What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 06 July 2017 15:46

ဆံပင်ကျွတ်ရတဲ့ အဓိက အကြောင်းအရင်း(၅)မျိုး

ဆံပင်ကျွတ်ရတဲ့ အဓိက အကြောင်းအရင်း(၅)မျိုး google.com

၁. စိတ်ဖိစီးမှုများခြင်း

စိတ်ဖိစီးမှုတွေ အရမ်းများလာရင်လည်း ဆံပင်ကျွတ်တတ်ပါတယ်။ စွမ်းအင် (Energy) တွေကို အများကြီး ထုတ်သုံးနေရပြီး၊ စိတ်ဖိစီးမှုတွေ ခံစားနေရ သူတွေဟာ ဒီလိုအခြေအနေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။

စိတ်ဖိစီးမှုဟာ ဆံပင် ကျွတ်တာတွေကို သာမက တခြားသော ကျန်းမာရေးပြဿနာတွေကိုပါ သယ်လာ တတ်ပါတယ်။ ထို့ကြောင့် ဆံပင်တွေ အရမ်းကျွတ်နေရင် စိတ်ဖိစီးမှုတွေရှိနေ သလား စဉ်းစားပါ။ ရှိရင်တော့ စိတ်ဖိစီးမှုတွေကို အတတ်နိုင်ဆုံး ဖြေဖျောက်နိုင်ဖို့ ကြိုးစားပါ။

၂. မျိုးရိုးလိုက်ခြင်း

မျိုးရိုးလိုက်ပြီး ဆံပင်ကျွတ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ မျိုးရိုးထဲမှာ ထိပ်ပြောင်၊ ဆံပင်ပါးတဲ့သူတွေရှိ တယ်ဆိုရင် ဆံပင်ကျွတ်တာဟာ မျိုးရိုးကြောင့်ဖြစ်နိုင်ပါတယ်။

READ - ၀က်ခြံတွေကို ပိုဆိုးသွားစေနိုင်တဲ့ အပြုအမှုနဲ့နေထိုင်မှုပုံစံ (၆) မျိုး

၃. ဆံပင်နဲ့ပတ်သက်တဲ့ ပစ္စည်းများ အသုံးပြုခြင်း

ဆံပင်အခြောက်ခံတဲ့ Hair Dryer၊ ဆဲပင်ဖြောင့်စက်၊ ကောက်စက်တွေနဲ့ အရမ်းထိတွေ့တာ များလွန်းရင်လည်း ဆံပင်ကျွတ်တတ်ပါ တယ်။ ထို့ကြောင့် ဆံပင်ကျွတ်တတ်တာတွေ သိပ်များလာရင်တော့ အဲ့ဒီပစ္စည်းတွေ ကို အသုံးပြုတာ တတ်နိုင်ရင်ရှောင်ပါ။

၎. ဓါတုပစ္စည်းများ အသုံးပြုခြင်း

Shampoo၊ ဆံပင်ပျော့ဆေးတွေကလည်း ဆံပင်ကျွတ်စေတဲ့ အကြောင်း အရင်းပါ။ ဓါတုပစ္စည်းပါတဲ့ ဒီလို ပစ္စည်းတွေကို အရမ်းအသုံးပြုလွန်းရင်လည်း ဆံပင် ကျွတ်စေပါတယ်။ တစ်ချို့ Shampoo နဲ့ ပျော့ဆေးတွေမှာဆိုရင် ဆံသားကို ပျက်စီးစေတဲ့ ဓါတု ပစ္စည်းတွေပါတာကို တွေ့ရပါတယ်။ ထို့ကြောင့် ကိုယ့်ဆံပင်နဲ့ အဆင်ပြေတဲ့ Shampoo၊ ပျော့ဆေးကို ရွေးချယ်တတ်ဖို့လိုပါတယ်။

၅. အာဟာရမမြောက်တဲ့ (Junk food) အစားများစားခြင်း

အာဟာရမမြောက်တဲ့ အစားအစာတွေဟာ စားတာများရင် ဆံပင်ကျွတ်၊ ထိပ်ပြောင် တာတွေဖြစ်စေပါတယ်။ ထို့ကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှု ပုံစံလိုပါတယ်။ စားသောက်မှုပုံစံ မမှန်တာတွေက ဆံပင်ကိုပါ ထိခိုက်စေပါတယ်။

တခြားအကြောင်းအရင်းတွေဖြစ်တဲ့ ခန္ဓာကိုယ်မှာ ဟော်မုန်းဓါတ်မ ညီမျှခြင်းကြောင့် ၊ ရာသီဥတုအခြေအနေ ကြောင့်၊ ကျန်းမာရေးကြောင့် ဆေးသောက်နေရရင် အဲ့ဒီဆေးတွေကြောင့်  အစရှိတဲ့ အကြောင်းအရင်းတွေ ကြောင့်လည်း ဆံပင် ကျွတ်တတ်ပါတယ်။

READ - ကော်ဖီကြိုက်သူများ ဘေးထွက်ဆိုးကျိုး ဖြစ်စေနိုင်သော အချက် (၄) ချက်

www.healthproducts.com.mm

Source: shwemom

Read times
Rate this item
(1 Vote)