What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 18 June 2020 09:47

မျက်နှာပေါ်က အမွေးအမှင်တွေက ဖယ်ရှားနိုင်မယ့် နည်းလမ်း ၃ ခု

အလှအပကို မက်မောတဲ့ မိန်းမသားတွေအဖို့ မျက်နှာပေါ်က အမွေးအမှင်တွေဟာ စိတ်ရှုပ်စရာတစ်ခုပါ။ မိန်းကလေးတိုင်းဟာ ပြီးပြည့်စုံတဲ့လှပမှုကို လိုချင်တပ်မက်ပေမဲ့ မျက်နှာပေါ်က အထူးသဖြင့် ပါးသိုင်း၊ နားသွယ်၊ နှုတ်ခမ်းနဲ့ မေးဖျားတစ်ဝိုက်က အမွေးအမှင်တွေဟာ မိန်းမသားတွေရဲ့ နူးညံ့မှုကို နှောင့်ယှက်လို့ နေတတ်ပါတယ်။

ဒီလို စိတ်ရှုပ်စရာအမွေးအမှင်တွေကို အလှအပနဲ့ အသားအရေးပြုပြင်ရေးစင်တာတွေ ၊ ဆေးခန်းတွေဟာ ငွေကုန်ကြေးကျခံ အသားနာခံပြီး ဖယ်ရှားကြရပါတယ်။ လှချင်တာကိုး။

 

ဒီလို မျက်နှာပေါ်က အမွေးအမှင်တွေို့ ပေါက်စေတဲ့အကြောင်းက ဆယ်ကျော်သက်အရွယ်၊ ကိုယ်ဝန်ဆောင်ချိန်နဲ့ သွေးဆုံးချိန်တွေမှာ ဟော်မှန်းမညီမျှတာကြောင့် ဖြစ်ပါတယ်။ ဒီအမွေးအမှင်တွေကို ငွေကုန်ကြေးကျလည်းသက်သာ ဘေးထွက်ဆိုးလည်းမရှိ ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

 

သကြားနဲ့ သံပရိုရှည်

သကြားကို ရှေးဘိုးဘါားလက်ထက်ကတည်းက အမွေးအမှင်တွေ ဖယ်ရှားရာမှာ အသုံးပြုတာတွေရှိခဲ့ပါတယ်။ သကြားဟာ အမွေးအမှင်တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် အသားအရေကြမ်းတမ်းမှုကို လျှော့ကျစေပြီး နူးညံချော်မွတ်စေတဲ့ အစွမ်းရှိပါတယ်။ သံပရိုရည်ကတော့ အရေးပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှာပေးနိုင်တာကြောင့် သကြားခွ့်တစ်ဝက်စာကို သံရိုရည် အနည်းငယ်နဲ့ ရောပြီး စေးပျစ်လာတဲ့အထိ မွှေပေးလို့ အမွေးအမှင်ပေါက်တဲ့နေရာမှာ သုတ်လိမ်းပြီး အခြောက်ခံထားပါ။ ခြောက်သွားတဲ့အခါ လက်ချောင်းလေးနဲ့ အသားပွတ်တိုက်ဖယ်ရှားလိုက်ရုံပါပဲ။ ဒီနည်းနဲ လုပ်ရင် အမွေးအမှင်တွေ သိသိသာသာ လျော့နည်းသွားပြီး နောက်ထပ်ပြန်ပေါက်ဖို့ တစ်လလောက်ကြာမှာပါလည်း ဖြစ်ပါတယ်။

 

နှင်းဆီရည် နဲ့ ကျောက်ချဉ်

ကျောက်ချဉ်ဆိုရင် လူတိုင်းနီးပါး သိမယ်ထင်ပါတယ်။ ကျွန်ုပ်တော့ ငယ်ငယ်က ချိုင်းချွေးနံ့ကင်းဖို့နဲ့ ဖြူဖွေးစေဖို့ ကျောက်ချဉ်ရည်ကို ချိုင်းမှာ သုတ်လိမ်းကြခဲ့ပါတယ်။ အဲဒီကျောက်ချဉ်မှုန့်က အမွေးအမှင်တွေကို ဖယ်ရှားဖို့အတွက်လည်း အသုံးဝင်ပါတယ်။ ကျောက်ချဉ်မှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကို နှင်းဆီရည် ၂ ဇွန်း၊ ၃ ဇွန်းရောထည့်လို့ သေချာနှံ့စပ်အောင်မွှေပါ။ ရလာတဲ့အနှစ်ရည်ကို ဂွမ်းသန့်လုံးလေနဲ့တို့ယူပြီး မျက်နှာအနှံ့ သုတ်လိမ်းပေးပါ။ နာရီဝက်ကြာလို့ ခြောက်သွားရင် နောက်တစ်ကြိမ် ထပ်လိမ်းပါ။ ခြောက်သွားမှာ ရေနဲ့ဆေးချပြီး သံလွင်ဆီ ဒါမှမဟုတ် နှမ်းဆီနဲ့ မျက်နှာကို ပွတ်တိုက်ပေးလိုက်ရင် အမွေးအမှင်တွေ လျော့သွားပြီး ချော့မွေ့တဲ့ အသားအရေကို ရရှိမှာဖြစ်ပါတယ်။ တစ်ပတ်ကို ၃ ကြိမ် ၄ ကြိမ်လုပ်ပေးရင် အမွေးအမှင် ကင်းစေတဲ့ မျက်နှာလှလှလေးကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

 

ကြက်ဥအကာရှည်

အိမ်ရဲ့ မီးဖိုးချောင်ထဲက ကြက်ဥမှာလည်း အမွေးအမှင် ဖယ်ရှားပေးနိုင်တဲ့အစွမ်း ရှိပါတယ်။ ကြက်ဥကို အနှစ်ဖယ် အကာချည်းဘဲ သက်သက်ယူပြီး သကြားတစ်ဇွန်းနဲ့ ပြောင်းဖူးမှုန့်တစ်ဇွန်းထည့်ကော ရောသမ မွှေပါ။ ရလာတဲ့ အနှစ်ရည်ကို မျက်နှာ နေရာအနှံ့သုတ်လိမ်းကာ ကောင်းစွာခြောက်သည်အထိ ထားပါ။ ခြောက်သွားပြီးဆိုရင် ကြက်ဥအနံ့ပျောက်အောင် Apple Cider Vinehar ရောထားတဲ့ရေနဲ့ ချက်ချင်းမျက်နှာသစ်ပေးပါ။ ဒီနည်းက အမွေးအမှင်တွေကို ဖယ်ရှာပေးနိုင်ရုံသာမက ဆဲလ်သေတွေနဲ့ အညစ်အကြေးတွေကိုပါ သန့်စင်ပေးလို့ ကြည်လင်းတဲ့ မျက်နှာအသားအရေကို ရရှိစေမှာ ဖြစ်ပါတယ်။

Health Products Direcotry

Read times
Rate this item
(0 votes)