ကျောက်ကပ်ဆေးရင်းနဲ့ တစ်ဆင့်စွန့်ပစ်တဲ့အထဲပါသွားနိုင်တဲ့အတွက်ပဲ ဖြစ်ပါတယ်။

 

ဘယ်လိုအားဆေးတွေမှီဝဲဖို့သင့်တော်သလဲ?

ရေမှာပျော်ဝင်တဲ့ water soluble vitamins (B complex and C) တွေပါဝင်တဲ့ အားဆေးတွေပုံမှန်သောက်နိုင်ပါတယ်။ ဗိုက်တာမင် C ကတော့ အသောက်များရင် အောက်ဇဲလိပ်ဓာတ်လွန်ကဲတာ၊ ဆီးလမ်းကြောင်းကျောက်တည်တာ ဖြစ်နိုင်တဲ့အတွက် အများဆုံး တစ်နေ့ ၁၀၀မီလီဂရမ်အထက် ပိုမသောက်သင့်ပါဘူး။ ဒီဆေးတွေကို ဈေးကွက်ထဲမှာတော့ renal- nephro-နဲ့စတဲ့ နာမည်တွေနဲ့ တွေ့နိုင်ပါတယ်။ ဥပမာ -Renalvit , Nephrocap။

 

ဘယ်လိုအားဆေးတွေကဘေးဖြစ်စေလို့ ရှောင်ဖို့လိုမလဲ?

အဆီမှာပျော်ဝင်တဲ့ဗိုက်တာမင်တွေ (vitamin A,D,E,K) မပါဝင်ဖို့တော့ ဂရုပြုရပါမယ်။ ဒီဗိုက်တာမင်တွေဟာ ကျောက်ကပ်မှတစ်ဆင့် စွန့်ပြစ်နိုင်စွမ်းကျလာတဲ့အခါ ခန္ဓာကိုယ်မှာ စုပုံလာတတ်ပြီး ဘေးဖြစ်စေတတ်ပါတယ်။  ဗိုက်တာမင်ဒီဓာတ်မှာဆိုရင် ကျောက်ကပ်သမားတွေလိုအပ်လာမှ သောက်ရတဲ့ ကွဲပြားတဲ့active Vitamin D လို့ခေါ်တဲ့ calcitriol,alfacalcidol လိုဆေးမျိုးတွေရှိပါတယ်။

 

မလိုအပ်ပဲ ဗိုက်တာမင်ဒီတွေကို အားဆေးတွေမှာ ရောနှောသောက်ခြင်းက ကျောက်ကပ်ရောဂါကို ကူညီရာမရောက်ပါဘူး။ ဗိုက်တာမင်အေ၊အီးနဲ့ကေဟာလဲ ကျောက်ကပ်သမားတွေအတွက် မလိုအပ်ပါဘူး။ အထူးသဖြင့် ဗိုက်တာမင်ကေဓာတ်ဟာ warfarin လိုသွေးကျဲဆေးတွေသောက်နေရတဲ့ သူတွေမှာဆိုရင် ဆေးရဲ့အာနိသင်ကို ထိခိုက်နိုင်ပါတယ်။

 

တိုင်းရင်းဆေး၊ဆေးမှီးတိုစတဲ့ အားဆေးတွေနဲ့ ပတ်သတ်ပြီးတော့ သိပ္ပံနည်းကျပြုစုထားခြင်း မရှိတဲ့အတွက် အဆိုးအကောင်း မပြောလိုပါဘူး။ ဒါပေမဲ့ မိမိသောက်နေတဲ့ အင်္ဂလိပ်ဆေးများနဲ့ ဓာတ်ပြုနိုင်စွမ်း ရှိတဲ့အတွက် စိတ်မချရပါဘူး။ ဆင်ခြင်ပြီးမှသာသုံးစွဲကြစေလိုပါတယ်။

ဒေါက်တာဇေထက် [ ကျောက်ကပ်ဆေးပညာဌာန (ယူကေ)]

ေက်ာက္ကပ္လူနာမ်ား မွီဝဲသင့္၊ သတိျပဳသင့္ေသာ အားေဆးမ်ား
Multivitamin supplements in patients with kidney disease

 

ကၽြန္ေတာ္တို႔လူမ်ဳိးဟာ ဆရာဝန္မွာၾကားတဲ့ အေရးႀကီးေဆးေတြသာ ပံုမွန္ေသာက္ဖို႔ ဝန္ေလးရင္ေလးမယ္။ " ဟိုအားေဆးေကာင္းတယ္ေဟ့ " လို႔ တစ္ေယာက္ေယာက္က ၫႊန္းလိုက္ၿပီဆိုတာနဲ႔ ဘယ္ေလာက္ပဲ ေစ်းႀကီးေပးရေပးရ၊ ဘယ္ႏိုင္ငံကပဲ တကူးတက မွာေသာက္ရပေစ ရေအာင္ဝယ္ယူေလ့ရွိပါတယ္။ တစ္ခ်ဳိ ့ဆိုဘယ္သူဘယ္ဝါက ဘယ္ႏိုင္ငံကေန လက္ေဆာင္ေပးလိုက္တဲ့ အားေဆးရယ္လို႔ အခ်င္းခ်င္းေတြ႕ရင္ ဂုဏ္တုဂုဏ္ၿပိဳင္ေျပာၾကရတာ အေမာပါပဲ။ သက္ႀကီးဝါႀကီးေဆြမ်ဳိးသားခ်င္းေတြကို ဂါရဝသြားျပဳတဲ့အခါ အားေဆးေလးပါပါမွ မ်က္ႏွာပန္းလွၾကတယ္မဟုတ္လား။

 

တကယ္ေတာ့ အားေဆးဆိုတာ ဗိုက္တာမင္သတၱဳဓာတ္ေတြ (vitamins and minerals)ကို ဆိုလိုျခင္း ျဖစ္ပါတယ္။ ဗိုက္တာမင္ေတြဘယ္ကရလဲဆိုရင္ စားသံုးလိုက္တဲ့ အစားအစာေတြကရပါတယ္။ အၾကမ္းမ်ဥ္းေျပာရရင္ ဗိုက္တာမင္ေတြမွာ အဆီမွာေပ်ာ္ဝင္တာရယ္၊ ေရမွာေပ်ာ္ဝင္တာရယ္လို႔ ႏွစ္မ်ဳိးမွတ္သားႏိုင္ပါတယ္။

 

အဆီမွာေပ်ာ္ဝင္တဲ့ ဗိုက္တာမင္ (fat soluble vitamins) ေတြကေတာ့ ဗိုက္တာမင္ A, D, E, K ေတြျဖစ္တယ္။ ဒီဓာတ္ေတြဟာ ခႏၶာကိုယ္ကစုပ္ယူၿပီးရင္ အသဲ၊အဆီတစ္သွ်ဳးေတြမွာ ေရရွည္ သိုေလွာင္ထားႏိုင္တဲ့ အတြက္ လိုအပ္လာတဲ့အခါ အခ်ိန္မေရြး ျပန္လည္ထုတ္ယူသံုးစြဲႏိုင္စြမ္းရွိတယ္။

 

Drinking Water (ေသာက္ေရသန္႔လုပ္ငန္းေပါင္း ၁၀၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ)

Image result for Drinking Water

 

ဒါ့ေၾကာင့္ အစာအိမ္အူလမ္းေၾကာင္းစုပ္ယူမႈအားနည္းတဲ့ ေရာဂါရွိတဲ့သူေတြကလြဲရင္ ပံုမွန္လူေတြမွာ ဒီဗိုက္တာမင္ဓာတ္ေတြခ်ဳိ ့တဲ့တာ ရွားပါတယ္။ မလိုအပ္ပဲ ပံုမွန္ေသာက္သံုးမိတဲ့အခါမွာမွ ဒီဓာတ္ေတြဟာ ခႏၶာကိုယ္မွာ စုပံုလာၿပီး ေဘးထြက္ဆိုးက်ဳိးေတြကို ခံစားလာရတတ္ပါတယ္။ ဒီလိုေရာဂါမ်ဳိးကိုေတာ့ ဗိုက္တာမင္အဆိပ္တတ္ျခင္း ervitaminosis လို႔ေခၚပါတယ္။

 

ေနာက္တစ္မ်ဳိးကေတာ့ ေရမွာေပ်ာ္ဝင္တဲ့ water soluble vitamins ေတြျဖစ္တဲ့ Vitamin B complex (B1,B2,B3,B5 Pantothenic acid,B6,B7 biotin,B9 folate, B12)နဲ႔ Vitamin C တို႔ပဲျဖစ္ပါတယ္။ ဒီဗိုက္တာမင္ေတြကေတာ့ ကိုယ္ခႏၶာက စားေသာက္စုပ္ယူၿပီး လိုအပ္တဲ့တစ္သွ်ဳးေတြဆီပို႔ေဆာင္ၿပီးတာနဲ႔ စြန္႔ ထုတ္ျပစ္ေလ့ရွိတယ္။

 

အဆီမွာေပ်ာ္ဝင္တဲ့ ဗိုက္တာမင္ေတြလို ခႏၶာကိုယ္မွာ သိုေလွာင္ထားႏိုင္တဲ့ အစြမ္းမရွိၾကပါဘူး။ ဒီလိုဗိုက္တာမင္ဓာတ္ေတြကေတာ့ အစားအစာကျဖစ္ေစ၊ အားေဆးေတြကျဖစ္ေစ အၿမဲျဖည့္တင္းေနဖို႔ လိုအပ္ပါတယ္။ ခႏၶာကိုယ္မွာ သိုေလွာင္ထားျခင္းမရွိတဲ့ အတြက္ အဆိပ္အေတာက္ျဖစ္မွာကို မစိုးရိမ္ရပါဘူး။

 

ေက်ာက္ကပ္လူနာေတြမွာ အားေဆးပံုမွန္ေသာက္ဖို႔ လိုအပ္သလား?

လိုရင္းေျဖရရင္ ေက်ာက္ကပ္ေရာဂါ သက္တမ္းရင့္လာတဲ့သူေတြ (အဆင့္ေလးနဲ႔အထက္)နဲ႔ ေက်ာက္ကပ္ပံုမွန္ေဆးေနရတဲ့လူနာေတြဆို လိုအပ္ပါတယ္။ ေက်ာက္ကပ္သမားေတြဟာ အမ်ဳိးမ်ဳိးေသာ အေၾကာင္းေတြေျကာင့္ ဗိုက္တာမင္ဓာတ္ေတြ ခ်ဳိ ့တဲ့ႏိုင္ပါတယ္။

 

ဥပမာ အစားေရွာင္ရတဲ့သူေတြ၊ ေက်ာက္ကပ္က မစြန္႔ထုတ္ႏိုင္လို႔ ယူရီးယားဓာတ္ေတြ ေသြးထဲမွာ စုပံုလာၿပီး အစားအေသာက္ပ်က္လာတဲ့အခါ၊ ေသာက္ရတဲ့ ေဆးေတြ တစ္ပံုတစ္ပင္ကလဲ ဗိုက္တာမင္ဓာတ္ေတြရဲ႕ စုပ္ယူမႈကို အေႏွာက္အယွက္ေပးလာတဲ့အခါ၊ ေက်ာက္ကပ္ပံုမွန္ေဆးရတဲ့လူနာေတြမွာဆိုရင္ ေရမွာေပ်ာ္ဝင္တဲ့ဗိုက္တာမင္ေတြဟာ ေက်ာက္ကပ္ေဆးရင္းနဲ႔ တစ္ဆင့္စြန္႔ပစ္တဲ့အထဲပါသြြားႏိုင္တဲ့အတြက္ပဲ ျဖစ္ပါတယ္။

 

ဘယ္လိုအားေဆးေတြမွီဝဲဖို႔သင့္ေတာ္သလဲ?

ေရမွာေပ်ာ္ဝင္တဲ့ water soluble vitamins (B complex and C) ေတြပါဝင္တဲ့ အားေဆးေတြပံုမွန္ေသာက္ႏိုင္ပါတယ္။ ဗိုက္တာမင္ C ကေတာ့ အေသာက္မ်ားရင္ ေအာက္ဇဲလိပ္ဓာတ္လြန္ကဲတာ၊ ဆီးလမ္းေၾကာင္းေက်ာက္တည္တာ ျဖစ္ႏိုင္တဲ့အတြက္ အမ်ားဆံုး တစ္ေန႔ ၁၀၀မီလီဂရမ္အထက္ ပိုမေသာက္သင့္ပါဘူး။ ဒီေဆးေတြကို ေစ်းကြက္ထဲမွာေတာ့ renal- nephro-နဲ႔စတဲ့ နာမည္ေတြနဲ႔ ေတြ႕ႏိုင္ပါတယ္။ ဥပမာ -Renalvit , Nephrocap။

 

ဘယ္လိုအားေဆးေတြကေဘးျဖစ္ေစလို႔ ေရွာင္ဖို႔လိုမလဲ?

အဆီမွာေပ်ာ္ဝင္တဲ့ဗိုက္တာမင္ေတြ (vitamin A,D,E,K) မပါဝင္ဖို႔ေတာ့ ဂ႐ုျပဳရပါမယ္။ ဒီဗိုက္တာမင္ေတြဟာ ေက်ာက္ကပ္မွတစ္ဆင့္ စြန္႔ျပစ္ႏိုင္စြမ္းက်လာတဲ့အခါ ခႏၶာကိုယ္မွာ စုပံုလာတတ္ၿပီး ေဘးျဖစ္ေစတတ္ပါတယ္။ ဗိုက္တာမင္ဒီဓာတ္မွာဆိုရင္ ေက်ာက္ကပ္သမားေတြလိုအပ္လာမွ ေသာက္ရတဲ့ ကြဲျပားတဲ့active Vitamin D လို႔ေခၚတဲ့ calcitriol,alfacalcidol လိုေဆးမ်ဳိးေတြရွိပါတယ္။

 

မလိုအပ္ပဲ ဗိုက္တာမင္ဒီေတြကို အားေဆးေတြမွာ ေရာေႏွာေသာက္ျခင္းက ေက်ာက္ကပ္ေရာဂါကို ကူညီရာမေရာက္ပါဘူး။ ဗိုက္တာမင္ေအ၊အီးနဲ႔ေကဟာလဲ ေက်ာက္ကပ္သမားေတြအတြက္ မလိုအပ္ပါဘူး။ အထူးသျဖင့္ ဗိုက္တာမင္ေကဓာတ္ဟာ warfarin လိုေသြးက်ဲေဆးေတြေသာက္ေနရတဲ့ သူေတြမွာဆိုရင္ ေဆးရဲ႕အာနိသင္ကို ထိခိုက္ႏိုင္ပါတယ္။

 

တိုင္းရင္းေဆး၊ေဆးမွီးတိုစတဲ့ အားေဆးေတြနဲ႔ ပတ္သတ္ၿပီးေတာ့ သိပၸံနည္းက်ျပဳစုထားျခင္း မရွိတဲ့အတြက္ အဆိုးအေကာင္း မေျပာလိုပါဘူး။ ဒါေပမဲ့ မိမိေသာက္ေနတဲ့ အဂၤလိပ္ေဆးမ်ားနဲ႔ ဓာတ္ျပဳႏိုင္စြမ္း ရွိတဲ့အတြက္ စိတ္မခ်ရပါဘူး။ ဆင္ျခင္ၿပီးမွသာသံုးစြဲၾကေစလိုပါတယ္။

ေဒါက္တာေဇထက္ [ ေက်ာက္ကပ္ေဆးပညာဌာန (ယူေက)]

Read times
Rate this item
(0 votes)